ရန်ကုန်မြို့နေ ခရီးသွားပြည်သူများသွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် Trans Link ကုမ္ပဏီ၏ စီမံမှုအောက်တွင် ပြေးဆွဲနေသည့် YBS-27 ယာဉ်လိုင်းကို ယနေ့ မေလ ၁ ရက်နေ့မှစတင်ကာ သုခဒဂုံအိမ်ရာအထိ တိုးချဲ့ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။ YBS-27 တိုးချဲ့ပြေးဆွဲမည့် ခရီးစဉ်လမ်းကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံအိမ်ရာမှ စတင်ကာ အောက်ပါအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပါသည် – သုခဒဂုံအိမ်ရာ သပြေခြံလမ်းဆုံ စိတ်ကျန်းမာရေးဆေးရုံ ဒဂုံတက္ကသိုလ် ၇/၈ လမ်းဆုံ နှင့် ၄၆ လမ်းဆုံ ခေမာ – ဘေလီ – လိုင်စင်ရုံး ရတနာလမ်း – ကျောက်ကုန်း တာမွေဈေး – ယုဇနပလာဇာ မင်္ဂလာဈေး ပြေးဆွဲမည့်အချိန်နှင့် ယာဉ်စီးရေ ခရီးသည်များ စောင့်ဆိုင်းချိန် မကြာမြင့်စေရန်အတွက် နံနက် ၅ နာရီ ၁၅ မိနစ်မှ ညနေ ၄ နာရီခွဲအထိ (၁၀ မိနစ်မှ မိနစ် ၂၀ လျှင် တစ်စီးနှုန်း) ဖြင့် ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
