Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeInternationalနိုင်ငံစုံဝါဒဖြင့်ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှု တိုးတက်စေရန် SCOအဖွဲ့ဝင်များအား...

နိုင်ငံစုံဝါဒဖြင့်ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှု တိုးတက်စေရန် SCOအဖွဲ့ဝင်များအား သမ္မတရှီ တိုက်တွန်း

နိုင်ငံစုံဝါဒဖြင့်ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှု တိုးတက်စေရန် SCOအဖွဲ့ဝင်များအား သမ္မတရှီ တိုက်တွန်း

နိုင်ငံတကာ အခင်းအကျင်းတွင် မငြိမ်မသက်ဖြစ်နေ​သော အပြောင်းအလဲများကြားမှာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ နိုင်ငံတွေကို စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းစေဖို့ သမ္မတ ရှီကျင့်ဖျင်က စစ်မှန်​သော နိုင်ငံပေါင်းစုံ ဝါဒကို လက်ကိုင်ပြုပြီး နိုင်ငံတကာ စည်းလုံးညီညွတ်မှု၊မျှတမှုရှိစေဖို့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးကို မြှင့်တင်ဖို့ အတူတကွ လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်သည်။

ရှီသည် သောကြာနေ့က Uzbekistan နိုင်ငံ Samarkand တွင်ကျင်းပသည့် SCOနိုင်ငံ့​ခေါင်း​ဆောင်များကောင်စီ၏ ၂၂ ကြိမ်မြောက်အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာတွင်  အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေး၊တည်ငြိမ်ပြီး ကွဲပြားသော ပို့​ဆောင်ရေးကွင်းဆက်များနှင့် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ခြင်းဆိုင်ရာ ကြေညာချက်လေးခုကို​ပြောကြား ခဲ့သည်။

 ပြင်ပအင်အားစုများ၏ “အရောင်တော်လှန်ရေး” များဖြင့်လှုံ့ဆော်ရန်ကြိုးပမ်းမှုများကို သတိပြုရန်၊ မည်သည့်အကြောင်းကြောင့်မဆို အခြားနိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကာ ကျွန်ုပ်တို့၏အနာဂတ်ကို ကျွန်ုပ်တို့၏ကိုယ်ပိုင်လက်ထဲတွင် အခိုင်အမာ ဆုပ်ကိုင်ထားသင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

“ဒေသတွင်း နိုင်ငံအားလုံးမှ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော ဘဝများ ပေးဆောင်ရေးသည် ကျွန်ုပ်တို့၏ တူညီသော ရည်မှန်းချက်ဖြစ်သည်” ဟု ရှီကျင့်ဖျင်က ပြောကြားပြီး

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအား အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီဖြင့် စပါးနှင့် အခြားကုန်စည် ယွမ် ၁.၅ ဘီလီယံ (ဒေါ်လာ ၂၁၄ သန်း) ပေးမည်ဖြစ်ကြောင်း၊SCO အဖွဲ့ဝင်နိုင်ငံများအတွက် လမ်းပြမြေပုံကို အကောင် အထည်ဖော်ရန်၊ ဒေသသုံးငွေကြေးဆိုင်ရာ ရှယ်ယာများကို ချဲ့ထွင်ရန်၊ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုနှင့် ပြည်တွင်းငွေကြေးစနစ် ပိုမိုကောင်းမွန်အောင်  SCO ဖွံ့ဖြိုးတိုးတက်ရေးဘဏ် တည်ထောင်ရန်၊ဘုံဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွက် China-SCO Big Data Cooperation Center ကို တည်ထောင်မည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

လာမည့်သုံးနှစ်အတွင်း တရုတ်နိုင်ငံသည် SCO အဖွဲ့ဝင်နိုင်ငံများတွင် အခမဲ့ အတွင်းတိမ် ခွဲစိတ်မှုပေါင်း ၂၀၀၀ ကို လုပ်ဆောင်ပြီး ၎င်းတို့အတွက် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်သင်ကြားရေး အခွင့်အလမ်း ၅၀၀၀ ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Source:ChinaDaily

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071