Saturday, August 1, 2026

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအချို့အတွင်း မြစ်ရေဝင်ရောက်လျက်ရှိ၍ ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။ လက်ရှိအချိန်၌ သံကန်တန်း(၇)၊ ကျောက်ကုန်းရပ်ဓမ္မာ ရုံ၊ ပေတောဘုန်တော်ကြီးကျောင်းနှင့် အောက်ကျောင်းဘုရားဓမ္မာရုံတို့အား ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်းများအဖြစ်ဖွင့်လှစ်ထားကာ...

မြန်မာ-လာအို ချစ်ကြည်ရေးအသင်းမှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင်...

လာအိုနှင့် မြန်မာ တူညီသော ကိုးကွယ်ယုံကြည်မှုများကြား မေတ္တာပွားခြင်း ယနေ့နံနက် (၀၉:၄၅) နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်ဘုရားလမ်းရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၌ မြန်မာ-လာအို...

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လူဦးရေ (၆,၇၄၇)ဦးကိုဘေးလွတ်ရာရွှေ့ပြောင်းပေးထားရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေး ရွာအနီးရှိ ငဝန်ရေကာတာ၏ တာမိုင် ၂၅/၃ ၌ တာကျိုး ပေါက်မှုကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးကို ရေဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ လေးမျက်နှာမြို့မှ...

ငဝန်ရေကာတာ၏ တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို...

သဲဗွက်များဖြစ်ပေါ်မှုကြောင့် ငဝန်ရေကာတာ၏ တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့ရာ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က မှာကြားသည်။ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာကျိုးပေါက်မှုအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို...
HomeMoviesနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး ဂါရဝပြုတွေ့ဆုံ

ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးအတွေ့အကြုံများ အပြန်အလှန်ဖလှယ်ရေး ဆွေးနွေး

နေပြည်တော်၊ ဇူလိုင် ၃၀

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Daba Debele Hunde က ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် နေပြည်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ အဆင့်မြင့်အရာရှိများ အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ တိုးမြှင့်ဆောင်ရွက်ရေး၊ လွှတ်တော်များအချင်းချင်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြည်တွင်းပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုဆိုင်ရာ အတွေ့အကြုံများကို နှစ်နိုင်ငံအကြား အပြန်အလှန်ဖလှယ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့များ အပြန်အလှန် လေ့လာရေးခရီးစဉ်များ စေလွှတ်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ နယ်စပ်ဒေသများ၏ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ပြဿနာများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရေး၊ နိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးနေမှုနှင့် စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း အပါအဝင် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ကူးလူးဆက်ဆံမှုများ တိုးမြှင့်ရေးနှင့် မြန်မာ-အီသီယိုပီးယား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်သွားရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအချို့အတွင်း မြစ်ရေဝင်ရောက်လျက်ရှိ၍ ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။ လက်ရှိအချိန်၌ သံကန်တန်း(၇)၊ ကျောက်ကုန်းရပ်ဓမ္မာ ရုံ၊ ပေတောဘုန်တော်ကြီးကျောင်းနှင့် အောက်ကျောင်းဘုရားဓမ္မာရုံတို့အား ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်းများအဖြစ်ဖွင့်လှစ်ထားကာ ရေဘေးသင့်သူ (၁၉၉)ဦးခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့အား မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဆန်ရိက္ခာဖိုးငွေ၊ မင်းဘူးခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက အိမ်ထောင်စု တစ်စုလျှင် ကြက်ဥ(၁၀)လုံး၊ ရေသန့်(1-Litre)တစ်ကတ်စီတို့ကို ယနေ့ ဇူလိုင် ၃၁ ရက်ကထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရေဘေးရှောင်စခန်းများသို့ ယာယီပြောင်းရွှေ့ နေထိုင်ရန်ကျန်ရှိသည့် ရေဘေးသင့်အိမ်ထောင်စုများကိုလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးငွေများပံ့ပိုးပေးရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ-လာအို ချစ်ကြည်ရေးအသင်းမှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲ အခမ်းအနား ကျင်းပ

လာအိုနှင့် မြန်မာ တူညီသော ကိုးကွယ်ယုံကြည်မှုများကြား မေတ္တာပွားခြင်း ယနေ့နံနက် (၀၉:၄၅) နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်ဘုရားလမ်းရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၌ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမောင် ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ချစ်ကြည်ရေး တရားတော်များ နာယူကြည်ညိုကြပြီး ပြုပြုသမျှ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြပါသည်။ လှူဒါန်းမှုအစုစုအဖြစ် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက...

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လူဦးရေ (၆,၇၄၇)ဦးကိုဘေးလွတ်ရာရွှေ့ပြောင်းပေးထားရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေး ရွာအနီးရှိ ငဝန်ရေကာတာ၏ တာမိုင် ၂၅/၃ ၌ တာကျိုး ပေါက်မှုကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးကို ရေဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ လေးမျက်နှာမြို့မှ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)ရပ် ကွက်များ၊ ညောင်ပင်ဝဲကျေးရွာအုပ်စုရှိ ညောင်ပင်ဝဲ၊ မသဲကုန်း၊ ရွှေကညင်ပင်ကျောင်း၊ သရက်ကန်၊ လေးအိမ်တန်းကျေးရွာများနှင့် သခွတ်ချောင်းကျေးရွာအုပ်စုရှိ ဂျမ်းကုန်း၊ ကျွန်းတဲ၊ ကွမ်းခံကုန်းကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးအား ယာ ယီရေဘေးကယ်ဆယ်ရေးစခန်းအဖြစ်ဖွင့်လှစ်ထားသော လေးမျက်နှာမြို့၊ ဣစ္ဆာသယကျောင်းတိုက်၌ စောင့်ရှောက်ပေးထားကာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ယနေ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071