Thursday, May 14, 2026

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို...

ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စက်သုံးဆီများရောင်းချပေး

စစ်ရေးပဋိပက္ခများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ယနေ့ မေ ၁၄ ရက်တွင် စက်သုံးဆီများကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ကော့ကရိတ်မြို့ပေါ်...

မော်လမြိုင်မြို့၌ လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းဖော်ဆောင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်နေထိုင်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရန်အတွက် လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းကိုဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်နေမှုအား မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၁၄ ရက်တွင် စီမံကိန်းဧရိယာအတွင်း...

စက်ရုံပိုင်ရှင်ထွက်ပြေး၍ ဒုက္ခရောက်နေရသည့် မြန်မာအလုပ်သမားများ  WAG...

ထိုင်းနိုင်ငံ၊ ဘန်ဘောရှိ အထည်ချုပ် စက်ရုံပိုင်ရှင်ထွက် ပြေးသွား၍ CI / PJ စာအုပ်များကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား(၁၅၀)ဦးခန့်မှာ အခက်အခဲများကြုံတွေ့နေရကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံမှ...
HomeInternationalထရမ့်-ပူတင် အစည်းအဝေးအတွက် ပြင်ဆင်မှုတွေ...

ထရမ့်-ပူတင် အစည်းအဝေးအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေဟု ထရမ့်၏အကြံပေးက ပြော

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ထရမ့်တို့၏ အလားအလာရှိသော တွေ့ဆုံမှုအတွက် ပြင်ဆင်မှုများလုပ်နေကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ရွေးချယ်ထားသော အမျိုးသားလုံခြုံရေးအကြံပေး မိုက်ဝေ့ါဇ်က ပြောကြားသည်။

“ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု ABC News နှင့် အင်တာဗျူးတွင် သူက ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အကြားဖုန်းဖြင့် ဆွေးနွေးမှုများ မကြာမီ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်းကိုလည်း အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် ရွေးချယ်ခံထားရသူ မိုက်ဝေါ့ဇ်ကပြောသည်။

“ကျနော်တို့က အဲဒါအတွက် တိကျတဲ့မူဘောင်ကို မသတ်မှတ်ရသေးဘူး” ဟု ABC News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြစ်နိုင်ချေရှိသော တွေ့ဆုံမှုနှင့်ပတ်သက်၍ မေးမြန်းသောအခါ သူက ပြောကြားခဲ့သည်။ “ဒါကို ကျွန်တော်တို့ လုပ်ဆောင်နေပေမယ့် လာမယ့်ရက်တွေနဲ့ ရက်သတ္တပတ်တွေမှာ အနည်းဆုံး အချင်းချင်း အပြန်အလှန်ဖုန်းခေါ်ဆိုဖို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် အဆင့်တစ်ဆင့် ဖြစ်မှာဖြစ်ပြီး အဲဒီကနေ ဆက်ပြီးဆောင်ရွက်သွားမှာပါ”ဟုလည်း သူကဆိုသည်။

ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန် လိုအပ်သဖြင့် ပူတင်နှင့် တွေ့ဆုံရန် ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း ထရမ့်က ဇန်နဝါရီ ၁၀ ရက်နေ့က ပြောကြားခဲ့သည်။ ပူတင်၏ ပြန်ကြားရေးတာဝန်ခံ Dmitry Peskov ၏အဆိုအရမူ ရုရှားခေါင်းဆောင်သည် ကြိုတင်သတ်မှတ်ချက်မရှိဘဲ အမေရိကန်ခေါင်းဆောင်သစ် နှင့် တွေ့ဆုံရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အိန္ဒိယလူမျိုးဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ သည် စိတ်ပိုင်းဆိုင်မြှင့်တင်ပေးသည့် ဒသနဆရာ၊ လူသားချင်းစာနာထောက်ထားရေး တက်ကြွလှုပ်ရှားသူနှင့် ငြိမ်းချမ်းရေးသံတမန်တစ်ဦးအဖြစ် လူသိများသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဂုရုကြီး၏ မွေးနေ့ပွဲကို ကမ္ဘာတစ်ဝန်းမှ ခေါင်းဆောင်များနှင့် ဧည့်ပရိသတ်များသည် ရက်များခွဲကာ စည်ကားသိုက်မြိုက်စွာ နိုင်ငံအလိုက်ကျင်းပလျက်ရှိသည်။

ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စက်သုံးဆီများရောင်းချပေး

စစ်ရေးပဋိပက္ခများကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်နှင့် ကျေးရွာများမှ တောင်သူများကို စိုက်ပျိုးရေးလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ယနေ့ မေ ၁၄ ရက်တွင် စက်သုံးဆီများကိုရောင်းချပေးခဲ့ကြောင်း သိရသည်။ ကော့ကရိတ်မြို့ပေါ် အမှတ်(၄)ရပ်ကွက်၊ အမှတ်(၆)ရပ် ကွက်၊ အမှတ်(၇ရပ်ကွက်၊ မြို့နယ်အတွင်းရှိ ရေကျော်ကြီးကျေးရွာ၊ ရေကျော်လေးကျေးရွာ၊ လှိုင်ဝကျေးရွာ၊ ရန်ကုတ်ကျေးရွာတို့မှ တောင်သူများလက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့၌ လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းဖော်ဆောင်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်နေထိုင်သူများ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိရန်အတွက် လှိုင်ရတနာမြို့ကွက်သစ်ရေပေးဝေရေးစီမံကိန်းကိုဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်နေမှုအား မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဒေါက်တာအောင်မြတ်ကျော်စိန်နှင့် တာဝန်ရှိသူများက ယနေ့ မေ ၁၄ ရက်တွင် စီမံကိန်းဧရိယာအတွင်း ရေပိုက်လိုင်းများသွယ် တန်းနေမှု၊ မြေကျင်းတူးဖော်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် မွန်ပြည်နယ်စည်ပင်ဝန်ကြီးမှ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကိုမှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071