ပြီးခဲ့သည့် မေ ၁၇ ရက်ညနေပိုင်းက ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့လယ်ရှိ Asok-Din Daeng ကားလမ်းနှင့် ရထားလမ်းဆုံ၌ ကုန်တင်ရထားနှင့် ဘတ်စ်ကားတိုက်မိရာတွင် မြန်မာနိုင်ငံသူမအေးအေးမြင့်(၃၆)နှစ် ေ-သဆုံးခဲ့ရသည်။
ထို့ကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၏ မြန်မာသံအမတ်ကြီးဦးဇော်ဇော်စိုးက မေ ၂၁ ရက်တွင် သေဆုံးသူ၏ အမဖြစ်သူအား မြန်မာသံရုံး၌ တွေ့ဆုံအားပေးစကားပြောကြားပြီး သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းမိသားစုများ၏ နာရေးကူငွေများကိုပေး အပ်ခဲ့သည်။
မြန်မာသံအမတ်ကြီးက ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသူအတွက် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာအဖွဲ့များမှပေးအပ်မည့် လျှော်ကြေးငွေရရှိရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းကူညီပေးမည်ဖြစ်ကာ လိုအပ်သည်များရှိပါက မြန်မာသံရုံးသို့ အချိန်မရွေးဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟု ပြောကြားခဲ့သည်။
