ထိုင်းနိုင်ငံ၏ ဇန်နဝါရီလ ၁ ရက် နေ့မှ ၁၄ ရက် နေ့အထိ နိုင်ငံရပ်ခြားခရီးသွားဝင်ရောက်မှုသည် ယမန်နှစ် အလားတူကာလကထက် ၇ ဒဿမ ၀၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု ခရီးသွားနှင့် အားကစားဝန်ကြီးဌာနက အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါကာလအတွင်း နိုင်ငံခြားခရီးသွား ၂၃ သန်းခန့် ဝင်ရောက်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ မလေးရှားခရီးသွားဝင်ရောက်မှုသည် ၃ ဒဿမ ၂၈ သန်းရှိခဲ့ပြီး အကြီးဆုံးခရီးသွားရင်းမြစ်ဈေးကွက်ဖြစ်ခဲ့ကာ ယင်းနောက်တွင် တရုတ်က ၃ ဒဿမ ၂၃ သန်းဖြင့် ဒုတိယလိုက်ခဲ့သည်။
နိုင်ငံတော်စီမံကိန်းအေဂျင်စီက နိုင်ငံခြားခရီးသွားဝင်ရောက်မှုကို ၃၇ သန်းဝင်ရောက်မည်ဟု ခန့်မှန်းထားရာမှ ၃၃ သန်းသို့ သြဂုတ်လတွင် လျှော့ချခန့်မှန်းခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမတိုင်မီ ၂၀၁၉ ခုနှစ်က ထိုင်းနိုင်ငံသို့ ခရီးသွား သန်း ၄၀ နီးပါး စံချိန်တင်ဝင်ရောက်ခဲ့သည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံက စွန့်စားခရီးသွားလာသူများအတွက် ထိပ်တန်းနိုင်ငံအဖြစ် သတ်မှတ်ခံထားရသော ထိုင်းနိုင်ငံ၏နေရာကို ဗီယက်နမ်က လွှဲပြောင်းရယူသွားပြီဖြစ်သည်။ ထို့အပြင် ထိုင်းနိုင်ငံသည် ကပ်ရောဂါအလွန်တွင် ဟိုတယ်၊ အစားအသောက်နှင့် တက္ကစီခများ ဈေးကြီးလွန်းကြောင်း ပြည်မကြီးမှ ခရီးသွားများက ဆိုရှယ်မီဒီယာတွင် မကျေမနပ်ထုတ်ပြောလာသဖြင့် ဈေးနှုန်းပိုင်းဆိုင်ရာ အမည်ပျ-က်ရှိလာခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
