Monday, June 1, 2026

Anhui ပြည်နယ် — သဘာဝအလှ၊...

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Anhui ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း သဘာဝအလှတရားများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ခေတ်မီစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများကို တစ်ပြိုင်နက်တည်း တွေ့မြင်ခွင့်ရခဲ့သည်။ Anhui...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ်...

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra...

​အာရှမြေမှာ ပထမဆုံးခြေလှမ်းစမည့် ဘရာဇီးလ်နောက်ခံလူ Gilmar...

​၎င်းသည် ရန်ကုန်စီးတီးအသင်းအတွက် ပထမဆုံးသော ပြည်ပကစားသမား ခေါ်ယူမှုလည်း ဖြစ်ပြီး၊ Gilmar သည် ဘရာဇီးလ်ပြည်တွင်းကလပ်များဖြစ်သည့် Trem၊ Cordino၊ Moto Club-MA၊...

​ပင်လောင်းမြို့နယ် ငလျင်ဘေးသင့်အိမ် ထောင်စု (၃၈၀)ကျော်ကို...

​အဆိုပါထောက်ပံ့မှုကို မေလ (၂၈) ရက်မှ (၃၀) ရက်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပင်လောင်းမြို့နယ်ရှိကျေးရွာပေါင်း (၄၃)  ရွာနှင့် ရပ်ကွက် (၂) ခုမှ...
HomeMoviesနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu တွေ့ဆုံ

မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပေါ် အိန္ဒိယနိုင်ငံက အပြည့်အဝထောက်ခံအားပေးလျက်ရှိမှုကိုဆွေးနွေး

အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသော နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံသမ္မတ H.E. Smt. Droupadi Murmu နှင့် အိန္ဒိယနိုင်ငံသမ္မတအိမ်တော် ဧည့်ခန်းမ၌ ယနေ့ ဇွန် ၁ ရက်ကတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် လက်ရှိရွေးကောက်ခံအစိုးရ၏ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးအပေါ် အိန္ဒိယနိုင်ငံအနေဖြင့်အပြည့်အဝထောက်ခံအားပေးလျက်ရှိမှု၊ နှစ်နိုင်ငံကြားပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများသတ်မှတ်ကာလအတွင်းပြီးစီးရေးဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုး တက်စေရေး ဆက်လက်ဆောင်ရွက်သွားမည့်အခြေအ နေများ၊ နှစ်နိုင်ငံကြား ယဉ်ကျေးမှုအမွေအနှစ်များ အ ပြန်အလှန် ထိန်းသိမ်းရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံကြား မိတ်ဆွေရင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ အမျိုးသမီးများကဏ္ဍမြှင့်တင်ရေးအတွက် အ တွေ့အကြုံများမျှဝေနိုင်သည့်အခြေအနေများ၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေး နွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိ ယသမ္မတအိမ်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးခဲ့သည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်၊ ဒေါက်တာချာလီသန်း၊ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အိန္ဒိယနိုင်ငံ ဆိုင် ရာမြန်မာနိုင်ငံသံအမတ်ကြီး၊ အိန္ဒိယနိုင်ငံသမ္မတနှင့်အ တူ အန္ဒိယအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင် ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Shri Abhay Thakur နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Anhui ပြည်နယ် — သဘာဝအလှ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုတို့ ပေါင်းစည်းရာဒေသ

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Anhui ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း သဘာဝအလှတရားများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ခေတ်မီစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများကို တစ်ပြိုင်နက်တည်း တွေ့မြင်ခွင့်ရခဲ့သည်။ Anhui ပြည်နယ်၏ Fuyang မြို့သည် စက်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ကိုယ်စားပြုနေသည့် မြို့တစ်မြို့ဖြစ်သည်။ Fuyang Zhigu Industrial Park တွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ နည်းပညာဆန်းသစ်တီထွင်မှုနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးလာနေသည်ကို မြင်တွေ့ရသည်။ Huashiyadi Silk Museum တွင်လည်း တရုတ်နိုင်ငံ၏ ရိုးရာပိုးထည်လုပ်ငန်းသမိုင်းနှင့် ခေတ်မီစက်မှုထုတ်လုပ်ရေးစနစ်တို့ကို ပေါင်းစပ်ထားပုံကို လေ့လာနိုင်ခဲ့သည်။ Shuangqing...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တွေ့ဆုံကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့အပြီးသတ်နိုင်ရေး မြန်မာ-အိ န္ဒိယ နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တို့ ယနေ့ ဇွန် ၁ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Hyderabad House တွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့သည် ကုန်သွယ်ရေးနှင့် စီးပွားရေးအရဆက်ဆံရေး၊ ကာ ကွယ်ရေးနှင့် လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးအကူအညီများနှင့် ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုများအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန်အရေးကြီးကြောင်းကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာ-အိန္ဒိယဆွေးနွေးလျက်ရှိသည့် နားလည် မှုစာချွန်လွှာများ၏...

​အာရှမြေမှာ ပထမဆုံးခြေလှမ်းစမည့် ဘရာဇီးလ်နောက်ခံလူ Gilmar ကို ရန်ကုန်စီးတီး ခေါ်ယူ​​မြန်မာနေရှင်နယ်လိဂ် (MNL)သို့ တက်လှမ်းလာသည့် တန်းတက်ကလပ် ရန်ကုန်စီးတီးအသင်း (Yangon City FC) သည် လာမည့်ရာသီသစ်အတွက် အသင်း၏ ခံစစ်ပိုင်းကို အားဖြည့်ရန် ဘရာဇီးလ်နိုင်ငံသား ဗဟိုနောက်ခံလူ Gilmar Rodrigues de...

​၎င်းသည် ရန်ကုန်စီးတီးအသင်းအတွက် ပထမဆုံးသော ပြည်ပကစားသမား ခေါ်ယူမှုလည်း ဖြစ်ပြီး၊ Gilmar သည် ဘရာဇီးလ်ပြည်တွင်းကလပ်များဖြစ်သည့် Trem၊ Cordino၊ Moto Club-MA၊ Decisão FC နှင့် Miramar EC အစရှိသည့်အသင်းများတွင်ကျင်လည်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက် စုစုပေါင်း (၈၆) ပွဲ ကစားကာ (၁၂) ဂိုး အထိ သွင်းယူထားနိုင်သည့် နောက်ခံလူတစ်ဦးဖြစ် သည်။ ​ယခု ရန်ကုန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခြင်းသည် ၎င်း၏ ကစားသမားဘဝတွင် အာရှဒေသသို့ပထမဆုံးအကြိမ်လာ ရောက်ကစားခြင်းလည်း ဖြစ်သည်။ ​​ရန်ကုန်စီးတီးအသင်းသည် လာမည့်ရာသီ MNL...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071