Home Movies ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံမှုကို မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အလုပ်ဖြစ်ကြောင်း ပြသသည့် လက္ခဏာအဖြစ် ထိုင်းဝန်ကြီးချုပ် ကိုးကားပြောကြား

ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံမှုကို မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ အလုပ်ဖြစ်ကြောင်း ပြသသည့် လက္ခဏာအဖြစ် ထိုင်းဝန်ကြီးချုပ် ကိုးကားပြောကြား

0
89

ဒေါ်အောင်ဆန်းစုကြည်ထံ မကြာသေးမီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီသွားရောက်တွေ့ဆုံခဲ့မှုသည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အာဆီယံ၏ “အခြေအနေပေါ် မူတည်၍ ပြန်လည်ထိတွေ့ဆက်ဆံခြင်း” (Calibrated Re-engagement) မူဝါဒမှာ လမ်းကြောင်းမှန်သို့ ဦးတည်နေကြောင်း ပြသနေသည်ဟု ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ် (Anutin Charnvirakul) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဂျာကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ပြောကြားရာ၌ အနုတင်က အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်အပေါ် ထိုင်းနိုင်ငံ၏ ထောက်ခံမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး ထိရောက်သော တိုးတက်မှုများ ရရှိရန်အတွက် ဆက်လက်ဆွေးနွေးမှုနှင့် ထိတွေ့ဆက်ဆံမှုများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ငြိမ်းချမ်းပြီး တည်ငြိမ်သော မြန်မာနိုင်ငံသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် ဒေသတွင်း တည်ငြိမ်ရေး နှစ်ခုလုံးအတွက် မရှိမဖြစ် လိုအပ်ကြောင်းလည်း ဆိုသည်။

အနုတင်သည် ၁၇ နှစ်တာကာလအတွင်း ထိုင်းဝန်ကြီးချုပ်တစ်ဦးအနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ပထမဆုံးအကြိမ် ပြောကြားသည့် မိန့်ခွန်းတွင် အာဆီယံအတွက် ထိုင်းနိုင်ငံ၏ မျှော်မှန်းချက်ကို ထုတ်ဖော်ပြောဆိုစဉ် ဤသို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။ ပထဝီနိုင်ငံရေး၊ စီးပွားရေးနှင့် နည်းပညာဆိုင်ရာ စိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်သည့် ပိုမိုခိုင်မာ၍ ကြံ့ကြံ့ခံနိုင်သော၊ ပြည်သူကို ဗဟိုပြုသော အာဆီယံဖြစ်လာစေရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here