Saturday, June 6, 2026

ပြည်သူဗဟိုပြု ဘင်းမ်စတက်အသိုက်အဝန်း တည်ဆောက်ရန် နိုင်ငံတော်သမ္မတ...

ဘင်းမ်စတက် (BIMSTEC) ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တည်ထောင်ခြင်း (၂၉) နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လက်ရှိမျိုးဆက်နှင့်...

ရန်ကုန်ဆေးရုံကြီးတွင် ရုပ်အလောင်းထုတ်ယူရာ၌ ငွေမတရားတောင်းခံမှု ပပျောက်ရေး...

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသူများ၏ ရုပ်အလောင်းများ ထုတ်ယူသယ်ဆောင်ရာ၌ တရားမဝင် ငွေကြေးတောင်းခံမှုများနှင့် ငွေမတရားတောင်းခံမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဇွန် ၅...

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေး၊...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးရောက်ရှိနေစဉ် ဇွန် ၅...

အိန္ဒိယရောက် မြန်မာသံဃာတော်နှင့် သီလရှင် (၆၃)...

အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာသံဃာတော်နှင့် သီလရှင်များအား အားပေးထောက်ပံ့သည့်အနေဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မိသားစုက ဇွန် ၅ ရက်တွင် နေ့ဆွမ်းနှင့်...
HomeNewsLocal Newsနယ်စပ်တောင်တန်းသာသနာပြုလုပ်ငန်းများကိုပံ့ပိုးပေးကြစေလိုဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော်မိန့်ကြား

နယ်စပ်တောင်တန်းသာသနာပြုလုပ်ငန်းများကိုပံ့ပိုးပေးကြစေလိုဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော်မိန့်ကြား

တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် မိမိတို့စွမ်းအားရှိသမျှ နယ်စပ်တောင်တန်းသာသနာပြုလုပ်ငန်းများကိုပံ့ပိုးပေးကြစေလိုဟု ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ ဒု-ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုစိတ္တက မိန့်ကြားတော်မူသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်မွန်းလွဲပိုင်းက ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၈)ရပ်ကွက်ရှိ ဇမ္ဗူသီရိဗိမာန်တော်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့်တာဝန်ရှိသူများ၏ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ထံမှ သြဝါဒခံယူပွဲအခမ်းအနားတွင် မိန့်ကြားတော်မူခဲ့ခြင်းဖြစ်သည်။

သာသနာပြုသည့်နေရာတွင် အချိန်အခါကို စောင့်ဆိုင်းခြင်း၊ စည်းရုံးရေးအားကောင်းခြင်း၊ အနစ်နာခံနိုင်ခြင်းတို့သည် အလွန်လိုအပ်၍ သင်ခန်းစာယူကြရမည်ဖြစ်ကာ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် မိမိတို့စွမ်းအားရှိသမျှ နယ်စပ်တောင်တန်းသာသနာပြုလုပ်ငန်းများကို ပံ့ပိုးပေးကြစေလိုသည်ဟု တိုက်တွန်းမိန့်ကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ကြွရောက်တော်မူလာကြသည့် ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အခမ်းအနားသို့ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါ ဒါစရိယအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တကုမာရအ မှူးပြုသည့် ထေရဝါဒဗုဒ္ဓသာသနာပြု ဩဝါဒါစ ရိယအဖွဲ့ဆရာတော်ကြီး(၁၀)ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်သူဗဟိုပြု ဘင်းမ်စတက်အသိုက်အဝန်း တည်ဆောက်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ဘင်းမ်စတက် (BIMSTEC) ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် တည်ထောင်ခြင်း (၂၉) နှစ်မြောက် အထိမ်းအမှတ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လက်ရှိမျိုးဆက်နှင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် ပိုမိုကြံ့ခိုင်ပြီး တက်ကြွကာ ပြည်သူဗဟိုပြုသော ဘင်းမ်စတက်အသိုက်အဝန်းတစ်ရပ်ကို အတူတကွ တည်ဆောက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ဇွန် ၆ ရက်တွင် ကျရောက်သည့် ဘင်းမ်စတက်အထိမ်းအမှတ်နေ့သည် ဒေသတွင်းရှိ ကြီးမားသည့် အလားအလာများနှင့် ယင်းအလားအလာများကို အကောင်အထည်ဖော်ရာတွင် ညီညွတ်မှု၏ အရေးပါပုံကို ပြန်လည်သတိပြုစေသည့် အခါသမယဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ထို့ပြင် ဘင်းမ်စတက်အဖွဲ့သည် (၂၉)...

ရန်ကုန်ဆေးရုံကြီးတွင် ရုပ်အလောင်းထုတ်ယူရာ၌ ငွေမတရားတောင်းခံမှု ပပျောက်ရေး စီမံဆောင်ရွက်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသူများ၏ ရုပ်အလောင်းများ ထုတ်ယူသယ်ဆောင်ရာ၌ တရားမဝင် ငွေကြေးတောင်းခံမှုများနှင့် ငွေမတရားတောင်းခံမှုများ လျော့နည်းပပျောက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဇွန် ၅ ရက်တွင် ထုတ်ပြန်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန် ၁ ရက်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ပရဟိတအသင်းအဖွဲ့များမှ ကိုယ်စားလှယ် စုစုပေါင်း ၅၅ ဦးခန့် တက်ရောက်သည့် ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် ရုပ်အလောင်းတင်ယာဉ်နှင့် လူနာတင်ယာဉ်များကို အခမဲ့ သို့မဟုတ် သင့်တင့်မျှတသောနှုန်းထားဖြင့် ပို့ဆောင်ပေးနိုင်မည့် ပရဟိတအသင်းများ၏...

မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ တိုးမြှင့်ရေး ဆွေးနွေး၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား တရုတ်က ဆက်လက်ထောက်ခံမည်ဟု ဝမ်ယိ ပြောကြား

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ တရားဝင်ခရီးရောက်ရှိနေစဉ် ဇွန် ၅ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ကျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးမှုအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရေး၊ “အေးအတူ ပူအမျှ အသိုက်အဝန်း” တည်ဆောက်ရေး၊ နှစ်နိုင်ငံအကြား လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးနှင့် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071