ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက်ရှိ သံဆူးကြိုးများနှင့် အခြားအတားအဆီးများကိုဖယ်ရှားရန် နှစ်နိုင်ငံစလုံးက သဘောတူညီထားသည်ဟု ကမ္ဘောဒီးယားနိုင်ငံ၏ ပြောကြားချက်များကိုပယ်ချကြောင်း သောကြာနေ့ည အနှောင်းပိုင်းတွင် ထိုင်းနိုင်ငံ၏ အမှတ် ၂ စစ်တိုင်းဒေသက ရှင်းလင်းချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ကမ္ဘောဒီးယားစစ်ဒေသ ၅ မှ သြဂုတ်လ ၂၂ ရက် နေ့က ကျင်းပသော အထူးဒေသနယ်ခြားကော်မတီ (RBC) အစည်းအဝေးတွင် ညှိနှိုင်းမှုများပြုလုပ်ခဲ့ရာ ဆူးကြိုးများဖြိုခွဲခြင်း၊ လွှင့်ပစ်ထားသည့် ယာဉ်တာယာများနှင့် အခြား အတားအဆီးများ ကင်းစင်ရေးဆိုင်ရာလုပ်ငန်းများဆွေးနွေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း ကမ္ဘောဒီးယားစစ်ဒေသ ၅ ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယား၏ အဆိုအရ အဆိုပါ လှုပ်ရှားမှုသည် ထိခိုက်ခံစားရသော နယ်စပ်ရပ်ရွာများကို ကူညီရန်၊ နေရပ်စွန့်ခွာသူများ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးနှင့် တင်းမာမှုများကြောင့် ဖြစ်ပေါ်သည့် အခက်အခဲများကို လျော့ပါးသက်သာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
သို့သော်လည်း ထိုင်း အမှတ် ၂ စစ်တိုင်းဒေသက ယင်းကဲ့သို့ သဘောတူညီခဲ့ခြင်းမရှိဟု ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
အထက်ဖော်ပြပါ သတင်းထုတ်ပြန်ချက်သည် ကော်မတီနှင့် ၎င်း၏ အတွင်းရေးမှူးများ အပါအဝင် နှစ်ဖက်လုံးက သဘောတူထားသည့် စာရွက်စာတမ်းများတွင် မပါဝင်သည့် တစ်ဖက်သတ် တောင်းဆိုချက်ဖြစ်သည်” ဟု တိုင်းမှူးက ပြောသည်။ RBC အစည်းအဝေး၏ ကမ္ဘောဒီးယား ပူးတွဲဥက္ကဌလည်းဖြစ်သည့် ကမ္ဘောဒီးယားဘုရင့်တပ်မတော်၏ ဒုတိယတပ်မှူးနှင့် အမှန် ၅ စစ်ဒေသ ကွပ်ကဲရေးမှူး၏ မိန့်ခွန်းတွင် ၎င်းအချက်များသည် ထင်ရှားပါသည်။
ကမ္ဘောဒီးယားဘက်မှ ဆူးကြိုးနှင့် အခြားအတားအဆီးများ ဖယ်ရှားရေးကိစ္စရပ်ကို ကမ္ဘောဒီးယားနိုင်ငံမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးကြောင်း ထိုင်း၏သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ မည်သို့ပင်ဆိုစေကာမူ ထိုင်းနိုင်ငံအနေဖြင့် အဆိုပါအကြောင်းအရာကို တရားဝင်သဘောတူခဲ့ခြင်းမဟုတ်သကဲ့သို့ တရားဝင်မှတ်တမ်းများတွင်လည်း ထည့်သွင်းစဉ်းစားခြင်းမရှိကြောင်း အခိုင်အမာပြောကြားခဲ့သည်။
အဆင့်မြင့် ဖိုရမ်များ၌ ယခုကဲ့ သို့သော ကိစ္စများကို ဆွေးနွေးသင့်ကြောင်း ထိုင်းအာဏာပိုင်များက အလေးပေး ပြောကြားခဲ့သည်။
“တုံ့ပြန်ချက်အနေနဲ့ RBC အစည်းအဝေးရဲ့ ထိုင်းပူးတွဲဥက္ကဌက တရားဝင်အစည်းဝေးမှတ်တမ်းတွေမှာ မပါဝင်တဲ့ကိစ္စရပ်တွေကို အထွေထွေနယ်စပ်ကော်မတီ (GBC) အစည်းအဝေးမှာ ဆွေးနွေးတင်ပြသင့်တယ်လို့ ပူးတွဲနယ်နိမိတ်ကော်မရှင် (JBC) က ဆက်လက်ပြောဆိုခဲ့ပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: ခမာတိုင်းမ်စ်
