အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျက်ဆီးမှုကြောင့် ချင်း ပြည်နယ်၊ တွန်းဇံမြို့နယ်၌ လျှပ်စစ်ဓာတ်အားပေးဝေသည့် အဆောက်အအုံများ၊ တာဝန်တိုင်များ၊ ထရန်စဖော်မာများနှင့် အခြားဆက်စပ်ပစ္စည်းများ ပျက်စီးဆုံး ရှုံးခဲ့ရကာ တွန်းဇံဒေသခံများမှာ လျှပ်စစ်မီးအသုံးပြုနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တပ်မတော်က တွန်းဇံမြို့နယ်အား အပြည့်အဝပြန်လည်ထိန်းချုပ်ပြီးချိန်မှစတင်ကာ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများပြုလုပ်ချိန်၌ လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးနိုင်ရေးလုပ်ငန်းများကိုပါထည့်သွင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားမရရှိသေးချိန်တွင် တွန်းဇံမြို့နယ်ပြည်သူ့ဆေးရုံအား လျှပ်စစ်မီးရရှိရေးအတွက် ရပ်မိ ရပ်ဖများနှင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှတာဝန်ရှိသူများစုပေါင်း၍ ဆိုလာစနစ် (3.5 kW)ကို တပ်ဆင်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် တွန်းဇံမြို့သို့ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများအတွက် အခြေခံစားကုန်များဖြစ်သော ဆန်အိတ်(၂၀၀)အိတ်၊ စားအုန်းဆီ (၆၄၀)ပိဿာ၊ မိ သားစုဝင်များနှင့် ဒေသခံများအတွက် ကုလားပဲ (၁,၅၂၀)ပိဿာနှင့် ဆား(၁,၅၂၀)ထုတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
