Friday, September 4, 2026

ငမိုးရိပ်တမံ ရေပိုလွှဲမှ ရေ ၂...

ရန်ကုန်၊ စက်တင်ဘာ ၄ ယနေ့ စက်တင်ဘာ ၄ ရက် နံနက် ၆ နာရီ တိုင်းတာချက်များအရ ငမိုးရိပ်နှင့် ရေကူတမံများတွင် လွန်ခဲ့သည့်...

နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နိုင်ငံတော်သမ္မတ...

နေပြည်တော်၊ စက်တင်ဘာ ၄ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ...

အမြန်လမ်းတွင် (၃)ရက်ဆက်တိုက် ယာဥ်မတော်တဆမှုများဖြစ် (၂)ဦး‌ေ-သဆုံး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက် တင်ဘာ ၃ ရက်၊ စက်တင်ဘာ ၂ ရက်နှင့် စက်တင်ဘာ ၁ ရက်တို့က (၃)ရက်ဆက်တိုက်...

သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုရှိ မင်္ဂလာဈေးအား အသစ်ဆောက်လုပ်မည်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အောင်စည်းခုံဘုရားလမ်းရှိ မင်္ဂလာ‌ဈေးအားအသစ်ဆောက်လုပ်မည်ဖြစ်ရာ စက်တင်ဘာ ၁ ရက်နံ နက်ပိုင်းတွင် ရန်ကုန်မြို့တော်ဝန်ဦးမျိုးမြင့်အောင်နှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
HomeMoviesနိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် အရှိန်အဟုန်မြှင့်...

နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊စက်တင်ဘာ ၄

နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် အရှိန်အဟုန်မြှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောသည်။

လူကုန်ကူးမှုပြဿနာသည် အဆိုးရွားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လူသားမျိုးနွယ်စု တစ်ခုလုံး၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့ဂုဏ်သိက္ခာကို ကြီးမားစွာ ထိပါးဖျက်ဆီးနေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်သတ်မှတ်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း လည်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောကြားခဲ့သည်။

ယမန်နေ့က ကျင်းပသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၁/၂၀၂၆)တွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

လူကုန်ကူးမှုကျူးလွန်သူများကို ထိရောက်ပြင်းထန်သော ပြစ်ဒဏ်ချမှတ်နိုင်ရန် ဥပဒေနှင့်အညီ ခိုင်လုံသောအထောက်အထားများဖြင့် တရားစွဲဆို တင်ပို့လျက်ရှိပြီး လူကုန်ကူးခံရသူများ၊ သက်သေများ၏လုံခြုံမှုကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေးအတွက် လိုအပ်သည့်အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း လည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ နယ်စပ်ဒေသများမှတစ်ဆင့် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိလာပြီး အခက်အခဲမျိုးစုံ ကြုံတွေ့နေရသည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံရှိသံရုံးများနှင့် ရဲဆက်သွယ်ရေးလမ်းကြောင်းများ ဖြစ်သည့် အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ အင်တာပိုလ်၏ National Central Bureau(NCB)လမ်းကြောင်းများမှ တစ်ဆင့် အကူအညီတောင်းခံလာမှုများနှင့် ပတ်သက်၍ ကယ်တင်ရရှိသူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

အလားတူ ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအနက် လူကုန် ကူးခံရနိုင်ခြေရှိသော ထိခိုက်လွယ်အုပ်စုများကို စိစစ်ဖော်ထုတ်ပြီး တိုက်ရိုက်အကူအညီပေးခြင်း၊ ပြန်လည်ခေါ်ယူခြင်း၊ မိဘရပ်ထံ ပြန်လည်ပို့ဆောင်ပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်း လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်းလည်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငမိုးရိပ်တမံ ရေပိုလွှဲမှ ရေ ၂ ဒသမ ၂ ပေ ကျော်လွန်နေ

ရန်ကုန်၊ စက်တင်ဘာ ၄ ယနေ့ စက်တင်ဘာ ၄ ရက် နံနက် ၆ နာရီ တိုင်းတာချက်များအရ ငမိုးရိပ်နှင့် ရေကူတမံများတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရေစုဆောင်းရရှိမှု အခြေအနေများမှာ ငမိုးရိပ်တမံတွင် ၁၄၀၀ ဧကပေ၊ မဟူရာတမံတွင် ၂၈၅ ဧကပေနှင့် ပေါင်းလင်း တမံတွင် ၁၂၀၇ ဧကပေ အသီးသီး ရှိခဲ့ကြောင်း ငမိုးရိပ်ဆည်၏ အသိပေးချက်အရ သိရသည်။ လက်ရှိ ငမိုးရိပ်တမံတွင် ရေပိုလွှဲမှ ရေ ၂ ဒသမ ၂ ပေ၊...

နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် ထွက်ခွာ

နေပြည်တော်၊ စက်တင်ဘာ ၄ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ စက်တင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် စတင်ထွက်ခွာခဲ့သည်။ အဆိုပါခရီးစဉ်သည် ဗီယက်နမ်နိုင်ငံသမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ ဦးဆောင်သည့် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်...

အမြန်လမ်းတွင် (၃)ရက်ဆက်တိုက် ယာဥ်မတော်တဆမှုများဖြစ် (၂)ဦး‌ေ-သဆုံး (၂၂)ဦးဒ-ဏ်ရာရခဲ့

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက် တင်ဘာ ၃ ရက်၊ စက်တင်ဘာ ၂ ရက်နှင့် စက်တင်ဘာ ၁ ရက်တို့က (၃)ရက်ဆက်တိုက် ယာဥ်မတော်တဆမှုများဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာ ၃ ရက်နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၂/၀ တွင် ကုန်တင်ကားတစ်စီး ရှေ့ညာဘက်ဘီးပေါက်ပြီးအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကိုဖြတ်ကာ တစ်ဖက်ယာဥ်ကြောပေါ်၌ရောက်ရှိရပ်တန့်ခဲ့​ကာ ဖြစ်စဥ်ကြောင့် ထိခိုက်ဒ-ဏ်ရာရသူမရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာ ၂ ရက်မွန်းလွဲ ၂ နာရီခန့်ကလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071