Friday, September 11, 2026

ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲ တည်ခင်းသည့် ဂုဏ်ပြုနေ့လည်စာစားပွဲသို့...

ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ...

စပါးခွံမီးသွေး ထုတ်လုပ်သည့် နည်းပညာများ ပြန့်ပွားရေး...

နေပြည်တော်၊ စက်တင်ဘာ ၁၁ မြေဆီလွှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာအခြေပြု တောင်သူတစ်ပိုင်တစ်နိုင် နည်းလမ်းများနှင့် စီးပွားဖြစ် ဇီဝမီးသွေး (Biochar) ထုတ်လုပ်သည့် နည်းလမ်းများဖြင့် စပါးခွံမီးသွေး...

မူးယစ်အမှုဖြင့် ထိုင်းနိုင်ငံက အလိုရှိသည့် တရားခံပြေး...

တာချီလိတ်၊ စက်တင်ဘာ ၁၁ ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးပြစ်မှု ကျူးလွန်ပြီး မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့၌ ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်းနိုင်ငံက အလိုရှိတရားခံပြေး ၃ ဦးကို မြန်မာနိုင်ငံအတွင်း...

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် နိုင်ငံတကာခရီးစဉ်များ ယာယီဆိုင်းငံ့၊ ပြည်တွင်းခရီးစဉ်အချို့...

မန္တလေး၊ စက်တင်ဘာ ၁၁ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည့်နှင့် ယင်းလေဆိပ်မှ ထွက်ခွာမည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအားလုံးကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မီအထိ ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) က...
HomeNewsLocal Newsနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင် တွေ့ဆုံဆွေးနွေး

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဘုရင် မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ကိုယ်စား ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်တို့သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော် (Solidarity Palace)၊ Polear Thipadei Hall ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရများအကြား၊ လွှတ်တော်များအကြားနှင့် ပြည်သူအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် အခြားကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးနှင့်စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲ တည်ခင်းသည့် ဂုဏ်ပြုနေ့လည်စာစားပွဲသို့ နိုင်ငံတော်သမ္မတ တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လည်စာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်း နှင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ကမ္ဘောဒီးယားဘက်မှ တာဝန်ရှိသူများသည်...

စပါးခွံမီးသွေး ထုတ်လုပ်သည့် နည်းပညာများ ပြန့်ပွားရေး ဝိုင်းဝန်းဆောင်ရွက်ရန် ဒုတိယဝန်ကြီး တိုက်တွန်း

နေပြည်တော်၊ စက်တင်ဘာ ၁၁ မြေဆီလွှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာအခြေပြု တောင်သူတစ်ပိုင်တစ်နိုင် နည်းလမ်းများနှင့် စီးပွားဖြစ် ဇီဝမီးသွေး (Biochar) ထုတ်လုပ်သည့် နည်းလမ်းများဖြင့် စပါးခွံမီးသွေး ထုတ်လုပ်သည့် နည်းပညာများ ပြန့်ပွားလာစေရေး ဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက တိုက်တွန်းပြောကြားသည်။ စက်တင်ဘာ ၁၀ ရက်က ကျင်းပသည့် “မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဇီဝမီးသွေး အသုံးပြုခြင်း” ခေါင်းစဉ်ဖြင့် တောင်သူနည်းပညာပေး ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ရေရှည်တည်တံ့ခိုင်မြဲသည့် မြေဆီလွှာပြုပြင်ရေး အစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန်...

မူးယစ်အမှုဖြင့် ထိုင်းနိုင်ငံက အလိုရှိသည့် တရားခံပြေး ၃ ဦးကို တာချီလိတ်တွင် ဖမ်းမိ၊ ထိုင်းနိုင်ငံသို့ လွှဲပြောင်း

တာချီလိတ်၊ စက်တင်ဘာ ၁၁ ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးပြစ်မှု ကျူးလွန်ပြီး မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့၌ ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်းနိုင်ငံက အလိုရှိတရားခံပြေး ၃ ဦးကို မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာ ၁၀ ရက်တွင် ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါ တရားခံပြေး ၃ ဦးမှာ Mr. Boy Lueansiri၊ Ms. Kulapom Makvemal နှင့် Mrs. Chonlanat (ခ) Budsanee Insuwan တို့ဖြစ်သည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071