Saturday, September 12, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုနေ့လယ်စာဖြင့်...

ဆီရမ်ရိ၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ စက်တင်ဘာ ၁၂...

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူးက လာရောက်ဂါရဝပြုတွေ့ဆုံ

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့သို့ရောက်ရှိနေသော မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Prak Sophoan က ယနေ့ စက်တင်ဘာ ၁၂ ရက်နံနက်ပိုင်းတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဆီရမ်ရိမြို့ Siem...

ဆီရမ်ရိ၊ စက်တင်ဘာ ၁၂ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့ရှိ Siem Reap...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဖနောင်ပင်မြို့မှ ဆီရမ်ရိမြို့သို့...

ဖနောင်ပင်၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင်...
HomeNewsLocal Newsဓာတ်ဆီဈေးတက်လာပြီး ဒီဇယ်တစ်လီတာ ကျပ်...

ဓာတ်ဆီဈေးတက်လာပြီး ဒီဇယ်တစ်လီတာ ကျပ် ၉၀ ကျဆင်း

ရန်ကုန်၊ စက်တင်ဘာ ၁၁

ကမ္ဘာ့ရေနံဈေးမှာ ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၃ ဝန်းကျင်အထိ မြင့်တက်လာပြီး ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများတွင် ဓာတ်ဆီဈေး မြင့်တက်လာသော်လည်း ဒီဇယ်ဈေးမှာ တစ်လီတာလျှင် ကျပ် ၉၀ ကျဆင်းခဲ့ကြောင်း သိရသည်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့၌ တစ်လီတာလျှင် 92 Ron ဓာတ်ဆီ ၃,၈၂၅ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀ ကျပ်၊ ဒီဇယ် (HSD 500 ppm) ၄,၁၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) ၅,၀၅၀ ကျပ် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းများမှာ စက်တင်ဘာ ၁၇ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။

ယခုတစ်ပတ် ရည်ညွှန်းဈေးနှုန်းများကို ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၁၁၅ ကျပ်နှင့် 95 Ron ဓာတ်ဆီ တစ်လီတာလျှင် ၁၃၅ ကျပ် မြင့်တက်လာပြီး ဒီဇယ်နှင့် ပရီမီယံဒီဇယ်မှာ တစ်လီတာလျှင် ကျပ် ၉၀ စီ ကျဆင်းခဲ့သည်။

စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက်၍ ထုတ်ပြန်ပေးလျက်ရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းနှင့် ဈေးနှုန်းမမှန်ကန်ခြင်းများရှိပါက ကော်မတီ၏ ဖုန်းနံပါတ် ၀၁-၄၀၀၃၉၇၃ နှင့် ၀၉-၂၅၄၅၂၅၄၇၇ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ

ဆီရမ်ရိ၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ စက်တင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတွင် ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Prak Sophoan က ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူးက လာရောက်ဂါရဝပြုတွေ့ဆုံ

ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့သို့ရောက်ရှိနေသော မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Prak Sophoan က ယနေ့ စက်တင်ဘာ ၁၂ ရက်နံနက်ပိုင်းတွင် Sofitel Angkor Phokeethra Golf & Spa Resort ၌လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံစဥ် မြန်မာနိုင်ငံနှင့် ဆီရမ်ရိမြို့တို့ကြား စီးပွားရေးကဏ္ဍအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင် ရွက်မှုများပြုလုပ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဆီရမ်ရိမြို့ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ

ဆီရမ်ရိ၊ စက်တင်ဘာ ၁၂ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့ရှိ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။ နိုင်ငံတော်သမ္မတအား လေဆိပ်၌ ဆီရမ်ရိပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. PRAK Sophoan နှင့် ကမ္ဘောဒီးယား တော်ဝင်ဘုရင့်နန်းတော်ရေးရာနှင့် အထက်လွှတ်တော်မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071