Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိလာသူ မြန်မာ...

ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိလာသူ မြန်မာ နိုင်ငံသား ၂၅၅ ဦးအား ယမန်နေ့ညပိုင်းက ထပ်မံဖမ်းဆီးရမိ

(Unicode)

ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိလာသူ မြန်မာ နိုင်ငံသား ၂၅၅ ဦးအား ယမန်နေ့ညပိုင်းက ထပ်မံဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်လမ်းကြောင်းမှတဆင့် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၂၅၅ ဦးတို့သည် ဇန်နဝါရီ ၂၄ ရက်ညပိုင်းဖမ်းဆီးခံခဲ့ခြင်းဖြစ် သည်။

ထိုင်းနိုင်ငံရှိ ပကျွတ်ခီရီခရမ်ခရိုင်နှင့်ကန်ချနဘူလီခရိုင်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဒေသတွင်းသတင်းများ၌ရေးသားဖော်ပြထားသည်။

ဖမ်းဆီးခံရသူများမှာ ထားဝယ်၊ပဲခူး၊ရန်ကုန်၊မော်လမြိုင်၊ဘားအံ၊မကွေး၊ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်းစုံမှ မြန်မာနိုင်ငံသားများဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၁၀၀၀၀ မှ ၂၅၀၀၀ အထိ ပွဲစားများအားပေးဆောင်ခဲ့ရသည်ဟု သိရသည်။

“နိုင်ငံတွင်းမှာအလုပ်အကိုင်ရှားပါးတာတွေ နိုင်ငံ ရေးအခြေအနေတွေကြောင့် ပွဲစားတွေစကားကိုနားယောင်ပြီး အခုလိုထွက်လာတော့ဖမ်းခံရတာပါ ပွဲစားတွေကတော့ထုံးစံအတိုင်း တာဝန်ယူမှု တာဝန်ခံမှုမရှိဘူးလေ မမိဘူးပေါ့”ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးဆောင် ရွက်ပေးနေသူတစ်ဦးကပြောသည်။

ဖမ်းဆီးရမိခဲ့သည့် မြန်မာနိုင်ငံသားများအား ထိုင်းရဲတပ်ဖွဲ့မှ ကျန်းမာရေးစစ်ဆေးခြင်းနှင့်လို အပ်သည့်စစ်ဆေးမှုများပြုလုပ်ပြီးနောက် ထိုင်းနိုင်ငံဥပဒေအရ အရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အတတ်နိုင်ဆုံးတော့ ကူညီသွားမှာပါ ဇန်နဝါရီလအတွင်းမှာပဲ လမကုန်ခင်အထိကိုပဲ ထိုင်းဖက်မှာအလုပ်လုပ်ဖို့လာတဲ့ မြန်မာနိုင်ငံသား ၂၄၀၀ ကျော်လောက်ကို ထိုင်းအာဏာပိုင်တွေက နေရာစုံကနေဖမ်းမိခဲ့တယ်”ဟုထိုင်းရောက်မြန်မာအလုပ် သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ထိုင်း-မြန်မာနယ်စပ် တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်ခဲ့သည့် ဖမ်းဆီးခံမြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံရှိ နေရာဒေသအစုံ၌ အ လုပ်လုပ်ကိုင်ရန်ဝင်ရောက်လာကြသူများဖြစ် သည်။

Photo _ ရဲမင်း

(Zawgyi)

ထိုင္းႏိုင္ငံသို႔ တရားမဝင္ေရာက္ရွိလာသူ ျမန္မာ ႏိုင္ငံသား ၂၅၅ ဦးအား ယမန္ေန႔ညပိုင္းက ထပ္မံဖမ္းဆီးရမိ

ထိုင္း-ျမန္မာနယ္စပ္မွတဆင့္ ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္နယ္စပ္လမ္းေၾကာင္းမွတဆင့္ ဝင္ေရာက္ခဲ့သည့္ ျမန္မာႏိုင္ငံသား ၂၅၅ ဦးတို႔သည္ ဇန္နဝါရီ ၂၄ ရက္ညပိုင္းဖမ္းဆီးခံခဲ့ျခင္းျဖစ္ သည္။

ထိုင္းႏိုင္ငံရွိ ပကြၽတ္ခီရီခရမ္ခ႐ိုင္ႏွင့္ကန္ခ်နဘူလီခ႐ိုင္တို႔တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္ဟု ထိုင္းေဒသတြင္းသတင္းမ်ား၌ေရးသားေဖာ္ျပထားသည္။

ဖမ္းဆီးခံရသူမ်ားမွာ ထားဝယ္၊ပဲခူး၊ရန္ကုန္၊ေမာ္လၿမိဳင္၊ဘားအံ၊မေကြး၊ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္ေပါင္းစုံမွ ျမန္မာႏိုင္ငံသားမ်ားျဖစ္ၿပီး နယ္စပ္ျဖတ္ေက်ာ္ခအျဖစ္ တစ္ဦးလ်င္ ထိုင္းဘတ္ေငြ ၁၀၀၀၀ မွ ၂၅၀၀၀ အထိ ပြဲစားမ်ားအားေပးေဆာင္ခဲ့ရသည္ဟု သိရသည္။

“ႏိုင္ငံတြင္းမွာအလုပ္အကိုင္ရွားပါးတာေတြ ႏိုင္ငံ ေရးအေျခအေနေတြေၾကာင့္ ပြဲစားေတြစကားကိုနားေယာင္ၿပီး အခုလိုထြက္လာေတာ့ဖမ္းခံရတာပါ ပြဲစားေတြကေတာ့ထုံးစံအတိုင္း တာဝန္ယူမႈ တာဝန္ခံမႈမရွိဘူးေလ မမိဘူးေပါ့”ထိုင္းႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားအေရးေဆာင္ ႐ြက္ေပးေနသူတစ္ဦးကေျပာသည္။

ဖမ္းဆီးရမိခဲ့သည့္ ျမန္မာႏိုင္ငံသားမ်ားအား ထိုင္းရဲတပ္ဖြဲ႕မွ က်န္းမာေရးစစ္ေဆးျခင္းႏွင့္လို အပ္သည့္စစ္ေဆးမႈမ်ားျပဳလုပ္ၿပီးေနာက္ ထိုင္းႏိုင္ငံဥပေဒအရ အေရးယူရန္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

“အတတ္ႏိုင္ဆုံးေတာ့ ကူညီသြားမွာပါ ဇန္နဝါရီလအတြင္းမွာပဲ လမကုန္ခင္အထိကိုပဲ ထိုင္းဖက္မွာအလုပ္လုပ္ဖို႔လာတဲ့ ျမန္မာႏိုင္ငံသား ၂၄၀၀ ေက်ာ္ေလာက္ကို ထိုင္းအာဏာပိုင္ေတြက ေနရာစုံကေနဖမ္းမိခဲ့တယ္”ဟုထိုင္းေရာက္ျမန္မာအလုပ္ သမားမ်ားအေရးကူညီေဆာင္႐ြက္ေပးေနသူတစ္ဦးကေျပာသည္။

ထိုင္း-ျမန္မာနယ္စပ္ တရားမဝင္လမ္းေၾကာင္းမွတဆင့္ ဝင္ေရာက္ခဲ့သည့္ ဖမ္းဆီးခံျမန္မာႏိုင္ငံသားမ်ားသည္ ထိုင္းႏိုင္ငံရွိ ေနရာေဒသအစုံ၌ အ လုပ္လုပ္ကိုင္ရန္ဝင္ေရာက္လာၾကသူမ်ားျဖစ္ သည္။

Photo _ ရဲမင္း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071