Saturday, June 13, 2026

လဝက၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်တွင်ကျရောက်မည့် (၃၁) နှစ်မြောက်နှစ် ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများက ဇွန် ၁၂...

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား...

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊...

အင်ဒိုနီးရှားက မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုကိုကူညီမည်

ဇွန်လ ၁၀ ရက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို က မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပံ့ပိုးကူညီသွားမည့်...
HomeNewsLocal Newsတာချီလိတ်မြို့ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်း...

တာချီလိတ်မြို့ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်း ဆိပ်ကမ်းမှတဆင့် တရုတ်၊ အိန္ဒိယနှင့် ထိုင်း ခရီးသွားများဝင်ရောက်မှု များပြားဟု ဆို

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်း ဆိပ်ကမ်းမှတဆင့် တရုတ်၊ အိန္ဒိယနှင့် ထိုင်း ခရီးသွားများဝင်ရောက်မှု များပြားလျှက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

ပြီးခဲ့သော ဒီဇင်ဘာ (၂၅)ရက် မှ (၂၇) ရက်နေ့အထိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်၏ မြေပြင်ကွင်းဆင်းတွေ့ရှိချက်များကို ဝန်ကြီးဌာန ပြန်ကြား ရေးကတဆင့် ပြန်လည် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်သည် ဒီဇင်ဘာ (၂၅)ရက်တွင် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေး တံတားသို့ သွားရောက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်စပ်ဒေသများတွင် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်တန်းခရီးစဉ်များနှင့် နယ်စပ်ဒေသခရီးသွားလုပ်ငန်းများ အဆင်ပြေလွယ်ကူချော မွေ့စွာ ဖော်ဆောင်နိုင်ရေးအတွက် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာ (၂၆)ရက်တွင် တာချီလိတ်မြို့၊ ဝမ်ပုံစံပြကျေးရွာအနီးရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်းသို့သွားရောက်၍ ခရီးသွားလုပ်ငန်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုခဲ့ သည်။

ယင်းနောက် မိုင်းဖုန်းကျေးရွာရှိ မိုင်းဖုန်းဆရာတော်ဘုရားကျောင်းသို့ သွားရောက်၍ ခရီးသွားဧည့်သည်များ ကျောင်းတော်သို့ လာရောက်ဖူးမြော်ပြီး ဘုရားဖူးခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး အခြေအနေများကို ကြည့်ရှုခဲ့သည်။

ထို့အပြင် မဲခေါင်မြစ်တစ်လျှောက် ရေယာဉ်ဖြင့် လှည့်လည် ကြည့်ရှုခဲ့ကာ မြစ်တွင်းသွားအပျော်စီးသင်္ဘောခရီးသွားလုပ်ငန်း အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ထပ်မံလှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့ရှိ ဝမ်းဂျီဝမ်း ဟိုတယ်၌ ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအား တွေ့ဆုံပွဲ ပြုလုပ်စဥ် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံများမှ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ အများအပြား လာရောက်လည်ပတ်ကြသည်ကိုတွေ့ရှိရကြောင်း၊ ဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းများ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

အလားတူ တာချီလိတ်မြို့သည် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိပြီး နယ်စပ်ဒေသခရီးသွား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်အတွက် အလားအလာရှိပါကြောင်း၊
ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မိမိတို့၏ခရီးစဉ်ဒေသများသို့ ခရီးသွားဧည့်သည်များပိုမိုဝင်ရောက်လာရေးအတွက် ဈေးကွက်ရှာဖွေရေးနှင့် မြှင့်တင်ကြော်ငြာရေးကိစ္စရပ်များကို ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ခရီးစဉ်ဒေသများအလိုက် တစ်နှစ်ပတ်လုံး လည်ပတ်နိုင်ရေးအတွက် ခရီးစဉ်ဒေသအသစ်များဖော်ထုတ်ကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွားများကို ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေးအတွက် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ခရီးစဉ် ဒေသခရီးသွားထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသရှိ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဒီဇင်ဘာ (၂၇)ရက်နေ့တွင် တာချီလိတ်မြို့၊ ရွှေတိဂုံဘုရားစေတီတော်ကြီးသို့ သွားရောက်ဖူးမျှော်ကာ ဘုရားဖူးခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ လာရောက်ဖူးမျှော်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တာချီလိတ်ရုံးခွဲသို့ သွားရောက်၍ ရုံးခွဲတွင်တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအား တွေ့ဆုံ နှုတ်ဆက်ပြီး လုပ်ငန်းကျွမ်းကျင်မှုနှင့် ဘာသာစကားကျွမ်းကျင်မှုရှိရေးအတွက် ကြိုးစားကြရန်၊ နိုင်ငံ့ဝန်ထမ်းများဖြစ်၍ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်ကြရန်နှင့် နိုင်ငံတော်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကြိုးစားပြီး စေတနာထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်း ဆိပ်ကမ်းကို ၂ဝ၂ဝ ခုနှစ် မေလအတွင်း အပြီးသတ်ရန် ရည်မှန်းထားခဲ့သော်လည်း ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် နှောင့်နှေးခဲ့ရကာ ၂ဝ၂၂ ခုနှစ် အတွင်းမှပြီးစီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဝမ်ပုံဆိပ်ကမ်းသည် မြန်မာနိုင်ငံနှင့် အခြား လန်ချန်း-မဲခေါင်နိုင်ငံများအကြား ကုန်စည်ပို့ဆောင်ကူးသန်း ရောင်းဝယ်မှုကို မြှင့်တင်ပေးမည့်အပြင် မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ ခရီးသွားလာမှုများမှတဆင့် စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှုကို အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လဝက၏ (၃၁)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်စုပေါင်းသွေးလှူဒါန်း

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်တွင်ကျရောက်မည့် (၃၁) နှစ်မြောက်နှစ် ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှဝန်ထမ်းများက ဇွန် ၁၂ ရက်နံနက်ပိုင်းတွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ရှိ သွေးလှူဘဏ်ခန်းမဆောင်၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။ ထိုသို့ စုပေါင်းသွေးလှူဒါန်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများကြည့်ရှုအားပေးခဲ့ကြသည်။ ကျန်းမာရေးဝန်ထမ်းများကသွေးလှူဒါန်းမည့် ဝန်ထမ်းများအား သွေးပေါင်ချိန်တိုင်းစစ်ဆေးမှု၊ သွေးအမျိုးအစားခွဲခြားသတ်မှတ်မှုနှင့် သွေးအလှူရှင်အား နည်းပညာအသုံးပြုမှတ်တမ်းတင်နေမှုတို့ကိုကြည့်ရှုပြီး သွေးလှူရှင်များကိုအာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့် ဌက်ဖျားရောဂါပိုး ရှိ၊ မရှိ သွေးစစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ထို့အတူ အထွေထွေရောဂါ၊ ကလေးကျန်း မာပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ အရိုး၊ အကြောရောဂါပညာ၊ မျက်စိ၊ နား၊ နှာခေါင်း၊  လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာ၊ သွားနှင့်ခံတွင်းရောဂါ၊ အကြော၊ အဆစ်နှင့် ပြန်လည်သန်စွမ်းရေးနှင့် ဓါတ်မှန်နှင့်ပုံရိပ်ဖော်စသည့်...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071