Tuesday, June 30, 2026

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ပါက တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို...

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ပါက မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ယနေ့ (ဇွန် ၃၀ ရက်)...

အလင်းဝင်သူများကို Blacklist မသွင်းထား၊ လက်နက်ကိုင်အဖွဲ့အားလုံးနှင့်...

အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူများကို Blacklist စာရင်းတွင် ထည့်သွင်းထားခြင်းမရှိကြောင်းနှင့် NCA လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ မရေးထိုးထားသည်ဖြစ်စေ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့်...

သုဝဏ္ဏဘူမိလေဆိပ်တွင် လေယာဉ်လက်မှတ်အတုကြောင့် ပိတ်မိခဲ့သည့် မြန်မာအမျိုးသမီးကို...

အိုမန်မှ မြန်မာသို့ပြန်လာစဉ် Transit ခရီးစဉ်အတွင်း လက်မှတ်အတုဖြစ်နေ၍ အခက်အခဲကြုံတွေ့ခဲ့ အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ (Suvarnabhumi) အပြည်ပြည်ဆိုင်ရာလေဆိပ်...

ရက်(၁၀၀) စီမံချက်တွင် ပညာရေးကဏ္ဍကို ဦးစားပေးအကောင်အထည်ဖော်နေဟု...

အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အတွင်း ပညာရေးကဏ္ဍကို အဓိကဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများရှိ ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပညာရေးအရည်အသွေး မြှင့်တင်ရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း...
HomeMoviesဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိဟု...

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

ယနေ့ (ဇွန် ၃၀ ရက်) နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာ၌ ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်နေပါတယ်။ ဘာမှပြဿနာမရှိပါဘူး။ အပြည့်အဝကောင်းမွန်နေပါတယ်။ ဆေးစစ်မှုတွေကိုလည်း ပုံမှန်ပြုလုပ်နေပါတယ်” ဟု ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်အား အာဆီယံ၏ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ဒေါက်တာခိုင်ခိုင်စိုးက ဒေါ်အောင်ဆန်းစုကြည်သည် တရားရုံး၏ အမိန့်အရ ပြစ်ဒဏ်ကျခံနေရသူဖြစ်သဖြင့် ဥပဒေနှင့်အညီ ပြစ်ဒဏ်ကျခံပြီးနောက်တွင်သာ တွေ့ဆုံခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ပါက တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ပါက မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ယနေ့ (ဇွန် ၃၀ ရက်) နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရာတွင် ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခိုင်ခိုင်စိုး၏ ပြောကြားချက်အရ ဧရာဝတီမြစ်ဆုံဒေသတွင် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်မည့် နေရာ (၇) နေရာရှိပြီး၊ ယင်းတို့အနက် မြစ်ဆုံနှင့် အနီးဆုံးဖြစ်သည့် ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းတစ်ခုတည်းမှပင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၅,၆၀၀) အထိ...

အလင်းဝင်သူများကို Blacklist မသွင်းထား၊ လက်နက်ကိုင်အဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တံခါးဖွင့်ထားဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး ပြောကြား

အလင်းဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူများကို Blacklist စာရင်းတွင် ထည့်သွင်းထားခြင်းမရှိကြောင်းနှင့် NCA လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ မရေးထိုးထားသည်ဖြစ်စေ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရအနေဖြင့် တံခါးဖွင့်ထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ယနေ့ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး၌ အစိုးရသစ်လက်ထက် ပထမဆုံးကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရာ၌ ယင်းသို့ ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခိုင်ခိုင်စိုး၏ ပြောကြားချက်အရ Blacklist စာရင်းတွင်...

သုဝဏ္ဏဘူမိလေဆိပ်တွင် လေယာဉ်လက်မှတ်အတုကြောင့် ပိတ်မိခဲ့သည့် မြန်မာအမျိုးသမီးကို အလုပ်သမားသံအရာရှိရုံး ကူညီပြန်လည်ပို့ဆောင်

အိုမန်မှ မြန်မာသို့ပြန်လာစဉ် Transit ခရီးစဉ်အတွင်း လက်မှတ်အတုဖြစ်နေ၍ အခက်အခဲကြုံတွေ့ခဲ့ အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ (Suvarnabhumi) အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် လေယာဉ်လက်မှတ်အတုဖြစ်နေသဖြင့် ပိတ်မိခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦးအား ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက အရေးပေါ်ကူညီဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ မြန်မာနိုင်ငံသူ ဒေါ်စောနန်းကြည်သည် အိုမန်နိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လာရာတွင် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်၌ Transit ဖြင့် စောင့်ဆိုင်းနေစဉ် ရန်ကုန်သို့ ဆက်လက်ထွက်ခွာမည့် လေယာဉ်လက်မှတ်မှာ အတုဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071