တောင်ငူမြို့တွင် ရုတ်တရက်ရေကြီးရေ လျှံဖြစ်ပွားပါက ကူညီကယ်ဆယ်နိုင်ရန် မိတ်ဖွဲ့ အဖွဲ့အစည်းများဖြင့် စုဖွဲ့ပြင်ဆင်ထားရှိကြောင်းနှင့် လိုအပ်မည့် ကယ် ဆယ်ရေးသုံးစက်လှေများကိုလည်း အဆင်သင့် ပြင်ဆင်ထားပြီဖြစ်ကြောင်း တောင်ငူအခြေစိုက်လူမှုကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။
လက်ရှိ တောင်ငူမြို့ စစ်တောင်းမြစ်ရေသည် ယနေ့ နံနက် ၆နာရီခွဲအချိန်၌ ၄၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ၂၄ နာရီအတွင်း ၆၅ စင်တီမီတာ ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။ တောင်ငူမြို့ စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေမှတ်မှာ ၆၀၀ စင်တီမီတာတွင်ရှိသည်ဟုဆိုသည်။
” ကျွန်တော်တို့ မိတ်ဖက်အဖွဲ့တွေ ပူး ပေါင်းပြီး စုဖွဲ့ပြင်ဆင်တာရှိသလို အချို့ အသင်းအဖွဲ့တွေလည်း သူဟာနဲ့သူပြင် ဆင်ထားတာမျိုးရှိပါတယ်။ အထက်ဘက်မှာ မိုးများလို့ရှိရင် တောင်ငူမှာ ရေ ကြီးရေလျှံတာကို သတိထားစောင့်ကြည့်ရမှာပါ။ စစ်တောင်းမြစ်ရေကတော့လောလောဆယ်မှာ စိုးရိမ်ရေမှတ်ရောက်ဖို့ ၁၀၀ စင်တီမီတာကျော်ကျော်လောက် လိုနေပါသေးတယ်”ဟု ရှင်းပြသည်။
သဘာဝဘေးများအနေဖြင့် အချိန်အခါမဟုတ် ရုတ်တရက် ပေါ်ပေါက်လာတတ်သည့်အပြင် အချို့ဒေသများတွင် မိုးရွာသွန်းမှုများ ရက်ဆက်ရှိနေသည့်အတွက် တောင်ငူမြို့ ရုတ်တရက်ရေကြီးရေလျှံဖြစ်ပွားလာမည့်အပေါ် စောင့်ကြည့်နေကြရကြောင်း ဆိုသည်။
ထိုသို့ မိုးဆက်တိုက်ရွာသွန်းပါက ပေါင်းလောင်း၊ ဆွာ၊ စစ်တောင်းမြစ်အထက် မြစ်ရေများစီးဆင်းလာနိုင်သည့်အတွက် မြစ်ကမ်းနဘေးနေထိုင်သူများ၊ အနိမ့်ပိုင်းနေထိုင်သူများ ဂရုစိုက်နေထိုင်ကြပါ ရန် လိုအပ်ပါက ဘေးလွတ်ရာကို ပြောင်းရွေ့ရန် နှိုးဆော်ထားရှိကြောင်း သိရသည်။
