နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရေး ဆွေးနွေး
နေပြည်တော်၊ ဇူလိုင် ၂၂
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jong Ho Bom က ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကောင်းမွန်လျက်ရှိသည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ကိုရီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မူဝါဒများနှင့် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
