ပါရီ၊ဧပြီ ၁၈
ပါရီ၌ပြုလုပ်ခဲ့သည့် ရုရှား-ယူကရိန်းအရေးဆွေးနွေးပွဲအပြီးရက်ပိုင်းအတွင်း တိုးတက်မှု မရှိလျှင်အမေရိကအနေဖြင့် ရုရှား-ယူကရိန်းအရေးတွင် ကြားဝင်တော့မည်မဟုတ်ကြာင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကပြာကြားခဲ့သည်။
“ရုရှား-ယူကရိန်းကိစ္စကို လကနေနှစ်ချီတဲ့အထိ အာရုံစိုက်လုပ်သွားမှာမဟုတ်ပါဘူး၊ဆွေးနွေးပြီးရက်ပိုင်းအတွင်း သိသိသာသာပြာင်းလဲမှုဖြစ်ရင်ဖြစ် မဟုတ်ရင်ကျွန်တော်တို့မှာ တခြားဦးစားပေးလုပ်ဆာင်ရမဲ့အရာတွေရှိသေးလို့ပါ” ဟုလည်းဆိုခဲ့သည်။
အမေရိက၊ယူကရိန်းနှင့်ဥရောပတို့သည် ဇန်နဝါရီလက သမ္မတဒေါ်နယ်ထရမ့်ပ်ရာထူးရလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့ရက်ပိုင်းက ပြင်သစ်၌ တွေ့ဆုံညှိနှိုင်းကြခြင်းလည်းဖြစ်သည်။
ထရမ့်ပ်သည် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရေးကို အလျင်အမြန် ကြားဝင်ဖြေရှင်းနိုင်ရန်ကြိုးပမ်းနေသော်လည်း ကြိုးပမ်းမှုများသည် ယခုအချိန်အထိ အောင်မြင်မှုမရရှိသေးပေ။
မတ်လ ၁၈ ရက်နေ့က ထရမ့်ပ်သည် နှစ်ဘက်စလုံးကို စွမ်းအင်အခြေခံအဆောက်အဦများကိုတိုက်ခိုက်ခြင်းကို ရက်ပေါင်း ၃၀ ရှောင်ကြဉ်ရန်အဆိုပြုခဲ့သည်ကို ရုရှားနှင့်ယူကရိန်းတို့ကသဘောတူခဲ့ကြသည်။
သို့သော် ယူကရိန်းတပ်ဖွဲ့များသည် ရုရှားနိုင်ငံ၏ဧရိယာ ၁၅ ခုရှိ စွမ်းအင်အခြေခံအဆောက်အဦများကိုဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း ရုရှားက သောကြာနေ့တွင်ပြောကြားခဲ့သည်။
ထို့အတူ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် တိုးတက်မှုအချို့ရှိသော်လည်း ခက်ခဲနေဆဲဖြစ်ကြောင်း ခရမ္မလင်၏ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စကော့ဗ်ကပြောကြားခဲ့သည်။
Source : ရှင်းဟွာ