နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဒီဇင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံရွေးကောက်ပွဲကို လာရောက်လေ့လာခဲ့သည့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool အားလက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဥ် ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌအနေဖြင့် မြန်မာ နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပခဲ့မှုကို နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့်အတူလေ့လာခဲ့မှု၊ မဲဆန္ဒရှင်များအနေဖြင့် လွတ်လပ်တက်ကြွစွာ ဆန္ဒမဲများပေးနေမှုကိုမျက်မြင်တွေ့ရှိခဲ့ရမှု၊ ရွေးကောက်ပွဲမှတစ်ဆင့် အရည်အချင်းရှိသည့် ကိုယ်စားလှယ်များ ထွက်ပေါ်လာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ရွေးကောက်ပွဲကျင်းပရန်ကျန်ရှိနေသည့် မြို့ နယ်များအား အပိုင်းအလိုက်ဆက်လက်ကျင်းပပြုလုပ်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများ၊ နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ကာကွယ်ရေးကဏ္ဍ၊ စီပွားရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ဥပဒေရေးရာက ဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍနှင့် လွှတ်တော်ချင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုများဆက်လက်မြှင့်တင်ရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတနှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အ ဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာကံဇော်နှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော် ဒု-ဥက္ကဋ္ဌနှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။