Monday, June 15, 2026

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

ပေကျင်း၊ ဇွန် ၁၅ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅...

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယနေ့ ဇွန် ၁၅ ရက်...

ကချင်ပြည်နယ်က ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၆၀၉)...

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း၌ ခိုလှုံနေထိုင်လျက်ရှိသော စခန်း...

တရားမဝင် ယစ်မျိုးလိုင်စင်များကို မြေပြင်တွင် စီမံကိန်းပုံစံဖြင့်...

စီမံချက်ဆောင်ရွက်ရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများကို တင်ပြဆောင်ရွက်မည်ဖြစ် မြန်မာနိုင်ငံတွင် တရားမဝင် ယစ်မျိုးလိုင်စင်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိကို ယနေ့ ဇွန် ၁၅ ရက်နေ့တွင်...
HomeNewsLocal Newsတောင်ပြုံးပွဲတော်၏ အကြိုပွဲတော်ဖြစ်သည့် အိုးပုတ်ပွဲတော်ကို...

တောင်ပြုံးပွဲတော်၏ အကြိုပွဲတော်ဖြစ်သည့် အိုးပုတ်ပွဲတော်ကို ဩဂုတ်လ (၂၃) ရက်နှင့် (၂၄) ရက်တွင် နှစ်ရက်ကြာကျင်းပမည်

တောင်ပြုံးပွဲတော်၏ အကြိုပွဲတော်ဖြစ်သည့်မန္တလေးမြို့၏ ယဉ်ကျေးမှုရိုးရာဓလေ့ကို ဖော်ထုတ်ပြသသော အိုးပုတ်ပွဲတော်ကို လာမည့် သြဂုတ် (၂၃)ရက်နှင့် (၂၄) ရက်တွင် နှစ်ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ဒီပွဲတော်ကို ဘယ်အချိန်ကတည်းက စတင်ကျင်းပလာခဲ့တယ်ဆိုတာကတော့ အတိအကျတော့မသိဘူး။ ဒါပေမဲ့ တောင်ပြုံးပွဲတော်မစခင် အကြိုပွဲတော်လို့ ပြောလို့ရပါတယ်။ အရင်က ဒီနေရာမှာ လှေဆိပ်၊ လှည်းဆိပ်ဖြစ်ခဲ့တာဆိုတော့ တောင်ပြုံးပွဲတော် အသွားမှာ ဈေးသည်တွေက ဒီနေရာမှာခဏနားပြီးရောင်းချရင်းနဲ့ မိရိုးဖလာပွဲတော် တစ်ခုဖြစ်လာတာပေါ့။ ဒါကို လက်ဆင့်ကမ်း ထိန်းသိမ်းပြီး နှစ်တိုင်းကျင်းပလာခဲ့တာပါ”ဟု မန္တလေးမှ ဒေသခံတစ်ဦးဖြစ်သူ ကိုဝင်းမင်းထွန်းက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

အဆိုပါ ပွဲတော်တွင် မြေထည်ပစ္စည်းများဖြစ်သည့် အိုးပုတ်၊ ချိုးရုပ်၊ တိရစ္ဆာန်ရုပ်၊ ဆီမီးခွက်များနှင့် မြေအိုး၊ စဉ့်ထည်၊ ပန်းအိုး၊ ရေအိုးများကို မြို့ရွာအနှံ့မှ လာရောက်ရောင်းချကြသော ဈေးဆိုင်တန်းကြီးမှာ အိုးဘို ရွှေကျင်ရပ်၊ ဧရာဝတီတာရိုးတစ်လျှောက်မှ ရပ်ကွက်လမ်းများအထိ ရှည်လျားစွာ ရှိနေပြီး ရပ်ကွက်အတွင်းရှိ ဒေသခံများသာမက အနီးအနားမြို့နယ် ကျေးရွာများ၊ ပြည်တွင်းခရီးသွားဧည့်သည်များ လာရောက်ဝယ်ယူကြသဖြင့် အလွန်စည်ကားသော ပွဲတော်တစ်ခုဖြစ်ကြောင်း သိရသည်။

အိုးပုတ်ပွဲသည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော တစ်ညနေခင်းသာ ကျင်းပသည့် မြန်မာ့ရိုးရာ ပွဲတော်တစ်ခု ဖြစ်ပြီး နှစ်စဉ် ဝါခေါင်လဆန်း (၈) ရက်တွင် ကျင်းပပြုလုပ်လေ့ရှိကြောင်း သိရသည်။

ထို့ပြင်တောင်ပြုံးပွဲတော်ကို ကိုဗစ်ကပ်ရောဂါကာလ ၂၀၂၀ ပြည့်နှစ်နှင့် ပြည်တွင်းပဋိပက္ခများ စတင်လာသည့် ၂၀၂၁ ခုနှစ် ကာလတွင် တောင်ပြုံးပွဲတော်ကို မကျင်းပဖြစ်သည့်အတွက် ယခု၂၀၂၃ ခုနှစ်တွင်ရှေးရိုး အစဉ်အလာအတိုင်း သြဂုတ်လ (၂၄) ရက်မှ (၃၁) ရက်အထိ ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Photo crd- Phoe Kyaw

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လေ့လာ

ပေကျင်း၊ ဇွန် ၁၅ တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့သည်။ Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသသိပ္ပံ၊ ဂြိုဟ်တုနည်းပညာ၊ ဒုံးပျံစနစ်များနှင့် အဆင့်မြင့်လေကြောင်းနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ပြီး ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ...

နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ပေကျင်း၌ ဂုဏ်ပြုကြိုဆို

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ယနေ့ ဇွန် ၁၅ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် ပေကျင်းမြို့ရှိ Capital International Airport သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပေကျင်းမြို့ရှိ Capital International Airport တွင် တရုတ်နိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများက တရုတ်နိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ...

ကချင်ပြည်နယ်က ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စု (၆၀၉) စုအား ဆန်အိတ် ၂၀၀ ထောက်ပံ့

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း၌ ခိုလှုံနေထိုင်လျက်ရှိသော စခန်း (၉) ခုမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲကို မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ ပြည်နယ်လွှတ်တော်ရုံးအနီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) ပိုင်မြေဧရိယာအတွင်း ဖွင့်လှစ်ထားသည့် ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း ခန်းမဆောင်၌ ကျင်းပခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဒေါ်ဒွဲဘူက မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071