Tuesday, January 6, 2026

ဂရင်းလန်းအရေး ပြင်သစ်က ဒိန်းမတ်ဘက်မှ ရပ်တည်ကြောင်းပြောကြား

ပါရီ၊ ဇန်နဝါရီလ ၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ့်က အမေရိကန်နိုင်ငံကာကွယ်ရေးအတွက် ဂရင်းလန်းကျွန်းကို လိုအပ်ကြောင်း တနင်္ဂနွေနေ့တွင် အလေးပေးပြောကြားခဲ့ပြီးနောက် ပြင်သစ်နိုင်ငံက ဒိန်းမတ်နိုင်ငံနှင့်အတူ "တစ်သားတည်းရှိကြောင်း" တနင်္လာနေ့တွင်...

ဟောင်ကောင်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ထိပ်သီးညီလာခံကို...

ဟောင်ကောင်၊ ဇန်နဝါရီလ ၅ ဟောင်ကောင်တွင် ကျင်းပမည့် (၁၉) ကြိမ်မြောက် အာရှဘဏ္ဍာရေးဖိုရမ်၌ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးထိပ်သီးအစည်းအဝေးကို ပထမဦးဆုံးအကြိမ် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး၊ ယင်းအစည်းအဝေးသည် ဘဏ္ဍာရေးကဏ္ဍနှင့်...

ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို ပဥ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း ပြဌာန်းနိုင်ရေး...

ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို ပဥ္စမ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း ပြဌာန်းနိုင်ရေး နှင့် ပတ်သက်ပြီး အပြီးသတ်ဆွေးနွေးခြင်းကို ယမန်နေ့ က‌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲကို...

နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ်သံအမတ်ကြီးကို လက်ခံတွေ့ဆုံ

ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံအပြန်အလှန်ထောက်ခံရပ်တည်သွားရေးတို့နှင့် ပတ်သက်ပြီးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယမန်နေ့ ဇန်နဝါရီ (၅)ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စ မာကျားကို နေပြည်တော်၌...
HomeNewsLocal Newsထာဝရငြိမ်းချမ်းရေးတို့အတွက် (NCA)ပါ ကတိကဝတ်များအတိုင်း...

ထာဝရငြိမ်းချမ်းရေးတို့အတွက် (NCA)ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်

ထာဝရငြိမ်းချမ်းရေးတို့အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။

ယနေ့ကျရောက်သည့် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ကနေ ယာယီသမ္မတ က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် နိုင်ငံတော်အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးတို့အတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ ကတိကဝတ်များအတိုင်း လေးစားလိုက်နာပြီး သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ယာယီ သမ္မတ က ပြောကြားထးသည်။

လက်နက်ကိုင်ပြဿနာများနှင့် ဆူပူအကြမ်းဖက်မှုများကြောင့် ထိခိုက်ဆုံးရှုံးမှုများသည် ဖွံ့ဖြိုးမှုအားနည်းသော တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင်သာ အများဆုံးဖြစ်ပေါ်နေကြောင်း တွေ့ရှိရပြီး တည်ငြိမ်အေးချမ်းမှုရှိလျှင် ဒေသဖွံ့ဖြိုးတိုးတက်မှုရှိမည်ဖြစ်ကြောင်း ယာယီသမ္မတ က ပြောသည်။

ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းပြည်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍစုံတွင်သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသစုံတွင်လည်း ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။

ထိုကြောင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဦးတည်ကြိုးပမ်းဆောင်ရွက်ကြပါရန် မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တိုက်တွန်းပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂရင်းလန်းအရေး ပြင်သစ်က ဒိန်းမတ်ဘက်မှ ရပ်တည်ကြောင်းပြောကြား

ပါရီ၊ ဇန်နဝါရီလ ၅ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ့်က အမေရိကန်နိုင်ငံကာကွယ်ရေးအတွက် ဂရင်းလန်းကျွန်းကို လိုအပ်ကြောင်း တနင်္ဂနွေနေ့တွင် အလေးပေးပြောကြားခဲ့ပြီးနောက် ပြင်သစ်နိုင်ငံက ဒိန်းမတ်နိုင်ငံနှင့်အတူ "တစ်သားတည်းရှိကြောင်း" တနင်္လာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရသည်။ "နယ်နိမိတ်တွေကို အင်အားသုံးပြီး ပြောင်းလဲလို့မရပါဘူး" ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပါစကယ် ကွန်ဖာဗရူးက ပြင်သစ်အစိုးရပိုင် ရုပ်သံလိုင်း တေအက်ဖ်အံနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ သမ္မတထရမ့်ပ့်က တနင်္ဂနွေနေ့တွင် သီ အက်တလန်တစ် မဂ္ဂဇင်းနှင့် ပြုလုပ်ခဲ့သည့် ဖုန်းအင်တာဗျူးတစ်ခု၌ အမေရိကန်နိုင်ငံအနေဖြင့် ဂရင်းလန်းကျွန်းကို "လုံးဝ" လိုအပ်ကြောင်း ပြောကြားခဲ့သည်။...

ဟောင်ကောင်တွင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ထိပ်သီးညီလာခံကို ပထမဆုံးအကြိမ် စတင်ကျင်းပမည်

ဟောင်ကောင်၊ ဇန်နဝါရီလ ၅ ဟောင်ကောင်တွင် ကျင်းပမည့် (၁၉) ကြိမ်မြောက် အာရှဘဏ္ဍာရေးဖိုရမ်၌ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးထိပ်သီးအစည်းအဝေးကို ပထမဦးဆုံးအကြိမ် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး၊ ယင်းအစည်းအဝေးသည် ဘဏ္ဍာရေးကဏ္ဍနှင့် လက်တွေ့စီးပွားရေးကဏ္ဍတို့အကြား နက်နက်ရှိုင်းရှိုင်းပေါင်းစည်းရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (အိတ်ချ်ကေတီဒီစီ) က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရနှင့် အိတ်ချ်ကေတီဒီစီ တို့ ပူးပေါင်းစီစဉ်သည့် အဆိုပါဖိုရမ်သို့ ကမ္ဘာ တစ်ဝန်းမှ ၃,၆၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားသည်။ "တိုးတက်ပြောင်းလဲလာသော အခင်းအကျင်းများတွင် နယ်ပယ်အသစ်များကို အတူတကွ ဖော်ဆောင်ခြင်း" ဟူသော...

ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို ပဥ္စမအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း ပြဌာန်းနိုင်ရေး အပြီးသတ်ဆွေးနွေး

ပြည်ထောင်စုတရားစီရင်ရေး ဥပဒေကို ပဥ္စမ အကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း ပြဌာန်းနိုင်ရေး နှင့် ပတ်သက်ပြီး အပြီးသတ်ဆွေးနွေးခြင်းကို ယမန်နေ့ က‌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲကို ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး နှင့် ဒုတိယရှေ့နေချုပ် ၊ ပြည်ထောင်စု တရားလွှတ်တ်ေချုပ်တရားသူကြီး‌ ဒေါ်သင်းသင်းနွဲ့ နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။ တရားသူကြီးများသည် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ) အရ  နေ့စဉ်တရားခွင်တက်ရန် စတင်ဆောင်ရွက်သည့်အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071