Thursday, June 25, 2026

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ...

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့်...

နန့်ယင်ချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ၁...

နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျသွားနိုင်ဟု မိုးဇလအသိပေး ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့်နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၁ လက်မ ကျော်နေကာ ၊...

ငလျင်ဒ-ဏ်သင့် နိုင်ငံပိုင်ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း...

ငလျင်ပျ-က်စီး အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည် ငလျင်ဒ-ဏ်သင့်အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး...

ပြည်ထောင်စုလွှတ်တော်နာယကနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ဝန်ထမ်းများအား အိန္ဒိယနိုင်ငံသို့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ စေလွှတ်ရေး ဆွေးနွေး ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr....
HomeNewsLocal Newsတိုင်းနှင့်ပြည်နယ် ၈ ခုမှ...

တိုင်းနှင့်ပြည်နယ် ၈ ခုမှ မြို့နယ် ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေးပေးအပ်

အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် နစက မှ တိုင်းနှင့်ပြည်နယ် ၈ ခုမှ မြို့နယ် ၃၇ခု အား ဖွဲ့စည်းပုံအ ခြေခံဥပဒေ ၄၁၉ အရ အမိန့်အမှတ်(၁/၂၀၂၃)(၂/၂၀၂၃)(၃/၂၀၂၃)(၄/၂၀၂၃)(၅/၂၀၂၃)(၆/၂၀၂၃တို့ဖြင့် စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်ဟု ဖေဖော်ဝါရီ ၂ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် စစ်ကိုင်းတိုင်းရှိ အင်းတော်၊ဗန်းမောက်၊ကောလင်း၊ပင်လယ်ဘူး၊မြောင်၊ဆားလင်းကြီး၊ပုလဲ၊ယင်းမာပင်၊ခင်ဦး၊တန့်ဆည်နှင့်ရေဦးမြို့နယ်၊ ချင်းပြည်နယ်ရှိ တီးတိန်၊ထွန်းဇံ၊ဖလမ်း၊ကန်ပက်လက်၊မတူပီ၊ထန်တလန်နှင့်ဟားခါးမြို့နယ်တို့အား အမိန့်အမှတ်(၁/၂၀၂၃)ဖြင့် စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မကွေးတိုင်းရှိ ဂန့်ဂေါ၊ထီးလင်း၊ဆော၊ပေါက်နှင့်မြိုင်မြို့နယ်တို့အား အမိန့်အမှတ် (၂/၂၀၂၃)၊တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ပဲခူးတိုင်းရှိ ထန်းတပင်၊အုတ်ဖို၊နတ်တလင်း၊ပေါင်းတည်နှင့်ပေါက်ခေါင်းမြို့နယ်တို့အား အမိန့်အမှတ် (၃/၂၀၂၃)တို့ဖြင့် စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မွန်ပြည်နယ်ရှိ ရေးမြို့နယ်၊ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးနှင့်ကော့ကရိတ်မြို့နယ်တို့အား အမိန့်အမှတ် (၄/၂၀၂၃)၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းရှိ တနင်္သာရီနှင့်ပုလောမြို့နယ်တို့အား အမိန့်အမှတ် (၅/၂၀၂၃)၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)နယ်မြေဖြစ်သည့် ကယားပြည်နယ်ရှိ ဒီးမော့ဆို၊ဖရူဆို၊ရှားတောနှင့်ဘောလခဲမြို့နယ်တို့အား အမိန့်အမှတ်(၆/၂၀၂၃)တို့ဖြင့် အသီးသီးစစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့သည်။

နစက မှ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့်နယ် မြေအေးချမ်းသာယာရေးအား ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် စစ်အုပ်ချုပ်ရေးအပ်နှင်းခဲ့ခြင်းဖြစ်ကာ ယင်း နယ်မြေများရှိ တိုင်းမှူးများသည် အချိန်နှင့်တစ်ပြေးညီပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေပေါ်မူတည်၍ ကိုယ်တိုင်(သို့)စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်ကာ စစ်အုပ်ချုပ်ရေးအာဏာကျင့်သုံးနိုင်သည်ဟု ထုတ်ပြန်ခဲ့သည်။

စစ်အုပ်ချုပ်ရေးအပ်နှင်းထားသည့် တိုင်းမှူးများသည် နယ်မြေအတွင်း၌ အုပ်ချုပ်ရေးအဖြစ် လုံခြုံရေး၊လူမှုရေး၊ကုန်သွယ်ရေး၊သယ်ယူပို့ဆောင်ရေး၊ တရားစီရင်ရေးအဖြစ် တရားရုံးများဖွဲ့စည်းခြင်း၊စစ်ခုံရုံးဖြင့်စစ်ဆေးခြင်း၊ပြစ်ဒဏ်ချမှတ်ခြင်း၊အတည်ပြုခြင်း၊အယူခံခြင်း၊ပြင်ဆင်မှုလျှောက်ထားခြင်းတို့ကို ဆောင်ရွက်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမိန့်အမှတ်(၇/၂၀၂၃)ဖြင့် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် တာဝန်များထမ်းဆောင်ရာ၌ အထောက်အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေးအကြံပေးအဖွဲ့အားဖွဲ့စည်းနိုင်ပြီး စစ်အုပ်ချုပ်ရေးဒေသအတွင်းဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်အား နစက ဥက္ကဋ္ဌ ထံအစီရင်ခံရမည်ဟု ထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြန်လည်ရောက်ရှိ

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့် 2 nd International Forum of the Union State "Great Heritage- Common Future"တက်ရောက်ပြီးမိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ဇွန် ၂၄ ရက်ည ၈ နာရီတွင် ဘယ်လာရုစ်နိုင်ငံမှတစ်ဆင့် ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်၊ ဒု-ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ USDP ပါတီမှတာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ဘယ်လာရုစ်နိုင်ငံရောက်ရှိနေသည့်...

နန့်ယင်ချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ၁ လက်မကျော်နေ၊

နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျသွားနိုင်ဟု မိုးဇလအသိပေး ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့်နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၁ လက်မ ကျော်နေကာ ၊ နောက် ၁ ရက်အတွင်း စိုး ရိမ်ရေမှတ်အောက်ပြန်လည်ကျဆင်းသွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇွန်၂၅ရက် နံနက်ပိုင်းတွင် အသိပေးထားသည်။ အသိပေးချက်အရ နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်ထက် ပေဝက်ကျော် (၆ လက်မကျော်)အထိ မြင့်တက်နေပြီး နောက် ၁ ရက်အတွင်း ၃ လက်မခန့် ပြန်ကျနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနေမည်ဟုဆိုထား...

ငလျင်ဒ-ဏ်သင့် နိုင်ငံပိုင်ရုံးအဆောက်အဦးများနှင့် ဝန်ထမ်းအိမ်ရာများ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြန်လည်တည်ဆောက်ပြီးစီးရေး ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဉီးမျိုးသန့် တိုက်တွန်း

ငလျင်ပျ-က်စီး အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်မည် ငလျင်ဒ-ဏ်သင့်အဆောက်အဦးများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆောက်အဦးများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ကို ဇွန် ၂၄ ရက်က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မန္တလေးငလျင်ကြီးကြောင့် ပျ-က်စီးခဲ့သည့် နိုင်ငံပိုင်ရုံးအဆောက်အဦးများ၊ အထူးအဆောက်အဦးများနှင့် နိုင်ငံ့ဝန်ထမ်းအိမ်ရာများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရာနှုန်းပြည့် ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးစေရေး အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရနိုင်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071