Tuesday, August 4, 2026

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...
HomeInternationalတရုတ်ကုန်ပစ္စည်းများ လှိမ့်ဝင်လာမည့်အရေး ထိုင်း...

တရုတ်ကုန်ပစ္စည်းများ လှိမ့်ဝင်လာမည့်အရေး ထိုင်း ပြင်ဆင်ထားရမည်

တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် အမေရိကန်ပြည်ထောင်စုက အခွန်စည်းကြပ်မှုအသစ် ချမှတ်လိုက်ပြီးနောက် ဈေးပေါသော ကုန်စည်များလှိမ့်ဝင်လာနိုင်သည့်အခြေအနေတွင် အစိုးရအနေဖြင့် ပြည်တွင်းထုတ်လုပ်သူများကို အကာအကွယ်ပေးမည့် အစီအမံများကို အရှိန်မြှင့်လုပ်ဆောင်ရန် ထိုင်းကုမ္ပဏီများက အလိုရှိနေကြသည်။

အကယ်၍ ဝန်ကြီးချုပ် ပေတုံတန်အစိုးရက ယင်းသို့ဆောင်ရွက်ရန် ပျက်ကွက်ခဲ့မည်ဆိုလျှင် ဈေးပေါသော သွင်းကုန်များကြောင့် ပြင်းထန်စွာ ထိခိုက်လာမည့် စက်မှုလုပ်ငန်းအရေအတွက်သည် ယမန်နှစ်တွင် ၂၃ ခုရှိခဲ့ရာမှ ၃၀ အထိ တိုးလာနိုင်သည်ဟု ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် ဥက္ကဌ Kriengkrai Thiennukul က ဗုဒ္ဓဟူးနေ့က ဘန်ကောက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သွင်းကုန်များ စီးဝင်မှုဒဏ်ကို ခံနေခဲ့ရသော လုပ်ငန်းများမှာ စတီးလ်၊ ပလပ်စတစ်၊ လျှပ်စစ်ပစ္စည်းများနှင့် အဝတ်အထည်များဖြစ်သည်ဟု ၎င်းက ဆိုသည်။

အမေရိကသို့ ထုတ်ကုန်များ မတင်ပို့နိုင်တော့သည့် တရုတ်ပို့ကုန်လုပ်ငန်းရှင်များသည် အိမ်နီးချင်းနိုင်ငံများဆီ ကုန်ပစ္စည်းများ ဒလဟောလှိမ့်သွင်းလာကြမည်ကို စိုးရိမ်လာစဉ် အကာအကွယ်ပေးရေး အစီအမံများ ကို တိုးမြှင့်ဆောင်ရွက်ရန် မေတ္တာရပ်ခံလာခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က အမေရိကနှင့် ကုန်သွယ်ရာတွင် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၃၅ ဘီလျံရှိခဲ့သည့်အတွက် ထိုင်းပို့ကုန်များအပေါ် အခွန်တိုးမြှင့်စည်းကြပ်လာနိုင်သည့် အရေးကိုလည်း ထိုင်းအာဏာပိုင်များက ပြင်ဆင်နေရသည်။   
       
ဈေးပေါသော ထုတ်ကုန်များ ကို အဆက်မပြတ်တင်သွင်းခြင်းသည် ထိုင်းနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍကို ပိုမိုထိခိုက်လာရန် ခြိမ်းခြောက်နေပြီး စက်ရုံများတွင် ပျှမ်းမျှစွမ်းဆောင်ရည်အသုံးချနိုင်မှုမှာ ၅၆ ရာခိုင်နှုန်းခန့် ကျဆင်းနေခဲ့သည်။ ဝယ်လိုအားကျဆင်းနေသဖြင့် မော်တော်ကားရောင်းချရမှု ကျဆင်းနေပြီး ထိုင်းနိုင်ငံ၏ စက်ရုံထွက်ကုန်သည် ဒီဇင်ဘာလတွင် ၅ လဆက်တိုက် ကျဆင်းခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆ ရက်တွင် ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို တရားဝင် ခရီးစဉ် လာရောက်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံအစိုးရ ပြည်သူ့ဆက်ဆံရေးဌာနက ကြေညာလိုက်ပါတယ်။ ဒီခရီးစဉ်ဟာ ဦးမင်းအောင်လှိုင် သမ္မတ ရာထူးတာဝန်ယူပြီးနောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံး တရားဝင်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံကြား နီးကပ်တဲ့ အိမ်နီးချင်း ဆက်ဆံရေးကို ဖော်ပြနေတဲ့အပြင် လုံခြုံရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေနဲ့...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071