Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeCelebrities' Newsဒါရိုက်တာအောင်ဗပါဝါကွယ်လွန်

ဒါရိုက်တာအောင်ဗပါဝါကွယ်လွန်

ဒါရိုက်တာအောင်ဗပါဝါဟာ ဒီကနေ့ဇူလိုင်လ ၃၀ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ ဒါရိုက်တာအောင်ဗပါဝါ ကွယ်လွန်တာ နဲ့ပတ်သက်ပြီး စိတ်မကောင်း ဝမ်းနည်းရကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“သားမငိုဘူးဆရာ

သားမှာဆရာနဲ့တသက်စာအမှတ်တရတွေရှိတယ်
သားဆရာက်ိုတကယ်ချစ်တာဆရာသိတယ်

သားရဲ့ ပထမဆုံး သရုပ်ဆောင်အဖြစ်ရိုက်ခဲ့တဲ့
#မှော်ပလ္လင် ဇာတ်လမ်းတွဲကိုဆရာရိုက်ပေးခဲ့တယ်

#စိတ် ဆိုတဲ့ မှော်ပလ္လင် ဇာတ်ဝင်တေးသီချင်း
အတူတူဖန်တီးခဲ့တယ်

ပထမဆုံးဆိုတော့လိုမှာဆိုးလို့ ဘယ်လိုသရုပ်ဆောင်ရမလည်း လုပ်ရမလည်းမေးတိုင်း
#စကြာ ဇာတ်ကောင်ကမင်းနဲ့တကယ်တပုံစံတည်းဘာအိုက်တင်မှလုပ်မနေနဲ့တဲ့ ဆရာအမြဲပြောတယ်

ဆရာနောက်ဆုံးအခုရိုက်ခဲ့တဲ့
#မကြေးစည် ဇာတ်လမ်းတွဲအတွက် ဇာတ်ဝင်တေး သားဆရာကို သွင်းပေးခဲ့တယ်
ဆရာနားထောင်သွားပြီး အရမ်းအားရနေခဲ့တာ

ဆရာ နားချင်ပြီမြန်မြန်သွင်းပေးပါကွာတဲ့
တရားကျင့်ဖို့ထွက်တော့မှာတဲ့လေ

အခုတော့အပြီးကိုထွက်သွားပြီ

ဒီနေ့မနက်
သားဆရာကို အားရှိအောင်ကိုယ်တိုင်ဝယ်ပြီး
ကြက်သံပုရာတိုက်ခဲ့တယ် ဆရာထသောက်ရှာတယ်

ရင်တွေပူလို့တညလုံးမအိပ်ခဲ့ရဘူး
အန်တီဘယ်အချိန်ဖုန်းဆက်မလည်းမသိလို့စိတ်ပူလို့

မနက်တည်းကအကုန်စီစဉ်ထားပြီး
အိမ်ကမသိအောင်ခိုးထွက်ပြီး
အန်တီနဲ့အောက်စီဂျင်လိုက်ရှာပေးခဲ့တာ

နှစ်အိုးလုံးရခဲ့တော့ စိတ်ချပြီး ခနအိမ်ပြန်လာ
ဆေးထိုးပေးဖို့ဆရာဝန်ရှာ လိုလိုမယ်မယ် Oxygen တွေရှာနေတာအခုထိပါ

ဆရာသမားတိုင်းကိုကိုယ့်အဖေလိုကိုရင်ထဲက
ချစ်တာပါ

အဖေတယောက်လိုချစ်ရတဲ့ဆရာတယောက်ကိုဆုံးရှုံးလိုက်ပြန်ပါပြီ

မှော်ပလ္လင် ဒုတိယတွဲရိုက်ဖို့ရှိတယ်တဲ့လေ
အခုတော့
ဆရာရော
ဘထွေးရော (ဦးလူမုန်း)
ဦးအောင်ဇော် (တထွာန)ကြီးရော
သုံးယောက်တောင် မရှိတော့ဘူး

သားချစ်တဲ့သူတွေအတွက်ဆို
ဘာရောဂါမှလည်းမကြောက်ပါဘူး တကယ်ပါ
သူတို့အသက်ရှင်နေရင်တော်ပြီဆိုတဲ့စိတ်နဲ့
ဆရာဆီသား လာခဲ့တာလေဆရာရယ်

ဆရာ ရွတ်ခိုင်းတဲ့ သံဗုဒ္ဓေ ဂါထာတော်ကို
သားဝါတွင်းသုံးလ အဓိငှာန်ထားတယ်နော်ဆရာ
လိုပြောခဲ့တယ်

ဆရာရွတ်ခိုင်းတာမလို့
အဲ့ကုသိုလ်တွေဆရာရမှာနော်လိုတဖွဖွပြောပေးနေတာ

သားတကယ်လုပ်နေတာမလို့ အဲ့ကုသိုလ်တွေ
တကယ်ရမှာနော်ဆရာ ကောင်းရာဘုံဘဝမှာ
အေးချမ်းနေမှာ ယုံကြည်ပါတယ်” လို့ရေးသားထားပါတယ်။

#Popularjournal
Photo-crd

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071