Saturday, September 12, 2026

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံမှ နေပြည်တော်သို့...

စီရမ်ရိ၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂ ရက် ဒေသစံတော်ချိန်...

ကမ္ဘာကျော်အမွေအနှစ် ရှေးဟောင်းဘာသာရေးအဆောက်အအုံဖြစ်သော “အန်ကောဝပ်” ကျောင်းတော်ကို...

ဆီရမ်ရိ၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂...

နာဂျစ်၏ လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားမှု ဆုံးဖြတ်ချက် မလေးရှားဘုရင်...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ်၏ ပြစ်ဒ-ဏ်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားချက်အသစ်အပေါ် ဆုံးဖြတ်မည့်အစီအစဉ်ကို မလေးရှားဘုရင် ဆူလ်တန် အီဘရာဟင်မ်က သောကြာနေ့တွင် ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ သောကြာနေ့က ကျင်းပသည့်...
HomeNewsLocal Newsနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စီရမ်ရိပြည်နယ်ရှိ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် စီရမ်ရိပြည်နယ်ရှိ ဘာယွန်ဘုရားကျောင်းသို့ သွားရောက်ကြည့်ရှုလေ့လာ

စီရမ်ရိ၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စီရမ်ရိပြည်နယ်ရှိ ကမ္ဘာ့အမွေအနှစ် အန်ကောဒေသအတွင်းရှိ ဘာယွန်ဘုရားကျောင်း (Bayon Temple) သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ နိုင်ငံတော်သမ္မတသည် ဘာယွန်ဘုရားကျောင်းအတွင်းရှိ ရှေးဟောင်းဗိသုကာလက်ရာများနှင့် ကျောက်ဆစ်လက်ရာများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး ဘုရားကျောင်းအား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများကို လေ့လာခဲ့သည်။ ဘာယွန်ဘုရားကျောင်း ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို UNESCO/Japanese Funds-in-Trust for the Preservation of World Cultural Heritage အစီအစဉ်အောက်တွင် ဂျပန်အစိုးရ၏ ပံ့ပိုးမှုဖြင့် Japan and APSARA Safeguarding Angkor (JASA) က ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းကာလကို ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ သတ်မှတ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

စီရမ်ရိ၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် စီရမ်ရိမြို့ရှိ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ နိုင်ငံတော်သမ္မတအား Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးစဉ်တာဝန်ခံဝန်ကြီး၊ စီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး၊ တော်ဝင်ဘုရင့်နန်းတော်ရေးရာဝန်ကြီးဌာနမှ ကိုယ်စားလှယ်၊ အထက်လွှတ်တော်မှ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီးနှင့် သံတမန်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း...

ကမ္ဘာကျော်အမွေအနှစ် ရှေးဟောင်းဘာသာရေးအဆောက်အအုံဖြစ်သော “အန်ကောဝပ်” ကျောင်းတော်ကို မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

ဆီရမ်ရိ၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် ဆီရမ်ရိပြည်နယ်ရှိ ကမ္ဘာ့အမွေအနှစ် အန်ကောဒေသအတွင်းမှ ကမ္ဘာကျော် အန်ကောဝပ်ကျောင်းတော်သို့ သွားရောက်လေ့လာခဲ့သည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် အန်ကောဝပ်ကျောင်းတော်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများ၊ ခမာဗိသုကာလက်ရာများ၊ ကျောက်ဆစ်ပန်းပုနှင့် နံရံပန်းချီ၊ ရုပ်ကြွလက်ရာများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ထားရှိမှု အခြေအနေများကိုလည်း လေ့လာခဲ့သည်။ အန်ကောဝပ်ကျောင်းတော်သည် ခမာဘုရင် Suryavarman II လက်ထက် ၁၂ ရာစုအစောပိုင်းတွင် တည်ဆောက်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071