ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မ ကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့၏ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ကိုယ်စားလှယ်များရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ကြေညာချက်အမှတ် (၃ /၂၀၂၆) ဖြင့် ယနေ့ ဇန်နဝါရီ ၂ ရက်က ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတို့က တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၁ (က) နှင့်အညီ ကိုယ်စားလှယ်လောင်းများအမည်စာရင်းကိုထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
USDP ပါတီ၏ ကိုယ်စားလှယ်များဖြစ်သည့် ကချင် ပြည်နယ်မှ (၁) ဦး၊ စစ်ကိုင်းတိုင်းမှ (၇) ဦး၊ တနင်္သာရီတိုင်းမှ (၂) ဦး၊ မကွေးတိုင်းမှ (၁) ဦး၊ ရှမ်းပြည်နယ်မှ (၃) ဦးတို့ တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရှမ်းပြည်နယ်၏ အာခါတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှဝင်ရောက်ယှဥ်ပြိုင်ခဲ့သော အာခါအမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီမှကိုယ်စားလှယ်လည်း ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရကြောင်း သိရသည်။
