ငလျင်ဘေးဒ-ဏ်သင့်ပြည်သူများထံ နိုင်ငံတကာမှကူညီသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများနှင့် ဆေးဝါးများကိုဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ငလျင်လှုပ်ခတ်ခဲ့သည့် မတ်လ(၂၈) ရက်မှ ယနေ့အထိ လှူဒါန်းပစ္စည်းများဖြန့်ခွဲပေးပို့မှု စုစုပေါင်းမှာ မန္တလေးတိုင်းဒေသကြီးသို့ မော်တော်ယာဉ် (၇၀) စီး၊ စစ်ကိုင်းတိုင်းဒေသကြီးသို့ မော်တော်ယာဉ် (၃၄)စီး၊ ရှမ်းပြည်နယ်တောင်ပိုင်းသို့ မော်တော်ယာဉ် (၁၄) စီး၊ စုစုပေါင်းမော်တော်ယာဉ် (၁၁၈) စီးဖြင့် စုစုပေါင်းတန်ချိန် (၂,၄၃၆)ခန့်ဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာက ဖော်ပြထားသည်။
လက်ရှိ၌လည်း ဇွန်လ (၂၆) ရက်မှ ဩဂုတ်လ (၂၀) ရက်အတွင်းပေးပို့လှူဒါန်းလာသော Sleeping Bags၊ စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ဆေးနှင့် ဆေးပစ္စည်းများကို ဘေးသင့်လူဦးရေ အချိုးအစားအပေါ် မူတည်၍ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်သို့ ဖြန့်ခွဲပေးပို့ခဲ့ပြီး အမိုးသွပ် (၂၅,၅၅၆)ချပ်နှင့် ခေါင်အုပ်သွပ် (၃,၃၃၄) ချပ်တို့ကို မန္တလေးတိုင်းဒေသကြီးအတွင်း ဘာသာရေးအဆောက်အဦး၊ ဘုန်းကြီးကျောင်းနှင့် သာသနိကအဆောက်အဦးများပြုပြင်နိုင်ရေး မန္တလေးတိုင်းဒေသကြီးသို့ပေးပို့ခဲ့သည်ဟု သိရသည်။
