Monday, December 15, 2025

ဘရောင်းတက္ကသိုလ်ပ-စ်ခတ်မှုတွင် လူနှစ်ဦး‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန်ပြောကြား

အမေရိကန် ရုတ်ဒ်အိုင်းလန်းပြည်နယ်ရှိ ဘရောင်းတက္ကသိုလ် (Brown University) ကျောင်းဝင်းအတွင်း စနေနေ့တွင် ဖြစ်ပွားခဲ့သော ပ-စ်ခတ်မှု၌ လူနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန် Brett...

မက်ဆီ၏အိန္ဒိယခရီးစဉ် ရုပ်ပျ-က်ဆင်းပျ-က်ဖြစ်၊ ဒေါသထွက်နေသော ပရိသတ်များက...

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ၏ စနေနေ့က အိန္ဒိယခရီးစဉ်သည် ရုပ်ပျ-က်ဆင်းပျ-က်ဖြင့် စတင်ခဲ့ပြီး ပရိသတ်များက အရာဝတ္ထု့များနှင့် ပ-စ်ပေါက်ခြင်း၊ ထိုင်ခုံများကို ရို-က်ချိုးဖျ-က်ဆီးခြင်းနှင့် Salt Lake...

ထိုင်းနှင့် နယ်စပ်အဝင်အထွက်အားလုံးကို ကမ္ဘောဒီးယားကဆိုင်းငံ့

ထိုင်းနိုင်ငံနှင့် နယ်စပ်အဝင်အထွက်အားလုံးကို နောက်ထပ်ကြေညာချက် တစုံတရာမထုတ်ပြန်မချင်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အရပ်သားများ ‌ေ-သကြေထိခိုက်ခဲ့ပြီး လူနေဧရိယာများနှင့် အခြေခံအဆောက်အဦးများကို မခွဲခြားဘဲ...

မင်းလက်ပံဖြစ်စဉ်သည် KNU ၏ ဟန်ပြလုပ်ကွက်ဖြစ်ဟု...

"မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ...
HomeInternationalနန်စီ ထိုင်ဝမ်သွား ရောက်မှုသည်အချုပ်အခြာအာဏာကို...

နန်စီ ထိုင်ဝမ်သွား ရောက်မှုသည်အချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် ထိပါးခြင်းဖြစ်ဟု တရုတ် ပြော

နန်စီ ထိုင်ဝမ်သွား ရောက်မှုသည်အချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် ထိပါးခြင်းဖြစ်ဟု တရုတ် ပြော

တိုင်ပေ၊ ဩဂုတ် ၂ ရက်

အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီပေလိုသည် အာရှခရီးစဉ်အဖြစ် ထိုင်ဝမ်သို့ ဩဂုတ်လ ၂ ရက် အင်္ဂါနေ့ည တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

၎င်းခရီးစဉ်သည် နန်စီပေလိုစီအား ၂၅ နှစ်အတွင်း ထိုင်ဝမ်ကျွန်းပေါ်သို့ ပြန်လည် ခြေချေနိုင်ခဲ့သည့် အမေရိကန်၏ ရာထူးအမြင့်ဆုံး အရာရှိတစ်ဦး ဖြစ်လာစေသည်။

အသက် ၈၂ နှစ် ရှိပြီဖြစ်သော နန်စီ၏ ထိုင်ပေမြို့ ဆောင်းရှန်လေဆိပ်သို့ အမေရိကန်လေယာဉ်ဖြင့် ဆိုက်ရောက်လာမှုကို ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ကြိုဆိုခဲ့သည်ဟု သိရသည်။

ပေလိုစီက ၎င်းကိုယ်စားလှယ်အဖွဲ၏ အဆိုပါခရီးစဉ်သည် ထိုင်ဝမ်၏ တက်ကြွသော ဒီမိုကရေစီကို ပံ့ပိုးပေးရန် အမေရိကန်က ကတိကဝတ်ပြုထားသည်ကို ယိမ်းယိုင်မှုမရှိဘဲ စောင့်ထိန်းခြင်းဖြစ်ကြောင်း တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

ထိုင်ဝမ်၏ လက်ရှိအနေအထားကို ပြောင်းလဲရန် တစ်ဖက်သက်ကြိုးစားနေသည်များကို အမေရိကသည်ဆန့်ကျင်ကြောင်း ၎င်းက ဆက်လက် ရေးသားခဲ့သည်။

ကျွန်မတို့၏ ခရီးစဉ်သည် ထိုင်ဝမ်သို့ စေလွှတ်သည့် ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့များစွာထဲမှ တစ်ခုဖြစ်ပြီး ၎င်းသည် ၁၉၇၉ ခုနှစ် ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေ၊ အမေရိကန်-တရုတ် ပူးတွဲ တရားဝင်ကြေညာချက်နှင့် အာမခံချက်ခြောက်ချက် တို့မှ လမ်းညွှန်ထားသော အမေရိကန်မူဝါဒနှင့်မဆန့်ကျင်ကြောင်း ပေလိုစီ နှင့် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ဝင်များက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထိုင်ဝမ်ခရီးစဉ်သည် ၎င်းတို့ကိုယ်စားလှယ်အဖွဲ့က စီစဉ်ထားသော စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ပါ ပါဝင်သည့် အင်ဒို-ပစိဖိတ်ဒေသ ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းခရီးစဉ်သည် နှစ်ဦးနှစ်ဖက် လုံခြုံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဒီမိုကရေစီအုပ်ချုပ်ရေး တို့ကို အဓိကထားကာ ဆွေးနွေးရန်အတွက် ဖြစ်ကြောင်း သိရသည်။

ထိုင်ဝမ်ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများတွင် လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသတွင် ဆက်ဆံရေး တိုးမြှင့်ခြင်း၊ မိမိတို့၏ မိတ်ဖက်ဖြစ်သော ထိုင်ဝမ်အတွက် ထောက်ခံမှုကို ထပ်မံအတည်ပြုခြင်းနှင့် နှစ်ဦးနှစ်ဖက်၏ ဘုံအကျိုးစီးပွားများကို မြှင့်တင်ခြင်း စသည်ကိစ္စရပ်များအပေါ် အာရုံစိုက်သွားမည် ကြောင်း ပေလိုစီက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

နန်စီ၏ ခရီးစဉ်နှင့် ပတ်သက်၍ တရုတ်က ထိုင်ဝမ်ရှိ အမေရိက၏ အဆိုပါ လုပ်ရပ်သည် အလွန်အန္တရာယ်များကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ခရီးစဉ်သည် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာ ထိခိုက်စေပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုတို့ကို ပြင်းထန်စွာ ထိပါးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖော်ပြထားသည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘရောင်းတက္ကသိုလ်ပ-စ်ခတ်မှုတွင် လူနှစ်ဦး‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန်ပြောကြား

အမေရိကန် ရုတ်ဒ်အိုင်းလန်းပြည်နယ်ရှိ ဘရောင်းတက္ကသိုလ် (Brown University) ကျောင်းဝင်းအတွင်း စနေနေ့တွင် ဖြစ်ပွားခဲ့သော ပ-စ်ခတ်မှု၌ လူနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း ပရိုဗီဒင့်စ်မြို့တော်ဝန် Brett Smiley က ပြောကြားသည်။ "ယခုမွန်းလွဲပိုင်းတွင် လူနှစ်ဦး ‌ေ-သဆုံးသွားကြောင်းနှင့် နောက်ထပ် ရှစ်ဦးမှာလည်း အရေးပေါ်အခြေအနေတွင် ရှိနေကြောင်း ကျွန်ုပ် အတည်ပြုနိုင်သည်" ဟု Fox News မှ ထုတ်လွှင့်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သူကပြောကြားခဲ့ခြင်းဖြစ်သည်။

မက်ဆီ၏အိန္ဒိယခရီးစဉ် ရုပ်ပျ-က်ဆင်းပျ-က်ဖြစ်၊ ဒေါသထွက်နေသော ပရိသတ်များက ကစားကွင်းကို ဖျ-က်ဆီး

အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ၏ စနေနေ့က အိန္ဒိယခရီးစဉ်သည် ရုပ်ပျ-က်ဆင်းပျ-က်ဖြင့် စတင်ခဲ့ပြီး ပရိသတ်များက အရာဝတ္ထု့များနှင့် ပ-စ်ပေါက်ခြင်း၊ ထိုင်ခုံများကို ရို-က်ချိုးဖျ-က်ဆီးခြင်းနှင့် Salt Lake အားကစားကွင်း၏ ဘောလုံးကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းများလုပ်ခဲ့ကြသည်။ လက်မှတ်ရောင်းချသော ယင်းပွဲအခမ်းအနားတွင် မက်ဆီသည် အချိန်ခဏသာရှိခဲ့သဖြင့် ယခုဖြစ်ရပ်များပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပွဲ၏ အဓိကစီစဉ်သူဖြစ်သော ဆာတာဒရူ ဒွတ်တာကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း အနောက်ဘင်ဂေါရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရာဂျစ်ဗ် ကူးမားက ပြောကြားခဲ့သည်။ မက်ဆီသည် အားကစားကွင်းအတွင်း ၄၅ မိနစ်ကြာရှိနေရန် စီစဉ်ထားသော်လည်း သူသည်...

ထိုင်းနှင့် နယ်စပ်အဝင်အထွက်အားလုံးကို ကမ္ဘောဒီးယားကဆိုင်းငံ့

ထိုင်းနိုင်ငံနှင့် နယ်စပ်အဝင်အထွက်အားလုံးကို နောက်ထပ်ကြေညာချက် တစုံတရာမထုတ်ပြန်မချင်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အရပ်သားများ ‌ေ-သကြေထိခိုက်ခဲ့ပြီး လူနေဧရိယာများနှင့် အခြေခံအဆောက်အဦးများကို မခွဲခြားဘဲ ထိုင်းနိုင်ငံဘက်မှတို-က်ခိုက်ကာ ကမ္ဘောဒီးယားနိုင်ငံ၏ အချုပ်အခြာအာဏာကို ကျူးကျော်ရန်စသည့် လုပ်ရပ်များကြောင့် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံတွင် လက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေသော ကမ္ဘောဒီးယားနိုင်ငံသားများအနေဖြင့် ပုံမှန်အတိုင်း ဆက်လက်နေထိုင်လုပ်ကိုင်ကြရန် အကြံပြုထားသည်။ အလားတူပင် ကမ္ဘောဒီးယားနိုင်ငံတွင် လက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသားများအနေဖြင့်လည်း အပ-စ်အခတ်ရပ်စဲရေးရသည်အထိ ကမ္ဘောဒီးယားတွင် ပုံမှန်အတိုင်း ဆက်လက်နေထိုင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071