Tuesday, December 16, 2025

နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်မီးပြန်လည်ရရှိ

အကြမ်းဖက်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုများကြောင့်  မန္တ လေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများထိခိုက်ပျက်စီးခဲ့ပြီး လျှပ် စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးပြီးနောက် ၂၃၀...

ရန်ကုန်လေဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးမီးလောင်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်လေ ဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးတွင် ယနေ့ ဒီဇင်ဘာ ၁၆ ရက်နံနက် ၄ နာရီကျော်ခန့်က...

မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်း မွန်သောနယ်ပယ်များပေါ်ထွန်းလာမည့် အခြေအနေ...

မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်း မွန်သောနယ်ပယ်များပေါ်ထွန်းလာမည့် အခြေအနေ များကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် မြန်မာနိုင်ငံဆိုင် ရာ အိန္ဒိယသံအမတ်ကြီး...

အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းရာ၌ အဆင်ပြေချောမွေ့စေရေးဆွေးနွေး

အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ-တရုတ်-ထိုင်း နိုင်ငံတို့မှတာဝန်ရှိသူများ ယနေ့ ဒီဇင်ဘာ ၁၅ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် မြဝတီမြို့ရှိ...
HomeNewsLocal Newsတပ်မ​တော်မိသားစုများ ဝါဆိုသင်္ကန်းလှူဒါန်း

တပ်မ​တော်မိသားစုများ ဝါဆိုသင်္ကန်းလှူဒါန်း

၂၀၂၃ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအားဒုတိယဝါဆိုလဆန်း ၉ရက် (ဇူလိုင် ၂၆ ရက်)နံနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အနော်ရထာခန်းမ၌ကျင်းပခဲ့သည်။

နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့အကျိုးတော်ဆောင် ရန်ကုန်တိုင်းယသန်လျင်မြို့မင်းကျောင်းပထမပြန်စာသင်တိုက်၊ ပဓာန နာယကအဂ္ဂမဟာ ပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ ဆရာတော်ကြီးအမှူးပြုသည့် ဥပ္ပါတသန္တိစေတီကြီး၏ ဩဝါဒါ စရိယဆရာ တော်ကြီးများအပါအဝင် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူခဲ့ကြသည်။

အခမ်းအနားသို့ နစက ဥက္ကဋ္ဌနှင့်ဇနီး၊ နစက ဒု-ဥ က္ကဋ္ဌနှင့်ဇနီး၊ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးနှင့်ဇနီးတို့အပါအဝင် တပ်မတော်အရာရှိကြီးများတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

အခမ်းအနားတွင် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ နစက ဥက္ကဋ္ဌနှင့်တက်ရောက်လာကြသူများက ကိုးပါးသီလခံယူဆောက်တည်ကာ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားတော်မူခဲ့ကြသည်။

ထို့နောက် ဆရာတော်ကြီးများထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကိုအသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ကျောက်မဲမြို့၊သီဟိုဠ် ပရိယတ္တိစာသင်တိုက်၊ပဓာနနာယကဆရာတော်ကြီးက အနုမောဒနာတရား​ဟောကြားပေးပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်မီးပြန်လည်ရရှိ

အကြမ်းဖက်အဖွဲ့ဝင်များ၏ ဖျက်ဆီးမှုများကြောင့်  မန္တ လေးတိုင်း၊ နွားထိုးကြီးမြို့နယ်၌ လျှပ်စစ်ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများထိခိုက်ပျက်စီးခဲ့ပြီး လျှပ် စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးပြီးနောက် ၂၃၀ ကေဗွီ မြင်းခြံ(သံမ ဏိ)-သပြေဝဓာတ်အားလိုင်းနှင့် ၁၃၂ ကေဗွီ သာစည်- မြင်းခြံ ဓာတ်အားလိုင်းတို့အား လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ အင်ဂျင်နီယာများ ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက စစ် ဆေးပြုပြင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင်ပြီး စီးခဲ့ကြောင်း သိရသည်။ ထို့အတူ ၁၃၂ ကေဗွီ မြင်းခြံပင်မဓာတ်အားခွဲရုံမှ နွားထိုးကြီးမြို့သို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ ကေဗွီ...

ရန်ကုန်လေဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးမီးလောင်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်လေ ဆိပ်အဝင် Y တံတားအနီးရှိ တိုက်တစ်လုံးတွင် ယနေ့ ဒီဇင်ဘာ ၁၆ ရက်နံနက် ၄ နာရီကျော်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ မြောက်ဉက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ ရန်ကုန်လေဆိပ်အဝင်လမ်းဖြစ်သည့် Y တံတားအနီးရှိ တိုက်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ မြောက်ဉက္ကလာပမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ရန်ကုန်နာ ရေးကူညီမှုအသင်းဝင်များက ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် နံနက် ၄ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်း မွန်သောနယ်ပယ်များပေါ်ထွန်းလာမည့် အခြေအနေ များကိုဆွေးနွေး

မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်း မွန်သောနယ်ပယ်များပေါ်ထွန်းလာမည့် အခြေအနေ များကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် မြန်မာနိုင်ငံဆိုင် ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Abhay Thakur တို့ ယနေ့ ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံ၌ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးပါက ပိုမိုကောင်းမွန်သောနယ်ပယ်များပေါ် ထွန်းလာမည့်အခြေအနေများ၊ မြန်မာနိုင်ငံသည် ငြိမ်း ချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ကို စတင်ချ မှတ်သည့်(၃)နိုင်ငံတွင်အပါအဝင်ဖြစ်ပြီး လက်ရှိအချိန်အထိ ၎င်းမူများအတိုင်း ခိုင်မာစွာလိုက်နာဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071