ပေကျင်း၊နိုဝင်ဘာ ၁၅
အမေရိကန်ပြည်ထောင်စုအနေဖြင့် ထိုင်ဝမ်ရေလက်ကြား၏ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အန္တာရာယ်ရှိစေမည့်လုပ်ရပ်ဖြစ်သည့် ထိုင်ဝမ်သို့လက်နက်ရောင်းချနေ ခြင်းကို ချက်ချင်း ရပ်တန့်ရန် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ Zhang Xiaogang က အမေရိကသည် ထိုင်ဝမ်သို့ HIMARS အမျိုးအစားဒုံးကျည်စနစ်ပေးပို့ရောင်းချမှုနှင့်ပတ်သက်၍ ယခုကဲ့သို့ တုန့်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါစနစ်ကိုပေးပို့သည့်အပြင် ထိုင်ဝမ်တပ်ဖွဲ့များက ဒုံးကျည်များကို ကျွမ်းကျင်စွာအသုံးပြုနိုင်ရေးအတွက်လည်း သင်တန်းပို့ချရန် အစီအစဉ်ရှိကြောင်းသိရသည်။
အဆိုပါပြောရေးဆိုခွင့်ရှိသူက ထိုင်ဝမ်ပြည်သူများ၏အကျိုးစီးပွားဟု ပြောဆိုပြီး ထိုင်ဝမ်လွတ်လပ်ရေးအတွက် ပြင်ပထောက်ခံမှုကိုတောင်းခံခဲ့မှုအတွက် အာဏာရ DPP ပါတီကိုလည်း ပြစ်တင်ဝေဖန်ခဲ့သည်။
အဆိုပါလုပ်ရပ်မျိုးသည် ထိုင်ဝမ်ကို စစ်ပွဲနှုတ်ခမ်းဝဆွဲခေါ်နေခြင်းမျိုးပင်ဖြစ်ပြီး ၎င်းတို့တရုတ်ပြည်မ၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ထိုင်ဝမ်၏လွတ်လပ်ရေးကြိုးပမ်းမှုကို ပြတ်ပြတ်သားသားတားဆီးကာ ပြင်ပကြားဝင်မှုများကိုလည်း တိုက်ဖျက်သွားမည်ဖြစ်ကြောင်းဆက်လက်ပြောကြားခဲ့သည်။
Source : ရှင်းဟွာ
