ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် အခြေခံပညာစာသင်ကျောင်းများနှင့် နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ယနေ့ သြဂုတ် ၁၆ ရက်မှစတင်၍ အဖျောက်မြို့ရှိ အ.မ.က(သဲရိုး)၊ အ.လ.က(ခွဲ) အလယ်ကင်း၊ အ.မ.က(ရေပြန်)၊ အ.မ.က(ရေလဲကြီး)၊ အ.မ.က(မအူကုန်း)တို့အား ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းများကို ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းသွားပါက ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းပိတ်ရက်များအတွင်း သင်ခန်းစာများ နောက်မကျစေရန် အစားထိုးသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
