Tuesday, December 16, 2025

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍...

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို...

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကောင်းမွန်

ကွယ်လွန်ပြီဟုပြောဆိုနေခြင်းမှာ သတင်းမှားသာဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်လျက်ရှိပြီး ၎င်း၏ သားဖြစ်သူ ကင်မ်အဲရစ်မှ ထောင်ထဲတွင် ကွယ်လွန်ပြီးဖြစ်နိုင်သည်ဟု ပြောဆိုနေခြင်းမှာသတင်းမှားသာဖြစ်သည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က...
HomeInternationalတရုတ်-နီပေါနယ်စပ်ရေကြီး၊ လူတစ်ဦး‌ေ-သ ကာဒါဇင်နှင့်ချီ၍ပျောက်ဆုံး     

တရုတ်-နီပေါနယ်စပ်ရေကြီး၊ လူတစ်ဦး‌ေ-သ ကာဒါဇင်နှင့်ချီ၍ပျောက်ဆုံး     

  
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံကြားရှိ ဟိမဝန္တာတောင်ကြားဒေသတွင် အင်္ဂါနေ့က ရေကြီးပြီး လူတစ်ဦးထက်မနည်း ‌ေ-သဆုံးကာ ၂၈ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု တာဝန်ရှိသူများနှင့် နိုင်ငံပိုင်မီဒီယာများက ပြောကြားခဲ့သည်။
          ရေလုံးကြီးများကြောင့် Bhotekoshi မြစ်ကိုဖြတ်၍ နီပေါနှင့်တရုတ်နိုင်ငံကို ဆက်သွယ်ပေးထားသည့် အဓိကတံတားများထဲမှ တစ်စင်းသည် မျောပါသွားခဲ့သည်။
          
ဇွန်လမှ စက်တင်ဘာလအတွင်း မိုးရာသီကာလတွင် တောင်အာရှနိုင်ငံတစ်ဝန်း၌ လူအသေအပျောက်ရှိသော ရေကြီး၊ မြေပြိုမှုဖြစ်စဉ်များသည် ဖြစ်လေ့ဖြစ်ထဟုဆိုနိုင်သော်လည်း ရာသီဥတုပြောင်းလဲလာမှုသည် ယင်းဖြစ်စဉ်များကို ပိုမိုဆိုးဝါးပြင်းထန်စေသည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။
         
နီပေါနိုင်ငံတွင် လူတစ်ဦး‌ေ-သဆုံးခဲ့ပြီး နီပေါနိုင်ငံသား ၁၁ ဦးနှင့် တရုတ်နိုင်ငံသား ၆ ဦး စုစုပေါင်း ၁၇ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု နီပေါ နိုင်ငံတော် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။
         
အင်္ဂါနေ့ အရုဏ်တက်ချိန်ဝန်းကျင်တွင် နယ်စပ်ဧရိယာ၌ ရွှံ့မြေပြိုခဲ့ပြီး တရုတ်နိုင်ငံဘက်ခြမ်းတွင် လူ ၁၁ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက သတင်းဖော်ပြခဲ့သည်။
        
၎င်းတို့သည် နီပေါဘက်ခြမ်းတွင် မျောပါပျောက်ဆုံးသွားခဲ့သည်ဆိုသော တရုတ်ဆောက်လုပ်ရေးလုပ်သား ခြောက်ဦးအပြင်ဖြစ်သည်ဟု စီစီတီဗီက ဆိုခဲ့သည်။
          
ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာမြေ၏ ရေသံသရာကို ပို၍ မှန်းဆရမရလောက်အောင်ဖြစ်လာကာ ပိုမိုပြင်းထန်လာသော ရေကြီးမှုနှင့် မိုးခေါင်မှုများသည် ကပ်ဘေးဆိုး၏ အချက်ပြဖြစ်သည်ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့မိုးလေဝသအဖွဲ့က ယမန်နှစ်တွင် ပြောကြားခဲ့သည်။

Ref: သည်မနီလာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု ထရမ့် ပြောကြား

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ အလျှော့အတင်းပြုလုပ်မည့် အလားအလာနှင့် သက်ဆိုင်ခြင်း ရှိမရှိ မေးမြန်းသောအခါ သူက - "အမှန်အတိုင်း ပြောရရင် သူတို့က နယ်မြေကို ဆုံးရှုံးပြီးသားပါပဲ။ ဆိုလိုတာက နယ်မြေဟာ ဆုံးရှုံးပြီးသားပါ" ဟု ပြောခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့က ဥရောပနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဥရောပက အဲဒီထဲမှာ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ စစ်ပွဲ ထပ်မဖြစ်အောင်...

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍ ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာတပ်ဆင်လျက်ရှိပြီး တပ်ဆင်ချိန်(၁၂)ရက်ခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က နိုင်ငံတော် ယာယီသမ္မတလှူဒါန်းထားသော တံတားအကျယ်(၁၂)ပေ (၈)လက်မ၊ အရှည် (၁၀၀)ပေရှိ ယာယီဘေလီသံပေါင်တံတားကို တပ်ဆင်နေခြင်းဖြစ်ကာ ဘုရားပွဲတော်ကျင်းပစဉ်ကာလတစ်လျောက်အသုံးပြုသွားမည်ကြောင်း သိရသည်။ မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ ရက်ပေါင်း(၈၆)ရက်ကြာ အစဉ်အလာမပျက်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး...

ထိုင်းက လာအိုသို့ လောင်စာဆီတင်ပို့မှုများကို ကန့်သတ်

လောင်စာဆီနှင့် လက်နက်များကို ကမ္ဘောဒီးယားသို့ လမ်းကြောင်းပြောင်းကာ ပို့ပေးနေကြောင်း ထောက်လှမ်းရေး သတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းစစ်တပ်သည် ချွန်းမက်နယ်စပ်ဂိတ်မှတဆင့် လာအိုသို့ လောင်စာဆီထုတ်ကုန်များနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းကိရိယာများအားလုံးတင်ပို့မှုကို ရပ်ဆိုင်းလိုက်သည်။ ကမ္ဘောဒီးယားတပ်များသည် ထိုင်းနယ်မြေအတွင်းရှိ အရပ်ဖက်ပစ်မှတ်များကို လက်နက်ကြီးများသုံးကာ တို-က်ခို-က်နေသဖြင့် လိုအပ်ချက်အရ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေဒမ် ဆူရာဆန့် ကွန်ဆရီက ပြောကြားခဲ့သည်။ ယင်းသို့ ရပ်ဆိုင်းမိန့်ထုတ်ရခြင်း၏ အဓိကအကြောင်းရင်းသည် လာအိုမှတဆင့် တင်ပို့လိုက်သော လောင်စာဆီနှင့် ပစ္စည်းကိရိယာများကို စစ်ရေးကိစ္စရပ်များ အတွက်အသုံးပြုရန် ကမ္ဘောဒီးယားသို့ ပေးပို့နေကြောင်း ထောက်လှမ်းရေးသတင်းများက ဖေါ်ပြနေသောကြောင့်ဖြစ်ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071