တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့်(၉၉)နှစ်မြောက်အခမ်းအနားကို ဇူလိုင် ၂၁ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ကျင်းပရာ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့်ဇနီး တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြန်မာနိုင်ငံတော်သီချင်း၊ တရုတ်နိုင်ငံတော်သီချင်းတို့ဖြင့်ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံဆိုင် ရာ တရုတ်စစ်သံမှူး Senior Colonel Qu Zhe က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် ကြီး၊ တရုတ်စစ်သံမှူးနှင့်ဇနီးတို့က တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်တည်ထောင်သည့်(၉၉)နှစ်မြောက်အထိမ်းအမှတ်ကိတ်မုန့်ကိုလှီးဖြတ်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးနှင့် တရုတ်စစ်သံမှူးတို့က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။
