Tuesday, September 8, 2026

လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်နှင့် ရေကြည်မြို့နယ်တို့ရှိ...

လေးမျက်နှာ၊ စက်တင်ဘာ ၈ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်နှင့် ရေကြည်မြို့နယ်တို့မှ ရေဘေးသင့်ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လမင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့်...

(၉) ကြိမ်မြောက် ဘင်္ဂလူရူး အာကာသနည်းပညာပြပွဲကြီး...

အိန္ဒိယနိုင်ငံ၊ ကာနာတာက ပြည်နယ်၊ ဘင်္ဂလူရူးမြို့ရှိ Bengaluru International Exhibition Centre (BIEC) ၌ (၉) ကြိမ်မြောက် Bengaluru...

မိုင်းရှုးတွင် တောင်စောင်းမြေပြိုမှုဖြစ်ပွား အမျိုးသား သုံးယောက်...

မိုင်းရှူး၊ စက်တင်ဘာ ၈ ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ မနက်ပိုင်းက  ဟိုဆိုင်ကျေးရွာ၊ ဆိုင်းလျှံနယ်မြေအတွင်း တောင်စောင်းမြေပြိုကျ၍ နေအိမ်(၂)လုံးပေါ်သို့ ပိမိပြီး ကျား(၃)ဦးနှင့်...

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၂၇ ရွာ၏...

ပဲခူး၊ စက်တင်ဘာ ၈ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ ခု၊ မြို့နယ် ၂၆ မြို့နယ်ရှိ ကျေးရွာ ၂၇ ရွာမှ စုစုပေါင်းဧရိယာ...
HomeNewsLocal Newsထရမ့်က သူဟာ အမေရိကန်အတွက်...

ထရမ့်က သူဟာ အမေရိကန်အတွက် “စတော့ရှယ်ယာတွေကနေ ဒေါ်လာ ဘီလျံရာပေါင်းများစွာ ရှာပေးထားတယ်” လို့ AI ပို့စ်များ ဆက်တိုက်တင်ရင်း ပြောကြား

သမ္မတ ဒေါ်နယ်ထရမ့် ဟာ တနင်္ဂနွေနေ့က Truth Social ပေါ်မှာ AI နဲ့ ဖန်တီးထားပုံရတဲ့ ဓာတ်ပုံများစွာကို ဆက်တိုက်တင်ခဲ့ပြီး၊ အဲဒီပို့စ်တွေအနက်သူဟာ အမေရိကန်ပြည်ထောင်စုအတွက် စတော့ရှယ်ယာတွေနဲ့ အခြားပိုင်ဆိုင်မှုများကနေ ဒေါ်လာ ဘီလျံရာပေါင်းများစွာ ရှာဖွေပေးထားတယ်ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုချက်တွေ၊ သက်သေအထောက်အထားမပါတဲ့ သတင်းစကားတွေလဲ ပါဝင်ခဲ့ပါတယ်။

အသက် ၈၀ အရွယ်ရှိ အမေရိကန် သမ္မတဟာ တနင်္ဂနွေနေ့တစ်နေ့တည်းမှာပဲ ၁၀ နာရီကျော်ကြာအောင် သူ့ရဲ့ လူမှုကွန်ရက်ပလက်ဖောင်းပေါ်ကို AI နဲ့ ဖန်တီးထားပုံရတဲ့ ပုံဒါဇင်များစွာ တင်ခဲ့ပါတယ်။ အဲဒီပုံတွေထဲမှာ အီရန်နိုင်ငံ ရှုံးနိမ့်သွားတဲ့ပုံ၊ သူနဲ့ ဂျော့ဝါရှင်တန် နဲ့အတူတူ မြင်းစီးနေတဲ့ပုံ၊ နောက်ပြီး ရုပ်ရှင် မင်းသားကြီး ရောဘတ်ဒီနီရိုးက “Trump is my president” လို့ ရေးထားတဲ့ အင်္ကျီကို ကိုင်ထားတဲ့ပုံ‌တွေ ပါဝင်ပါတယ်။

AI ပုံတစ်ပုံမှာတော့ ထရမ့်ဟာ အိမ်ဖြူတော်အတွင်း မော်နီတာစခရင် အများအပြားရှေ့မှာ ထိုင်ပြီး စတော့ဈေးကွက်ကို စောင့်ကြည့်နေတဲ့ပုံစံနဲ့ ဖော်ပြထားပါတယ်။ အဲဒီပုံရဲ့ ပုံစာမှာ “ကျွန်တော် ဒါကို ကိုယ့်အကျိုးအတွက် မဟုတ်ဘဲ နိုင်ငံအတွက် လုပ်နေတာပါ။ စတော့ရှယ်ယာတွေနဲ့ အခြားပိုင်ဆိုင်မှု အမျိုးမျိုးကနေ အမေရိကန်ပြည်ထောင်စုအတွက် ဒေါ်လာ ဘီလျံရာပေါင်းများစွာ ရှာဖွေပေးထားတယ်။ ကိုယ့်အတွက် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် လုပ်သမျှအတွက် လက်ဝဲယိမ်း ဒီမိုကရက်တွေဆီက ဝေဖန်မှုတွေပဲ ခံနေရတယ်။ တော်တော် မမျှတဘူး။ ဒါပေမဲ့ ဘာတတ်နိုင်မလဲ။”လို့ ရေးသားထားပါတယ်။

ထရမ့်ဟာ AI နဲ့ ဖန်တီးထားတဲ့ ပုံတွေ အကြောင်းအရာတွေ မကြာခဏတင်လေ့ရှိသူတစ်ဦးဖြစ်ပြီး၊ အထူးသဖြင့် လက်ရှိ ဆက်လက်ဖြစ်ပွားနေတဲ့ အမေရိကန်-အီရန် စစ်ပွဲအတွင်း အဲဒီလိုပို့စ်တွေကို မကြာခဏ တင်ခဲ့ပါတယ်။ ဥပမာအားဖြင့် သူ့လက်ထဲမှာ သေနတ်ကိုင်ထားပြီး နောက်ခံမှာ ပေါက်ကွဲမှုတွေ ဖြစ်နေတဲ့ပုံ၊ “NO MORE MR. NICE GUY!” ဆိုတဲ့ စာတန်းပါတဲ့ပုံမျိုးတွေ တင်ခဲ့ဖူးပါတယ်။

အိမ်ဖြူတော်ကတော့ ဒီ AI ပုံရိပ်များနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်များ မေးမြန်းထားတဲ့ သတင်းမီဒီယာတွေရဲ့ တုံ့ပြန်ချက် တောင်းဆိုမှုကို ချက်ချင်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

ထရမ့် တင်ခဲ့တဲ့ AI ပုံအများအပြားမှာ အီရန်နိုင်ငံ ပျက်စီးသွားတာကို ပြသထားပြီး၊ အရင်းအမြစ်အတည်ပြုလို့ မရတဲ့ စီးပွားရေးဆိုင်ရာ infographic များလည်း ပါဝင်ခဲ့ပါတယ်။

အတည်မပြုနိုင်သေးတဲ့ ဇယားတစ်ခုမှာ “အီရန်ငွေကြေးစနစ် ပျက်စီးသွားပြီ” လို့ ဖော်ပြထားပြီး၊ အခြားပုံတစ်ပုံမှာတော့ အီရန်နိုင်ငံမြေပုံပေါ်မှာ “Iran is a Failing Nation” (အီရန်ဟာ ကျရှုံးနေတဲ့ နိုင်ငံတစ်နိုင်ငံ) လို့ ရေးသားထားပါတယ်။

AI ပုံတစ်ပုံမှာ Trump ဟာ စစ်သင်္ဘောတစ်စင်းရဲ့ ကုန်းပတ်ပေါ်ကနေ သင်္ဘောအများအပြား ပေါက်ကွဲပျက်စီးနေတဲ့ မြင်ကွင်းကို ကြည့်ရှုနေတဲ့ပုံအဖြစ် ဖော်ပြထားပါတယ်။ အခြားပုံတစ်ပုံမှာတော့ အမေရိကန်အလံပုံစံလုပ်ထားတဲ့ တူကြီးတစ်လက်နဲ့ အီရန်မြေပုံကို ရိုက်ချိုးနေတဲ့ပုံ ဖြစ်ပါတယ်။ နောက်ထပ်ပုံတစ်ပုံကတော့ ခတ်ဒ်ကျွန်းပေါ်မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားနေပြီး “Bye bye, Kharg” လို့ ရေးသားထားကာ တိုက်လေယာဉ်တစ်စင်း ပျံသန်းနေပါတယ်။

ထရမ့်ဟာ သူ့ကိုယ်သူ အမေရိကန်နိုင်ငံကို ကယ်တင်နေတဲ့ အက်ရှင်ဟီးရိုးတစ်ယောက်လို ဖော်ပြထားတဲ့ AI ပုံများစွာကိုလည်း တင်ခဲ့ပါတယ်။

အချို့ပုံတွေမှာတော့ Capitol အဆောက်အအုံ နောက်ခံနဲ့ အနာဂတ်နည်းပညာစက်ရုပ်များ ဝန်းရံထားတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ဖော်ပြထားပါတယ်။

အခြားပုံတွေမှာတော့ Hulk Hogan လို နပန်းသမားပုံစံ၊ အနီရောင် MAGA ဦးထုပ်ဆောင်းထားပြီး အမေရိကန်အလံကို လွှမ်းခြုံထားတဲ့ပုံစံနဲ့ တွေ့ရပါတယ်။ နောက်ထပ်ပုံတစ်ပုံမှာတော့ Space Force ကွပ်ကဲရေးဌာနရဲ့ ခေါင်းဆောင်အဖြစ် ဖော်ပြထားပါတယ်။

သူ့ရဲ့ AI ပို့စ်များထဲမှာ အခြားနိုင်ငံများ၊ နယ်မြေများ၊ သဘာဝ အထင်ကရ နေရာများ၊ ကောင်းကင်ယံ အရာဝတ္ထုများကိုပါ အမေရိကန်ပိုင် နယ်မြေအဖြစ် ဖော်ပြထားတဲ့ ပုံများ ပါဝင်ခဲ့ပါတယ်။

AI ပုံတစ်ပုံမှာ ဟော်မုဇ်ရေလက်ကြားကို “new U.S. Territory” (အမေရိကန် နယ်မြေသစ်) လို့ ခေါ်ဆိုထားပြီး၊ အခြားပုံတစ်ပုံမှာတော့ New Mexico ပြည်နယ်ကို “New America” လို့ အမည်ပြောင်းထားပါတယ်။

နောက်ထပ်ပို့စ်တစ်ခုမှာ လကို “The Moon is Ours” (လဟာ ကျွန်တော်တို့ပိုင်တယ်) လို့ ရေးသားထားပြီး ဘေးမှာ အမေရိကန်အလံကို ထည့်သွင်းဖော်ပြထားပါတယ်။ အခြားပို့စ်တစ်ခုမှာတော့ ယခုအခါ အမေရိကန်နဲ့ ကနေဒါကြား နယ်နိမိတ်ခွဲထားတဲ့ Lake Ontario ကို “Lake America” လို့ အမည်တပ်ထားပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်နှင့် ရေကြည်မြို့နယ်တို့ရှိ ရေဘေးသင့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေး

လေးမျက်နှာ၊ စက်တင်ဘာ ၈ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်နှင့် ရေကြည်မြို့နယ်တို့မှ ရေဘေးသင့်ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လမင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် e-ID စနစ်ဖြင့် UID နံပါတ် ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ကာ ရေကြီးမှုကြောင့် ပျောက်ဆုံးပျက်စီးသွားသည့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်များကို ကာယကံရှင်များထံ...

(၉) ကြိမ်မြောက် ဘင်္ဂလူရူး အာကာသနည်းပညာပြပွဲကြီး ကျင်းပနေ

အိန္ဒိယနိုင်ငံ၊ ကာနာတာက ပြည်နယ်၊ ဘင်္ဂလူရူးမြို့ရှိ Bengaluru International Exhibition Centre (BIEC) ၌ (၉) ကြိမ်မြောက် Bengaluru Space Expo 2026 ကို စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ ကျင်းပလျက်ရှိသည်။ ပြပွဲဖွင့်ပွဲအခမ်းအနားတွင် ဒေသဆိုင်ရာ ရိုးရာအကအလှများဖြင့် ကြိုဆိုဖျော်ဖြေခဲ့ကြပြီး အိန္ဒိယနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် ခေတ်မီနည်းပညာတို့ကို ပေါင်းစပ်ဖော်ပြသည့် အခမ်းအနား တစ်ရပ်အဖြစ် စိတ်ဝင်စားဖွယ် တွေ့မြင်ရသည်။ အဆိုပါပြပွဲတွင် နိုင်ငံပေါင်း ၂၀ မှ နည်းပညာဆိုင်ရာ...

မိုင်းရှုးတွင် တောင်စောင်းမြေပြိုမှုဖြစ်ပွား အမျိုးသား သုံးယောက် ‌ေ-သဆုံးပြီး အမျိုးသမီးတစ်ဦးကို ဆက်လက်ရှာဖွေနေ

မိုင်းရှူး၊ စက်တင်ဘာ ၈ ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ မနက်ပိုင်းက  ဟိုဆိုင်ကျေးရွာ၊ ဆိုင်းလျှံနယ်မြေအတွင်း တောင်စောင်းမြေပြိုကျ၍ နေအိမ်(၂)လုံးပေါ်သို့ ပိမိပြီး ကျား(၃)ဦးနှင့် မ(၁)ဦး စုစုပေါင်း(၄)ဦး မြေပိနေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲက အသိပေးထုတ်ပြန်ထားသည်။ လွိုင်ဆောင်ထောက်အရန်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်တွင်  ကျား(၃)ဦး(‌ေ-သဆုံး)တို့အား ရှာဖွေတွေ့ရှိခဲ့ပြီး မိုင်းရှူးမြို့နယ်၊ လွိုင်ဆောင်ထောက်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်။ ကျန် အမျိုးသမီး(၁)ဦးအား ဆက်လက်၍ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071