ထိုင်းနိုင်ငံ၊ ဓမ္မကာယကျောင်းတိုက်တွင် လာမည့် ဧပြီ ၂၂ ရက်တွင် ကျောင်းပေါင်း(၄၀,၀၀၀)အား မဟာသံဃဒါနလှူဒါန်းပွဲကြီးကိုကျင်းပသွားမည်ဖြစ်၍ လှူဒါန်းမည့်ပစ္စည်းများအား နေရာချကုသိုလ်ယူခြင်းများကို သံဃာ တော်များနှင့် စေတနာ့ဝန်ထမ်းများက ဝေယျာဝစ္စကု သိုလ်အဖြစ်ဆောင်ရွက်တော်မူလျက်ရှိသည်။
အဆိုပါ မဟာသံဃဒါနလှူဒါန်းပွဲကြီး၌ တက်ရောက်ကုသိုလ်ယူရန် မြန်မာနိုင်ငံမှ ဆရာကြီးဒေါ်ရူပသိင်္ဂီ ဦးဆောင်သောသီလရှင် ဆရာကြီး/ဆရာလေးများ၊ တော်ဝင်မာတာဖောင်ဒေးရှင်းမှ သီလရှင်ဆရာကြီးများ၊ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်၏ တနင်္လာသန့်ရှင်းရေးအသင်းမှ ဒေါ်တင်တင်ဦးဆောင်သော သူငယ်ချင်းများအဖွဲ့တို့ ဧပြီ ၁၈ ရက်က ဓမ္မကာယကျောင်းတိုက်ကြီးသို့ ရောက်ရှိခဲ့ကြသည်။
ထို့ပြင် ထိုင်းနိုင်ငံအတွင်းမှ မြန်မာနိုင်ငံသား တိုင်းရင်း သားညီအကိုမောင်နှမများအနေဖြင့်လည်း မဟာသံဃဒါနလှူဒါန်းပွဲကြီးတွင် ဝေယျာဝေစ္စကုသိုလ်ယူနိုင်သည်ဟုလည်း ဖိတ်ခေါ်ထားသည်။
