Saturday, September 5, 2026

ကလောတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားနေရာတွင် တံတားအသစ်...

ကလော၊စက်တင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ပြီးခဲ့သည့် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးသွားခဲ့သည့် သံကွန်ကရစ်တံတားနေရာတွင် အစားထိုး တံတားသစ် ပြန်လည်တည်ဆောက်ရေး...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် MAI Career Fair...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် အခွင့်အလမ်းကောင်းဖြစ်လာမည့် MAI Career Fair 2026 ကို ရန်ကုန်မြို့ရှိ International Business Center (IBC)၌ လာမည့်...

မီးခိုးမြူထူထပ်မှုကြောင့် မလေးရှား ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန်ခရိုင်တွင်...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၅ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှု အန္တရာယ်ရှိသည့်အဆင့်သို့ မြင့်တက်လာပြီးနောက် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်ရှိ...

နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ကြူကြူလှ Van Phuc...

ဟနွိုင်း၊ စက်တင်ဘာ ၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ဇနီး...
HomeNewsLocal Newsထိုင်း၏ရက်ပေါင်း (၁၂၀) စီမံချက်ကာလ...

ထိုင်း၏ရက်ပေါင်း (၁၂၀) စီမံချက်ကာလ (၇၈) ရက်အတွင်း မြန်မာ အလုပ်သမား တစ်သိန်းခွဲကျော် အဖမ်းခံရ

ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် အခြားအာဏာပိုင်အဖွဲ့အစည်းများပူးပေါင်းပြီး နိုင်ငံအတွင်း အထောက်အထားမဲ့အလုပ်သမားများကို ရှာဖွေဖမ်းဆီးခြင်းကို ရက်ပေါင်း (၁၂၀) စီမံချက်ဖြင့် လိုက်လံဖမ်းဆီးအရေးယူလျှက်ရှိသည်။

ထို့သို့ ဖမ်းဆီးရမိသည့် နိုင်ငံအလိုက်အလုပ်သမားများမှာ မြန်မာ အလုပ်သမား  ၁၅၅,၆၆၉ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား  ၃၂,၈၁၀ ဦး၊ လာအိုအလုပ်သမား ၁၂,၉၂၀ ဦး ၊ဗီယက်နမ်အလုပ်သမား (၁၄၁) ဦး နှင့် အခြားနိုင်ငံသား အလုပ်သမား (၆၄၉၅)  ဦးတို့ ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ 

လက်ရှိတွင် ဖမ်းဆီးခံရသည့် အလုပ်သမားများအနက်မြန်မာအလုပ်သမား (၉၁၄) ဦး၊ လာအိုအလုပ်သမား (၁၈၈) ဦး ၊ကမ္ဘောဒီးယားအလုပ်သမား (၂၀၈) ဦး ၊ ဗီယက်နမ်အလုပ် သမား (၂၆) ဦးနှင့် အခြားနိုင်ငံအလုပ်သမား  (၁၀၂) ဦး ၊  စုစုပေါင်း (၁၄၃၈) ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီဖြစ်ကြောင်းလည်း သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ အထောက်အထားမဲ့ အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို လုပ်ကိုင်နေသည့်အလုပ်သမားကို တွေ့ရှိပါက ဒဏ်ငွေဘတ် (၅,၀၀၀) မှ (၅၀,၀၀၀) ထိအလုပ်သမားမှ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး နေရပ်သို့ပြန်ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ်ကိုင်ခွင့် (၂)နှစ်ပိတ်ခံရမည်ဟု သိရသည်။

ထိုနည်းတူ အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်သမားကိုလက်ခံသည့်အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတဦးလျှင်ဘတ် (၁၀,၀၀၀) မှ (၁၀၀,၀၀၀)ထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက ထောင်ဒဏ်အများဆုံး (၁) နှစ်နှင့် ဘတ်ငွေ (၅၀,၀၀၀) မှ (၂၀၀,၀၀၀)ထိ ပေးဆောင်ရမည်ဖြစ်သလို ရွှေ့ပြောင်းအလုပ်သမားငှားရမ်းခွင့် (၃) နှစ် ပိတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကလောတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားနေရာတွင် တံတားအသစ် ပြန်လည်တည်ဆောက်မည်

ကလော၊စက်တင်ဘာ ၅ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း ပြီးခဲ့သည့် မိုးရာသီက မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်မှုကြောင့် ပျက်စီးသွားခဲ့သည့် သံကွန်ကရစ်တံတားနေရာတွင် အစားထိုး တံတားသစ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကလောမြို့နယ်၊ အင်းပြင်ကျေးရွာအနီးရှိ ပျက်စီးသွားသည့် အဆိုပါတံတားနေရာတွင် ရာသီမရွေး သွားလာနိုင်ရေးအတွက် အမြဲတမ်းတံတားသစ် ဒီဇိုင်းပုံစံများ ရေးဆွဲခြင်းနှင့် ယာယီတံတား တည်ဆောက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။ လက်ရှိတွင် ဒေသခံများ သွားလာရေး အဆင်ပြေစေရန် ယာယီတံတားဖြင့် ထိန်းသိမ်းဆောင်ရွက်ထားပြီး ဒေသထွက်...

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် MAI Career Fair 2026 ကို IBC ၌ကျင်းပမည်

လေကြောင်းလုပ်ငန်းကဏ္ဍစိတ်ဝင်စားသူများအတွက် အခွင့်အလမ်းကောင်းဖြစ်လာမည့် MAI Career Fair 2026 ကို ရန်ကုန်မြို့ရှိ International Business Center (IBC)၌ လာမည့် စက်တင်ဘာ ၁၂ ရက်နှင့် စက်တင်ဘာ ၁၃ ရက်တို့တွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် MAI Career Fair 2026 ကာလအတွင်း MAI ၏ HR Partner ဖြစ်သော JobNet ၏...

မီးခိုးမြူထူထပ်မှုကြောင့် မလေးရှား ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန်ခရိုင်တွင် အရေးပေါ်အခြေအနေကြေညာ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၅ အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားနေသည့် တောမီးလောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော မီးခိုးမြူများကြောင့် လေထုညစ်ညမ်းမှု အန္တရာယ်ရှိသည့်အဆင့်သို့ မြင့်တက်လာပြီးနောက် မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ်ရှိ ဆီရီယန် (Serian) ခရိုင်တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။ ဆီရီယန်ခရိုင်၌ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီတွင် လေထုညစ်ညမ်းမှုအညွှန်း (API) ၅၂၁ အထိ မြင့်တက်ခဲ့ပြီး ယင်းသည် ၂၀၂၆ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူများ မလေးရှားနိုင်ငံကို သက်ရောက်မှုရှိလာချိန်မှစ၍ အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိရသည်။ ဆီရီယန်ခရိုင်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071