တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General H.E. Mr. Nurlan Yermekbayev နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် SCO အဖွဲ့အစည်းကြားပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးရန် ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာသံအမတ်ကြီးသည် ဇန်နဝါရီ ၂၆ ရက်က တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mr. Jaime A. FlorCruz၊ ဇန်နဝါရီ ၂၉ ရက်က တရုတ်နိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Ri Ryong Nam၊ ဇန်နဝါရီ ၃၀ ရက်က တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Djauhari Oratmangun နှင့် တရုတ်နိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Mr. Pham Thanh Binh တို့အား သီးခြားစီတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံပြီးနောက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ ၊ ဒေသတွင်းဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

