ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မြောက်ပိုင်းက နွန်သဘူရီခရိုင်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ပ-စ်ခတ်မှုဖြစ်ပွားခဲ့လို့ လူ ၂ ဦး ေ-သဆုံးပြီး နောက်ထပ် လူ ၂၀ ကျော်လောက် ဒ-ဏ်ရာရသွားတယ်လို့ Khaosod သတင်းမှာ ဖော်ပြထားပါတယ်။
ကနဦး ထွက်ပေါ်လာတဲ့ သတင်းတွေအရဆိုရင် ေ-သဆုံးသွားသူတွေဟာ ကျောင်းဆရာ/မ နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒ-ဏ်ရာရသွားတဲ့သူတွေထဲက ၃ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။ လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေကြပါပြီ။ အနီးအနားက ဒေသခံတွေကိုလည်း အဲဒီဖြစ်စဉ်ဖြစ်ပွားတဲ့နေရာဆီ မသွားကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။