နှစ်နိုင်ငံပြည်သူများအတွက် မြင်သာထင်သာသောအကျိုးကျေးဇူးများဖြစ်ထွန်းစေ
မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ (၂၃၀)ရာခိုင်နှုန်းတိုးတက်ခဲ့ကာ နှစ်နိုင်ငံပြည်သူများအတွက် မြင်သာထင်သာသောအကျိုးကျေးဇူးများဖြစ် ထွန်းစေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအ မတ်ကြီးမှ ယနေ့ ဖေဖော်ဝါရီ ၁၄ ရက်ညနေပိုင်းက ရန်ကုန်မြို့၌ကျင်းပသည့် ၂၀၂၆ ခုနှစ်(မြင်းနှစ်)တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်သည် တရုတ်-မြန်မာဆက်ဆံရေးအတွက် အရေးပါသည့်နှစ်တစ်နှစ်ဖြစ်ခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးသည် ထိပ်သီးခေါင်းဆောင်များ၏ လမ်းညွှန်မှုအောက်တွင် အဆင့်သစ်တစ်ခုသို့တက်လှမ်းခဲ့ကာ တ ရုတ်-မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် တိုး တက်မှုအသစ်များရရှိခဲ့သည်ဟု ပြောသည်။
” နှစ်နိုင်ငံကုန်သွယ်မှုပမာဏက (၁၉)ရာခိုင်နှုန်းတိုး တက်ခဲ့ပါတယ်။ အဲဒီလိုဘဲ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုကလည်း (၂၃၀)ရာခိုင်နှုန်းတိုး တက်ခဲ့တာဟာ နှစ်နိုင်ငံပြည်သူတွေအတွက် မြင်သာထင်သာတဲ့ အကျိုးကျေးဇူးတွေဖြစ်ထွန်းစေခဲ့ပါတယ်။ အရင်နှစ်က မြန်မာနိုင်ငံကိုလာတဲ့ တရုတ်ခရီးသွားဧည့် သည်(၂၅၀,၀၀၀)ကျော်ရှိခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ အကြီးဆုံးခရီးသွားအရင်းအမြစ်နိုင်ငံအဖြစ် ဆက် လက်တည်ရှိခဲ့ပါတယ်”ဟု တရုတ်နိုင်ငံသံအမတ်ကြီးက ပြောသည်။
ထို့ပြင် ယခုနှစ်အတွင်း နှစ်နိုင်ငံ၏ “ပေါက်ဖော်ချစ် ကြည်ရေး”ဆက်ဆံရေးသည် ပိုမိုမြင့်မားလာခဲ့ပြီး မန္တ လေးငလျင်ကြီးလှုပ်ခတ်အပြီးတွင် အသက်ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ခြင်းများသည် ကြီးမားသောမေ တ္တာတရားဖြင့် တရုတ်-မြန်မာ ချစ်ကြည်ရေးကိုဖော်ပြခဲ့ခြင်းဖြစ်ကာ တရုတ်အစိုးရ၊ မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားအသိုင်းအဝိုင်း၊ မြန်မာပြည်ဖွား တရုတ်လူငယ် စေတနာ့ဝန်ထမ်းများ၏ ကူညီထောက်ပံ့မှုများသည် အ ရေးကြီးသောအခန်းကဏ္ဍမှပါဝင်ခဲ့သည်ဟု ပြော သည်။
ထိုသို့ တစ်ဦးဒုက္ခရောက်လျှင် အားလုံးဝိုင်းဝန်းကူညီခြင်းသည် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားခြင်းနှင့် တရုတ်-မြန်မာ အေးအတူပူအမျှကံကြမ္မာတူအ သိုက်အဝန်း၏ စည်းလုံးညီညွတ်သောစိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်းထင်ဟပ်စေသည်ဟု တရုတ်နိုင်ငံသံအမတ်ကြီးက ပြောကြားခဲ့သည်။
