ဗိုလ်တထောင်မှ ဒလသို့ ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်းကို လမ်းကြောင်း တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
“ပျော်ဘွယ်ကြီးထိ ရောက်မယ်၊ ဂိတ်ဖျားက ပျော်ဘွယ်ကြီး ဖြစ်သွားပြီ” ဟု ယာဉ်လိုင်းမောင်းနှင်သူတစ်ဦးက ပြောသ ည်။
ထို့ကြောင့် ဗိုလ်တထောင်ဘုရားကို ဂိတ်ရင်းထား၍ ဒလမြို့၊ ပျော်ဘွယ်ကြီး အထိပြေးဆွဲပေးမည် ဖြစ်ကာ နှစ်ဘက်လုံးမှ နံနက် (၆) မှ ည (၆) အဖြစ် ထွက်ခွာပေးမည်ဟု သိရသ ည်။
ဒလမြို့အတွက် ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်း (၂) လိုင်းရှိကာ ဗိုလ်တထောင်ဘုရားမှ ပျော်ဘွယ်ကြီးထိ တစ်လိုင်း၊ ဆူးလေ- ဒလ (ဝန်ထမ်းအိမ်ရာ) ထိ တစ်လိုင်းဖြစ်သည်ဟု သိရသည်။
