မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီမှ E-LIGHT ” မြစ်တစ်စင်း၏ စေတနာ၊ ကမ်းနှစ်ဖက်၏ ရုပ်ပုံလွှာ ” တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်က မန္တလေးရုံးချုပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ပွဲ၌ လေ့လာရေးခရီးစဥ်ထည့်သွင်းခဲ့ပြီး Beautiful China (လှပသောတရုတ်နိုင်ငံ) မှတ်တမ်းရုပ်ရှင်နှင့် တရုတ်ဟာသ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဖြစ်သည့် Moon Man (လပေါ်မှာ တစ်ယောက်တည်း) မြန်မာစာတန်းထိုးရုပ်ရှင်ဇာတ်ကားတို့ကိုလည်း ပြသခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာနှင့်တရုတ်နှစ်နိုင်ငံ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသောအောင်မြင်မှုဖြစ်ပြီး ကုမ္ပဏီအနေဖြင့် ပိုက်လိုင်းတစ်လျှောက်မှစစ်မှန်သော ဇာတ်လမ်းများ၊ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအတွေ့အကြုံများနှင့် လူမှုရေးရာနွေးထွေးမှုများကို အခြေခံကာ “E-Light (စွမ်းအင်အလင်း)” သည် ပထဝီဝင်နယ်နမိတ်နှင့် ယဉ်ကျေးမှုကွဲပြားမှုများကိုဖြတ်ကျော်ပြီး အတူတကွပူးပေါင်းအောင်မြင်သောအနာဂတ်ကို ထွန်းလင်းစေပြီး ကမ္ဘာက တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုမှပေါ်ထွက်လာသော တောက်ပသောလမ်းကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း၊ ချစ်ကြည်ရင်းနှီးမှုလမ်းကြောင်းတို့ကို မြင်တွေ့စေလိုသည်ဟု မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာဝမ်ချန်က ပြောကြားခဲ့သည်။ ထို့အတူ တက်ရောက်လာကြသူများမှ ကုမ္ပဏီ၏ မန္တလေးဌာနချုပ်ရှိ အော်ပရေးရှင်းစင်တာ၊ ပိုးလမ်းမစာကြည့်တိုက်၊ ထိန်းချုပ်ရေးစင်တာနှင့် ကော်ပိုရိတ်ယဉ်ကျေးမှုပြခန်းတို့ကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ တရုတ်-မြန်မာ ယဥ်ကျေးမှုဖလှယ်ပွဲသည် ရုပ်ရှင်ကိုကြားခံအဖြစ်၊ ယဉ်ကျေးမှုကိုတံတားအဖြစ်အသုံးပြုခဲ့ခြင်းဖြစ်၍ တရုတ်-မြန်မာဝန်ထမ်းများအပြင် ဒေသခံများကြား အပြန်အလှန်ယဉ်ကျေးမှု၊ နားလည်မှုနှင့် လက်ခံမှုတို့တိုးပွားခဲ့ကြောင်း သိရသည်။
