Monday, August 3, 2026

ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀)...

ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့...

သီရိလင်္ကာတွင် ထောင်တွင်းအဓိကရုဏ်းဖြစ်၍ စစ်တပ်ချထားရ

သီရိလင်္ကာနိုင်ငံရှိ ထောင်သားများပြည့်သိပ်ကျပ်ညပ်နေသော အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားတစ်ဦး ‌ေ-သဆုံးပြီး ခြောက်ဦးဒ-ဏ်ရာရရှိခဲ့သည့် အဓိကရုဏ်းများဖြစ်ပွားမှုကို ထိန်းချုပ်ရန် သြဂုတ်လ ၂ ရက်နေ့တွင် စစ်သားရာပေါင်းများစွာနှင့် ထိပ်တန်းကွန်မန်ဒိုများကို...

တရုတ် ကန်စုပြည်နယ် ရေကြီး မြေပြိုမှုတွင်...

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလျှံမှုများအတွင်း ‌ေ-သဆုံးသူဦးရေသည် ၂၅ ဦးအထိ ရှိလာကာ ဒ-ဏ်ရာရရှိသူ ၂၃ ဦးရှိကြောင်း...

ပါကစ္စတန်မှာ တောင်ပြိုကျ၊ နီပေါ ၆...

ပါကစ္စတန်နိုင်ငံ၏ ၈,၀၅၁ မီတာမြင့်သော Broad Peak တောင်တွင် ဇူလိုင်လ ၃၀ ရက် နေ့ နံနက်ပိုင်းက ကြီးမားသော နှင်းထုပြိုကျမှုဖြစ်ပွားခဲ့ပြီး...
HomeNewsLocal Newsဒေါက်တာဇော်မြင့်မောင်အမှု စွဲချက်အမိန့်ချရန် လာမည့်...

ဒေါက်တာဇော်မြင့်မောင်အမှု စွဲချက်အမိန့်ချရန် လာမည့် ရုံးချိန်းတွင် နှစ်ဘက်လျှောက်လဲမည်။

(Unicode)

ဒေါက်တာဇော်မြင့်မောင်အမှု စွဲချက်အမိန့်ချရန် လာမည့် ရုံးချိန်းတွင် နှစ်ဘက်လျှောက်လဲမည်

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား မဲသမာမှုပြုလုပ်သည်ဆိုကာ စွဲဆိုထားသောအမှုတစ်ခုအတွက် လာမည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် စွဲချက်တင်သင့် မသင့်အမိန့်ချမှတ်ရန် နှစ်ဘက်ရှေ့နေများလျှောက်လဲချက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုမှာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်တရားရုံးက ရွေးကောက်ပွဲဆိုင်ရာသီးခြားပြဋ္ဌာန်းထားသော မဲမသမာမှု ပုဒ်မ ၁၃၀-ကဖြင့်
ဒေါက်တာဇော်မြင့်မောင်အား တရားစွဲဆိုထားသည့် အမှုဖြစ်သည်။

အမှုအတွက် ယမန်နေ့ (ဖေဖော်ဝါရီ ၁၆) ရက်နံနက်ပိုင်းက အိုးဘိုအကျဉ်းထောင်တွင်း သီးသန့်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားလို
ပြသက်သေ မြင်းခြံရွေးကောက်ပွဲကော်မရှင်မှ ဦးစီးအရာရှိတစ်ဦးက လာရောက်သက်သေထွက်ဆိုခဲ့ကြောင်း သိရသည်။

” အမှုအတွက် တရားလိုပြသက်သေ စစ်ဆေးဖို့ ဒါဟာ နောက်ဆုံးကျန်နေတဲ့ တစ်ယောက်ပါ။ လာမယ့် ရုံးချိန်မှာတော့ အမှုအတွက် စွဲချက်တင်သင့် မသင့် နှစ်ဘက်ရှေ့နေတွေ လျှောက်လဲကြမှာပါ။ အလားတူပုဒ်မ တစ်ခုရှိပါသေးတယ်။ အဲ့ဒီဟာက အမရပူရမြို့နယ်ကနေစွဲဆိုထားတဲ့ အမှုပါ။ သူကတော့ စွဲချက်အမိန့် ချပြီးပါပြီ” ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ဒေါက်တာဇော်မြင့်မောင်အား အလားတူပုဒ်မဖြင့် အမရပူရမြို့နယ်တရားရုံးက တရားစွဲဆိုထားပြီး၊ စွဲချက်အမိန့် ချမှတ်သည့်အခါတွင် ပုဒ်မ၁၃၀-က အစား ၁၇၁(စ) ပုဒ်မဖြင့် ပြောင်းလဲချမှတ်ခဲ့ကြောင်း ဆိုသည်။ ယင်းအမှုအတွက်လည်း ဖေဖော်ဝါရီ ၂၃ ရက်သို့ ပြန်လည်ချိန်းဆိုထားသည်။

လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင်အနေဖြင့် အိုးဘိုအကျဉ်းထောင်တွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)အမှုနှင့် သဘာဝဘေးပုဒ်မ ၂၅/၃၀(က)တိုဖြင့် ထောင်ဒဏ် လေးနှစ်ချမှတ်ခံထားရသည်။ ၄င်းအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် စွဲဆိုထားသော အမှု ငါးမှု နှင့် မဲမသာမှု ပုဒ်မဖြင့် စွဲဆိုထားသော အမှု စုစုပေါင်း အမှုခုနှစ်မှု တရားရင်ဆိုင်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။

(Zawgyi)

ေဒါက္တာေဇာ္ျမင့္ေမာင္အမႈ စြဲခ်က္အမိန႔္ခ်ရန္ လာမည့္ ႐ုံးခ်ိန္းတြင္ ႏွစ္ဘက္ေလွ်ာက္လဲမည္

မႏၲေလးတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာေဇာ္ျမင့္ေမာင္အား မဲသမာမႈျပဳလုပ္သည္ဆိုကာ စြဲဆိုထားေသာအမႈတစ္ခုအတြက္ လာမည့္ ေဖေဖာ္ဝါရီ ၂၃ ရက္တြင္ စြဲခ်က္တင္သင့္ မသင့္အမိန႔္ခ်မွတ္ရန္ ႏွစ္ဘက္ေရွ႕ေနမ်ားေလွ်ာက္လဲခ်က္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အမႈမွာ မႏၲေလးတိုင္းေဒသႀကီး ေအာင္ေျမသာစံၿမိဳ႕နယ္တရား႐ုံးက ေ႐ြးေကာက္ပြဲဆိုင္ရာသီးျခားျပ႒ာန္းထားေသာ မဲမသမာမႈ ပုဒ္မ ၁၃၀-ကျဖင့္
ေဒါက္တာေဇာ္ျမင့္ေမာင္အား တရားစြဲဆိုထားသည့္ အမႈျဖစ္သည္။

အမႈအတြက္ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၁၆) ရက္နံနက္ပိုင္းက အိုးဘိုအက်ဥ္းေထာင္တြင္း သီးသန႔္တရား႐ုံးတြင္ ႐ုံးထုတ္စစ္ေဆးခဲ့ရာ တရားလို
ျပသက္ေသ ျမင္းၿခံေ႐ြးေကာက္ပြဲေကာ္မရွင္မွ ဦးစီးအရာရွိတစ္ဦးက လာေရာက္သက္ေသထြက္ဆိုခဲ့ေၾကာင္း သိရသည္။

” အမႈအတြက္ တရားလိုျပသက္ေသ စစ္ေဆးဖို႔ ဒါဟာ ေနာက္ဆုံးက်န္ေနတဲ့ တစ္ေယာက္ပါ။ လာမယ့္ ႐ုံးခ်ိန္မွာေတာ့ အမႈအတြက္ စြဲခ်က္တင္သင့္ မသင့္ ႏွစ္ဘက္ေရွ႕ေနေတြ ေလွ်ာက္လဲၾကမွာပါ။ အလားတူပုဒ္မ တစ္ခုရွိပါေသးတယ္။ အဲ့ဒီဟာက အမရပူရၿမိဳ႕နယ္ကေနစြဲဆိုထားတဲ့ အမႈပါ။ သူကေတာ့ စြဲခ်က္အမိန႔္ ခ်ၿပီးပါၿပီ” ဟု ေရွ႕ေနအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတစ္ဦးက ဆိုသည္။

ေဒါက္တာေဇာ္ျမင့္ေမာင္အား အလားတူပုဒ္မျဖင့္ အမရပူရၿမိဳ႕နယ္တရား႐ုံးက တရားစြဲဆိုထားၿပီး၊ စြဲခ်က္အမိန႔္ ခ်မွတ္သည့္အခါတြင္ ပုဒ္မ၁၃၀-က အစား ၁၇၁(စ) ပုဒ္မျဖင့္ ေျပာင္းလဲခ်မွတ္ခဲ့ေၾကာင္း ဆိုသည္။ ယင္းအမႈအတြက္လည္း ေဖေဖာ္ဝါရီ ၂၃ ရက္သို႔ ျပန္လည္ခ်ိန္းဆိုထားသည္။

လက္ရွိတြင္ ေဒါက္တာေဇာ္ျမင့္ေမာင္အေနျဖင့္ အိုးဘိုအက်ဥ္းေထာင္တြင္ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅(ခ)အမႈႏွင့္ သဘာဝေဘးပုဒ္မ ၂၅/၃၀(က)တိုျဖင့္ ေထာင္ဒဏ္ ေလးႏွစ္ခ်မွတ္ခံထားရသည္။ ၄င္းအေနျဖင့္ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မျဖင့္ စြဲဆိုထားေသာ အမႈ ငါးမႈ ႏွင့္ မဲမသာမႈ ပုဒ္မျဖင့္ စြဲဆိုထားေသာ အမႈ စုစုေပါင္း အမႈခုႏွစ္မႈ တရားရင္ဆိုင္ရန္ က်န္ရွိေနေသးေၾကာင္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်

ယခု ဩဂုတ်လတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၆၀) စင်းဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရသည်။ ကုန်သွယ်မှု လုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၄၀၂) စင်းဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း စုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်သည်။ ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်းကောင်း၊...

သီရိလင်္ကာတွင် ထောင်တွင်းအဓိကရုဏ်းဖြစ်၍ စစ်တပ်ချထားရ

သီရိလင်္ကာနိုင်ငံရှိ ထောင်သားများပြည့်သိပ်ကျပ်ညပ်နေသော အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားတစ်ဦး ‌ေ-သဆုံးပြီး ခြောက်ဦးဒ-ဏ်ရာရရှိခဲ့သည့် အဓိကရုဏ်းများဖြစ်ပွားမှုကို ထိန်းချုပ်ရန် သြဂုတ်လ ၂ ရက်နေ့တွင် စစ်သားရာပေါင်းများစွာနှင့် ထိပ်တန်းကွန်မန်ဒိုများကို ဖြန့်ကြက်ချထားခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။         မြို့တော်ကိုလံဘိုအပြင်ဘက်ရှိ မဟာရာထောင်တွင် အကျဉ်းသာများသည်  အဆောက်အအုံများစွာကို ဖျ-က်ဆီးခဲ့ပြီး လက်ရှိတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဒုတိယရဲချုပ် ဆန်ဂျီဝါ မီဒွာတီက ပြောကြားခဲ့သည်။         တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ထိန်းသိမ်းပြီး အကျဉ်းသားများကို ၎င်းတို့အချုပ်ခန်းများသို့ ပြန်ပို့ရန် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အထူးစစ်ဆင်ရေးတပ်ဖွဲ့ ကွန်မန်ဒိုများကို အင်အားဖြည့်တင်းခဲ့ကြောင်း မီဒွာတီက ထောင်အပြင်ဘက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။        ၂၀၂၀...

တရုတ် ကန်စုပြည်နယ် ရေကြီး မြေပြိုမှုတွင် ‌ေ-သဆုံးသူဦးရေ တိုးလာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်စုပြည်နယ်တွင် ပြီးခဲ့သည့် သီတင်းပတ်က ရေကြီးရေလျှံမှုများအတွင်း ‌ေ-သဆုံးသူဦးရေသည် ၂၅ ဦးအထိ ရှိလာကာ ဒ-ဏ်ရာရရှိသူ ၂၃ ဦးရှိကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့ပြီး အစောပိုင်းက သတင်းထုတ်ပြန်ထားသည့် ‌ေ-သဆုံးသူ ဦးရေထက် မြင့်တက်လာခြင်းဖြစ်သည်။        ဇူလိုင်လ ၂၆ ရက်နေ့က ကန်စုပြည်နယ် တင်းရှီမြို့ရှိ Weiyuan ကောင်တီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၀ ဦး ‌ေ-သဆုံးခဲ့ကြောင်း ကနဦးသတင်းများတွင် ဖော်ပြခဲ့သည်။       စုံစမ်းစစ်ဆေးမှုများနှင့် အကဲဖြတ်တွက်ချက်မှုများလုပ်ရန် ကန်စုပြည်နယ်အာဏာပိုင်များက နိုင်ငံတော် သဘာဝဘေးကာကွယ်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071