နစက ၏ အကြံပေး ဒေါက် တာဇော်ဦးသည် မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာသည်။
ဒေါက်တာဇော်ဦးကို ပြီးခဲ့သည့် မေလ (၄) ရက်ကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၁၉) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ခြင်းလည်း ဖြစ်သည်။
ထိုသို့ ခန့်အပ်ခြင်းကို နစက၏ မေ (၃၀) ရက်က ထုတ်ပြန်သည့် မြန်မာနိုင်ငံပြန်တမ်းတွင်လည်း ဖော်ပြထားသည်။
နစက ၏အကြံပေးပုဂ္ဂိုလ်နှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) အဖွဲ့၏ ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် ဒေါက်တာဇော်ဦးသည် လက်ရှိတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ အပါအဝင် (၆)ဦးဖြင့် ဖွဲ့စည်းထားသော ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့၌ (၇)ဦး မြောက်အဖွဲ့ဝင် ဖြစ်လာခဲ့သ ည်။
ဒေါက်တာ ဇော်ဦးသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သမ္မတဟောင်း ဦးသိန်းစိန်၏ စီးပွားရေး အကြံပေးအဖြစ်လည်း ဆောင်ရွက်ခဲ့သည့် စီးပွါးရေးပညာရှင်တဦးလည်း ဖြစ်ခဲ့သည်။
