Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeMoviesတရုတ်၏ နာမည်ကျော် နီရှင်းမြေအိုးယဉ်ကျေးမှုကို...

တရုတ်၏ နာမည်ကျော် နီရှင်းမြေအိုးယဉ်ကျေးမှုကို ထိတွေ့ခံစားနိုင်သည့် ချင်ကျိုး နီရှင်းမြေအိုးပြတိုက်

တရုတ်နိုင်ငံ၏ “နာမည်ကျော် မြေအိုးကြီးလေးမျိုး” အနက် တစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် ချင်ကျိုး နီရှင်းမြေအိုး (Qinzhou Nixing Pottery) ယဉ်ကျေးမှုအမွေအနှစ်များကို စုစည်းပြသထားသည့် ချင်ကျိုး နီရှင်းမြေအိုးပြတိုက်သည် ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်ကျိုးမြို့ရှိ အထင်ကရ ယဉ်ကျေးမှုလေ့လာရေးနေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။

ချင်ကျိုး Garden Expo Park အတွင်း တည်ရှိသည့် အဆိုပါပြတိုက်ကို ရိုးရာမြေအိုးပြုလုပ်ရာတွင် အသုံးပြုသည့် လက်ဖြင့်လှည့်ဆွဲပုံဖော်သည့် နည်းပညာကို အခြေခံကာ ထူးခြားဆန်းသစ်သည့် ဗိသုကာလက်ရာဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

ပြတိုက်အတွင်းတွင် နီရှင်းမြေအိုး၏ သမိုင်းကြောင်း၊ ရိုးရာထုတ်လုပ်မှုနည်းစနစ်များ၊ ရှေးဟောင်းလက်မှုပညာ ခြောက်ရပ် (Six Arts of Ancient Methods) နှင့် ကျော်ကြားသော မြေအိုးပညာရှင်များ၏ လက်ရာမြောက်အနုပညာဖန်တီးမှုများကို စုံလင်စွာ လေ့လာနိုင်သည်။

ထူးခြားသည်မှာ နီရှင်းမြေအိုး ပြုလုပ်သည့် လုပ်ငန်းစဉ်များကို ကိုယ်တိုင် လက်တွေ့ပါဝင်ပြုလုပ်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ မြေကြီးနှင့် ရေကို ပေါင်းစပ်ကာ ပုံသဏ္ဌာန်တစ်ခု ဖန်တီးရသည့် အခိုက်အတန့်တွင် သဘာဝ၏ အနုပညာဆန်မှုကို အနီးကပ်ထိတွေ့ခံစားနိုင်ခဲ့သလို စိတ်အေးချမ်းမှုနှင့် ပျော်ရွှင်မှုကိုလည်း တစ်ပြိုင်နက်တည်း ခံစားခဲ့ရသည်။

နီရှင်းမြေအိုးကို ကိုယ်တိုင်ပုံဖော်နေချိန်တွင် မြန်မာနိုင်ငံရှိ ရိုးရာအိုးလုပ်ငန်းများကို အမှတ်ရမိသည်။ မြေကြီးတစ်စကို လက်ဖြင့်ထိတွေ့ပုံဖော်ရသည့် ခံစားချက်၊ အိုးတစ်လုံးဖြစ်လာရန် စိတ်ရှည်သည်းခံစွာ ဖန်တီးရသည့် လုပ်ငန်းစဉ်များမှာ မြန်မာ့ရိုးရာအိုးလုပ်ငန်းနှင့် များစွာဆင်တူနေသည်။ ယင်းအတွေ့အကြုံက ရိုးရာလက်မှုပညာများသည် နိုင်ငံမတူသော်လည်း လူသားတို့၏ ဖန်တီးနိုင်စွမ်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဆက်စပ်ပေးထားသည့် ဘုံတန်ဖိုးတစ်ခုဖြစ်ကြောင်း ပိုမိုနားလည်စေခဲ့သည်။

ရိုးရိုးမြေသားတစ်စကို လက်ရာမြောက်သော အနုပညာပစ္စည်းအဖြစ် ပြောင်းလဲနိုင်ရန် ခေတ်အဆက်ဆက် လက်မှုပညာရှင်များက စိုက်ထုတ်ခဲ့သည့် ကြိုးပမ်းအားထုတ်မှုများကို လေ့လာရချိန်တွင်လည်း အံ့အားသင့်လေးစားမိခဲ့ရသည်။

ရှေးဟောင်းခေတ်မှ ခေတ်ပြိုင်ကာလအထိ ဖန်တီးထားသည့် မြေအိုးလက်ရာများကို ကြည့်ရှုရင်း နီရှင်းမြေအိုးသည် အသုံးအဆောင်ပစ္စည်းတစ်ခုသာမက တရုတ်ပြည်၏ ယဉ်ကျေးမှုအမွေအနှစ်၊ အနုပညာနှင့် လက်မှုပညာသမိုင်းကို ကိုယ်စားပြုနေသည့် တန်ဖိုးကြီးအမွေအနှစ်တစ်ခုဖြစ်ကြောင်း ပိုမိုသဘောပေါက်စေခဲ့သည်။

ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းများ ပေါင်းစပ်ဖွံ့ဖြိုးနေသည့် ချင်ကျိုး နီရှင်းမြေအိုးပြတိုက်သည် တရုတ်ရိုးရာမြေအိုးအနုပညာ၏ ထူးခြားမှုများကို ကိုယ်တိုင်ထိတွေ့ခံစားနိုင်သည့် အမှတ်တရကောင်းများ ပေးစွမ်းနေသည့် ယဉ်ကျေးမှုလေ့လာရေးနေရာတစ်ခုဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီး ပုံးတတ်ရိုးမှရေလျှံပြီး ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေကျော်၍လမ်းပိတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဉတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းနယ်မြေမီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများသွား လာရလွယ်ကူစေရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071