Saturday, September 5, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ...

ဟနွိုင်း၊ စက်တင်ဘာ ၅ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ...

Fire Dragon International Futsal...

ရန်ကုန်၊ စက်တင်ဘာ ၅ Fire Dragon International Futsal Cup 2026 ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ စက်တင်ဘာ ၅...

မကွေး တမာပိုးသတ်ဆေးစက်ရုံမှ တန်ဖိုးမြင့် ထုတ်ကုန်...

မကွေး၊ စက်တင်ဘာ ၅ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ တမာပိုးသတ်ဆေးစက်ရုံမှ အညာဒေသထွက် တမာစေ့များကို အခြေခံ၍ တန်ဖိုးမြင့် ထုတ်ကုန် ၈ မျိုးခန့် ထုတ်လုပ်ကာ...

စမ်းချောင်းမြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခုတွင် ဟိုတယ်ဝန်ထမ်းတစ်ဦး နားနေခန်းအတွင်း...

ရန်ကုန်၊ စက်တင်ဘာ ၅ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မုန့်(တောင်)ရပ်ကွက်၊ ပြည်လမ်းမပေါ်ရှိ ဟိုတယ်တစ်ခုတွင် ဟိုတယ်ဝန်ထမ်းတစ်ဦး နားနေခန်းအတွင်း လဲကျ‌ေ-သဆုံးနေသဖြင့် အနာဂတ်အလင်းတန်းပရဟိတအသင်းက သွားရောက်ကူညီခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ...
HomeNewsLocal Newsဒဂုံမြို့သစ်မြောက်ပိုင်း သီတဂူစက္ခုဒါနဆေးရုံတွင် (၁၉)...

ဒဂုံမြို့သစ်မြောက်ပိုင်း သီတဂူစက္ခုဒါနဆေးရုံတွင် (၁၉) ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ် ခွဲစိတ်ကုသပေးလျက်ရှိ

ရန်ကုန်၊ စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ သီတဂူ စက္ခုဒါနဆေးရုံတွင် (၁၉) ကြိမ်မြောက် သီတဂူ မျက်စိအလှူတော် အစီအစဉ်အဖြစ် မျက်စိဝေဒနာရှင်များကို အခမဲ့ စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ (၁၉) ကြိမ်မြောက် မျက်စိအလှူတော် အစီအစဉ်တွင် စက်တင်ဘာလ ၁ ရက်မှ ၂ ရက်နေ့အထိ မျက်စိဝေဒနာရှင်များကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး စက်တင်ဘာလ ၃ ရက်မှ ၇ ရက်နေ့အထိ ခွဲစိတ်ကုသပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ လက်ရှိတွင် မျက်စိဝေဒနာရှင် ၁,၃၀၀ ဦး စာရင်းပေးသွင်းထားကြောင်း သိရသည်။

“မျက်စိအခမဲ့ ခွဲစိတ်ကုသမှု ခံယူထားသူတွေကို အမြင်အာရုံ ကောင်းမကောင်း၊ ထည့်ပေးထားတဲ့ မှန်ဘီလူးတွေ စောင်းတာ၊ နေရာလွဲတာရှိမရှိနဲ့ မျက်စိအောင့်၊ မျက်စိကိုက်တာတွေကို အထူးကု ဆရာဝန်ကြီးတွေက သေချာစစ်ဆေးပေးပြီး လိုအပ်တဲ့ ဆေးဝါးတွေကို ရက်သတ်မှတ်ပြီး ဆက်လက် ထုတ်ပေးသွားမှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

သီတဂူ ဆရာတော်ကြီးသည် ၁၉၉၃ ခုနှစ် မတ်လ ၁၄ ရက်တွင် စစ်ကိုင်းတောင်ရိုး၌ သီတဂူ အာယုဒါန ဆေးရုံတော်ကို စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် တိုင်းနှင့်ပြည်နယ်အသီးသီး၌ သီတဂူ ဆေးရုံတော်ပေါင်း ၄၄ ရုံအထိ ဖွင့်လှစ်ပေးထားနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့အထိ သီတဂူဆေးရုံတော်များတွင် မျက်စိဝေဒနာရှင် စုစုပေါင်း ၂ သိန်းကျော်ကို ကြည့်ရှုကုသပေးနိုင်ခဲ့ပြီး ဝေဒနာရှင် ၅ သောင်းခန့်အား မျက်စိအလင်းဒါန ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် တွေ့ဆုံဆွေးနွေး

ဟနွိုင်း၊ စက်တင်ဘာ ၅ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် ယနေ့ စက်တင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ အစိုးရအဖွဲ့ရုံး Grand Hall ၌ တွေ့ဆုံဆွေးနွေးသည်။ ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိရာ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်က ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တွေ့ဆုံဆွေးနွေးပွဲကို...

Fire Dragon International Futsal Cup 2026 အတွက် ပြိုင်ပွဲဝင် ကလပ်အသင်း နည်းပြများက ပွဲကြို သတင်းစာရှင်းလင်းပွဲပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၅ Fire Dragon International Futsal Cup 2026 ပြိုင်ပွဲ၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် သုဝဏ္ဏအားကစားကွင်း၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများမှ နည်းပြချုပ်များက အသင်းအခြေအနေများနှင့် ပြိုင်ပွဲအတွက် ပြင်ဆင်ထားမှုများကို ပြောကြားခဲ့သည်။ အုပ်စု (က) တွင် ပါဝင်သည့် YCDC Dream Team နည်းပြချုပ်က ပြိုင်ပွဲမှတစ်ဆင့် လာမည့်ရာသီအတွက် အတွေ့ အကြုံကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အလားတူ TG United နည်းပြချုပ်...

မကွေး တမာပိုးသတ်ဆေးစက်ရုံမှ တန်ဖိုးမြင့် ထုတ်ကုန် ၈ မျိုးခန့် ထုတ်လုပ်၍ ပြည်တွင်း/ပြည်ပ ဈေးကွက်သို့ တင်ပို့ရန် ပြင်ဆင်

မကွေး၊ စက်တင်ဘာ ၅ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ တမာပိုးသတ်ဆေးစက်ရုံမှ အညာဒေသထွက် တမာစေ့များကို အခြေခံ၍ တန်ဖိုးမြင့် ထုတ်ကုန် ၈ မျိုးခန့် ထုတ်လုပ်ကာ ပြည်တွင်း/ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ အဆိုပါ စက်ရုံမှ တမာစေ့အခွံမှ သဘာဝဓာတ်မြေဩဇာ၊ တမာဆီကြမ်းမှ တမာပိုးသတ်ဆေးများ ထုတ်လုပ်လျက်ရှိသည့်အပြင် တန်ဖိုးမြင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် တမာလက်ဆေးဆပ်ပြာရည်၊ ခံတွင်းသန့်စင်ဆေးရည်၊ ကိုယ်တိုက်ဆပ်ပြာရည်နှင့် တမာယားနာပျောက်ဆေးတို့ကိုလည်း တိုးမြှင့်ထုတ်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယဉ်ထွန်းက "စက်ရုံကို ၂၀၁၇ ကတည်းက စတင်တည်ထောင်ခဲ့တာပါ။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071