Wednesday, December 17, 2025

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်)...

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း...

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊...

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက်...

ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေး ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်တို့ ဆွေးနွေး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ဆွေးနွေး (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို...
HomeInternationalတရုတ်-SCO ဆန်းသစ်တီထွင်မှုစင်တာက  ပထမဆုံး...

တရုတ်-SCO ဆန်းသစ်တီထွင်မှုစင်တာက  ပထမဆုံး ပူးတွဲ  ပါရဂူ သင်တန်းဖွင့်

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ​ဟေလိုဟျင်း ပြည်နယ်ရှိ ဟာပင်း နည်းပညာတက္ကသိုလ် (HIT) တွင် ဖွင့်လှစ်သည့်
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ပထမဆုံး ပူးတွဲပါရဂူဘွဲ့သင်တန်းဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ အဖွဲ့ဝင်နိုင်ငံများမှ ပထမဆုံး ပူးတွဲပါရဂူဘွဲ့ သင်တန်းသူ၊ သင်တန်းသား မောင်မယ်သစ်လွင် ၁၂၀ ကို ကြိုဆိုခဲ့သည်။

ကျောင်းသားများမှာ HIT၊ ပေကျင်းတက္ကသိုလ်နှင့် တရုတ်နိုင်ငံရှိ Tsinghua တက္ကသိုလ်၊ ရုရှားနိုင်ငံရှိ စိန့်ပီတာစဘတ်ပြည်နယ်တက္ကသိုလ်၊ Kyrgyz State Technical University နှင့် Belarusian National Technical University တို့အပါအဝင် SCO အဖွဲ့ဝင်နိုင်ငံများရှိ ထိပ်တန်းတက္ကသိုလ်များမှ ကျောင်းသားများပါဝင်သည်။

China-SCO Doctoral Training Innovation Center သည် ပါရမီရှင်သင်တန်းသားများကို ပညာရပ်မျိုးစုံ၊ နိုင်ငံပေါင်းစုံ သုတေသနစွမ်းရည်များဖြင့် အရည်အချင်းများကို ပြုစုပျိုးထောင်ပေးရန်နှင့် SCO အဖွဲ့ဝင်နိုင်ငံများ၏ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ထားသည်။

SCO ၏ ဒုတိယအတွင်းရေးမှူးချုပ် Batir Tursunov က” စင်တာသည် ပညာရေးပေါင်းစည်းမှု မှတ်တိုင်တစ်ခု၊ ပါရမီရှင်များကို ပျိုးထောင်ပေးမှုကိုမြှင့်တင်ရေး၊ စက်မှုလုပ်ငန်း၊ ပညာရပ်ဆိုင်ရာနှင့် သုတေသနလုပ်ငန်းများကို ပိုမိုနက်ရှိုင်းစွာ ပေါင်းစပ်ပါဝင်လာစေရေးနှင့် နိုင်ငံအဆင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ မဟာဗျူဟာများကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ” ပြောကြားခဲ့သည်။

“စင်တာသည်SCO မူဘောင်အောက်တွင် သိပ္ပံနှင့် ပညာရေး ပူးပေါင်းဆောင်ရွက်မှုတွင် အသစ်သော တွန်းအားများ အားဖြည့်သွားမည်” ဟုလည်း သူက ပြောကြားခဲ့သည်။

HIT ပါတီ အတွင်းရေးမှုး ချန်ဂျီ ကလည်း “AI၊ စွမ်းအင်နှင့် ဒစ်ဂျစ်တယ်စီးပွားရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆန်းသစ်တီထွင်မှုကို အဓိကထားလုပ်ဆောင်မည်။ သိပ္ပံ၊ နည်းပညာ နှင့် သမ်ိုင်း၊ ဒဿနိက၊ ဘာသာစကား၊ စာပေ၊ ဘာသာရေး စသော   လူသားများ နှင့် ပတ်သက်သော ဘာသာရပ်များတွင် ဉာဏ်ရည်မြင့်မားသော၊ ကမ္ဘာနှင့် ချီ၍ စဉ်းစားတတ်သော ပညာရပ်နယ်ပယ်ပေါင်းစုံမှ လူငယ်များကို ​ပေါင်းစည်း​ပေးရန် ရည်ရွယ်ထားကြောင်း” ပြောကြားခဲ့သည်။

Source: ရှင်းဟွာ
Photo- HIT တွင် ၂၀၂၅ စာသင်နှစ်အတွက်​မောင်မယ်သစ်လွင်ကြိုဆိုခဲ့ပုံများ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာကာသပြတိုက် (ရန်ကုန်) ဖွင့်လှစ်ချိန် တိုးမြှင့်

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်ထားသည့် အာကာသပြတိုက်(ရန်ကုန်)သို့ လာရောက် ကြည့်ရှုလေ့လာသူများပြားလွန်းသည့်အတွက် စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် အချိန်တိုးမြှင့်၍ ဖွင့်လှစ်လျက်ရှိကြောင်း အာကာသပြတိုက်(ရန်ကုန်) မှသိရသည်။ အာကာသပြတိုက် (ရန်ကုန်)ကို စတင်ဖွင့်လှစ်ချိန်မှာ အင်္ဂါနေ့မှ တနင်္ဂနွေနေ့အထိ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ လာရောက်လေ့လာသူ များပြားလာခြင်းကြောင့် ဒီဇင်ဘာလ ၁၃ ရက်မှစပြီး စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင်...

မြို့နယ် (၇၂) မြို့တွင် ရွေးကောက်ပွဲတတိယပိုင်း ကျင်းပမည်

ရွေးကောက်ပွဲတတိယပိုင်းကို မြို့နယ် (၇၂) မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခြင်း ဖြစ်သည်။ ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် (ဒီဇင်ဘာ၁၆ရက်) က တွေ့ဆုံရာ၌ ထိုကဲ့သို့ပြောကြားခြင်း ဖြစ်သည်။ ထိုနည်းတူ ကြားဖြတ်ရွေးကောက်ပွဲအဖြစ် ကျန်ရှိမည့် မြို့နယ်၅၆မြို့နယ်ကိုလည်း အတတ်နိုင်ဆုံး ရွေးကောက်ပွဲ ပြုလုပ်ပေးရန် စီစဉ်ရည်ရွယ်ထားသည်ဟုလည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။ လက်ရှိ၌ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကို ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက်၌ စတင်ပြုလုပ်တော့မည် ဖြစ်သည်။

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် အခွန်အယူခံခုံအဖွဲ့ဥပ‌ဒေကို ပြင်ဆင်လိုခြင်းဖြစ်

အခွန်အယူခံမှုများကို လက်ခံ၊ ကြားနာ၊ စစ်ဆေး၊ ဆုံးဖြတ်ရာတွင် ရှင်းလင်းပြီး ပြည့်စုံသောအချက်အလက်များ ပါဝင်နိုင်စေရန် နိုင်ငံတော်နှင့်အခွန်ထမ်းများအတွက် တရားမျှတသော အခွန်အယူခံမှုဆိုင်ရာ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်အတွက် အခွန်အယူခံခုံအဖွဲ့ဥပ‌ဒေကို ပြင်ဆင်လိုခြင်းဖြစ်ကြောင်း အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောသည်။ အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကျင်းပခဲ့စဉ် အခွန်အယူခံခုံအဖွဲဥက္ကဋ္ဌ ဦးမြင့်ဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အခွန်အယူခံခုံအဖွဲ့ဥပဒေကို လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေး ပြင်ဆင်သည့် အချက်များသည် အခွန်အယူခံဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာ၌ အမှန်တကယ်လိုအပ်သောအချက်များဖြစ်ပြီး နိုင်ငံတော်၏အခွန်ဆိုင်ရာမူဝါဒကို အထောက်အကူပြုနိုင်ရန်အလိုငှာ ပြင်ဆင်ပြဋ္ဌာန်းသင့်သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071