Friday, August 7, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့်...

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား...

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ်...

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင်...

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက...

မြန်မာ–ထိုင်း လျှပ်စစ်နှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေး MoU...

မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့စီမံကိန်းများတွင် ထိုင်းကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှု...
HomeInternationalထိုင်ဝမ်ကိုလက်နက်ရောင်းသည့်အမေရိကကုမ္ပဏီများကိုတရုတ်ကဒဏ်ခတ်

ထိုင်ဝမ်ကိုလက်နက်ရောင်းသည့်အမေရိကကုမ္ပဏီများကိုတရုတ်ကဒဏ်ခတ်

ထိုင်ဝမ်သို့ အမေရိက,က လက်နက်ရောင်းချခြင်းကို တန်ပြန်သည့်အနေဖြင့် ကြာသပတေးနေ့မှစတင်ကာ အမေရိကန်စစ်ဖက် ကုမ္ပဏီ ၁၃ ခုကို တရုတ်နိုင်ငံက ပိတ်ဆို့ဒဏ်ခတ်အရေးယူရန် ဆုံးဖြတ်လိုက်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထိုင်ဝမ်သမ္မတ လိုင်ချင်းတေကို အမေရိကန်ပိုင်နက်မှ တဆင့်ခံ ခရီးသွားလာခွင့်ပြုခဲ့ပြီးနောက် အဆိုပါသတင်းထွက်လာခြင်းဖြစ်သည်။

F-16 တိုက်လေယာဉ်များနှင့် ရေဒါများအတွက် အပိုပစ္စည်းနှင့် အထောက်အကူပစ္စည်း အမေရိကန် ဒေါ်လာ ၃၈၅ သန်းဖိုးကို ထိုင်ဝမ်သို့ ရောင်းချခွင့်ပြုမည့် အမေရိက၏ လုပ်ရပ်ကို တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီးနောက် ယခုကဲ့သို့ တရုတ်ဘက်က တန်ပြန်လာခြင်းဖြစ်သည်။ ယင်းလုပ်ရပ်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို ထိခိုက်စေသည်ဟု ပေကျင်းက ပြောဆိုခဲ့သည်။

ထိုင်ဝမ်ကို ၎င်း၏ ပိုင်နက်တစ်ခုအဖြစ်နှင့် သမ္မတ လိုင်ချင်းတေကို အန္တရာယ်ရှိသော ခွဲထွက်ရေးသမားတစ်ဦးအဖြစ် မှတ်ယူသော တရုတ်သည် ထိုင်ဝမ်ခေါင်းဆောင်များက မည်သည့်နိုင်ငံနှင့်မဆို အဆက်အဆံပြုခြင်း နှင့် အလည်အပတ်သွားလာခြင်းကို ဆန့်ကျင်သည်။

တရုတ်က ဒဏ်ခတ်အရေးယူမည့် ကုမ္ပဏီများတွင် Teledyne Brown Engineering Inc၊ BRINC Drones Inc နှင့် Shield Al Inc တို့လည်း ပါဝင်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြာသပတေးနေ့က သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားခဲ့သည်။

ထို့အပြင် Raytheon၊ BAE Systems နှင့် United Technologies အပါအဝင် ကုမ္ပဏီငါးခုမှ အမှုဆောင်ခြောက်ဦး၏ ပိုင်ဆိုင်မှုများကို တရုတ်နိုင်ငံက ထိန်းသိမ်းမည်ဖြစ်ကာ ၎င်းတို့ကို ပြည်ဝင်ခွင် ကိုလည်း ပိတ်ပင်သွားမည်ဖြစ်သည်။

တရုတ်အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် အဆိုပါ ဒဏ်ခတ်အရေးယူခံရသူများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ကြောင်းလည်း သိရသည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဩဂုတ် ၇ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာနှင့် ယနေ့ ဩဂုတ် ၇ ရက်တွင် ထိုင်းအမျိုးသားလွှတ်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား ဖူးမြော်ကြည်ညို

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ် (Official Visit) အဖြစ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဩဂုတ် ၇ ရက် နံနက်ပိုင်းတွင် ထိုင်းဘုရင့်နန်းတော်သို့ သွားရောက်၍ နန်းတော်ဝင်းအတွင်းရှိ မြဘုရားအား ဖူးမြော်ကြည်ညိုခဲ့သည်။

ကမ္ဘာ့ရေနံဈေး မြင့်တက်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်

ရန်ကုန်၊ ဩဂုတ် ၇ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၈ ဝန်းကျင်အထိ မြင့်တက်လာမှု၏ သက်ရောက်မှုကြောင့် ပြည်တွင်းစက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများသည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်လီတာလျှင် ကျပ် ၁၇၀ မှ ၂၆၅ အထိ မြင့်တက်လာကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။ ထုတ်ပြန်ထားသည့် ရန်ကုန်မြို့ ရည်ညွှန်းဈေးနှုန်းများအရ 92 Ron ဓာတ်ဆီ တစ်လီတာလျှင် ၃,၈၄၀ ကျပ်၊ 95 Ron ဓာတ်ဆီ ၃,၉၅၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071