Wednesday, January 7, 2026

‎Myanmar Women League 2025-2026...

ဆီးဂိမ်းပြိုင်ပွဲများအပြီး ပြန်လည်စတင်ခဲ့သည့် ‎Myanmar Women League 2025-2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-12 ပွဲစဉ်များအပြီးတွင် ISPE အသင်းမှာ ရမှတ် (၂၅)...

စားသုံးသူ ကာကွယ်ရေးအတွက် ဈေးကွက်အတွင်း စောင့်ကြည့်မည်...

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ စီးပွားရေးလုပ်ငန်းရှင်များက တင်ပြလာသည့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော...

ရေနံစည်ပေါင်း၅၀သန်းအထိရမည့် အစီအစဉ်ကို ထရမ့်ပ်က ကြွားဝါ

ဇန်နဝါရီလ ၇ ဗင်နီဇွဲလားနိုင်ငံရှိ ပိ-တ်ဆို့အရေးယူခံထားရသော ရေနံစည်ပေါင်း ၃၀ သန်းမှ ၅၀ သန်းအကြားကို အမေရိကသို့ လွှဲပြောင်းပေးအပ်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့ပါသည်။ "ဒီရေနံတွေကို...

တရုတ် ရှင်ကျန်းတွင် ပြင်းအား ၅.၂...

ပေကျင်း၊ ဇန်နဝါရီ ၇ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်း အူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကာရှ်ဂါး ဒေသရှိ တာဂျစ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် တက်ရှ်ကော်ဂန်တွင် ပြင်းအား ၅.၂...
HomeNewsLocal Newsတပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံ ဆိပ်ရရှိသူများကို...

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံ ဆိပ်ရရှိသူများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ချီးမြှင့်အပ်နှင်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဇန်နဝါရီ ၄ ရက်မွန်းလွဲပိုင်းကကျင်းပသည့် တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတက်ရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တက်ရောက်ပြီးနောက် တပ်မတော်သည် ဆူကြုံ နိမ့်မြင့်ခရီးအသွယ်သွယ်တွင် စစ်ရေးတိုက်ပွဲများကို သာမက နိုင်ငံရေးတိုက်ပွဲများကိုလည်း မလွဲမသွေရင် ဆိုင်ဆင်နွှဲရင်း အမျိုးသားနိုင်ငံရေးဦးဆောင်မှုဟူသည့် ထူးခြားသည့်သမိုင်းမှတ်တိုင်တစ်ခုကိုပါ စိုက်ထူနိုင်ခဲ့ခြင်းမှာ သမိုင်းစဉ်များကချီးမြှင့်သည့် မိမိတို့တပ်မတော်၏ စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ဒြပ်တစ်ခုလည်း ဖြစ်သည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ယနေ့မျက်မှောက်ခေတ်ကာလတွင် တပ်မတော်သားများ၊ တပ်မတော်မိသားစုဝင်များအနေဖြင့် တပ်မတော်၏ဂုဏ်ဒြပ်ကို လေးစားတန်ဖိုးထားကြရမည့်အပြင် တန်ဖိုးကြီးမားသည့် လွတ်လပ်ရေးနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးတာဝန်၏ နက်ရှိုင်းကျယ်ပြန့်မှုကိုသိရှိပြီး ကျရာကိုယ်စီတာဝန်များကို ရဲရဲဝံ့ဝံ့ကျေပွန်စွာထမ်းဆောင်ကြရန် လေးလေးနက်နက်တိုက်တွန်းမှာကြားလိုသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ယခုကဲ့သို့ထိုက်တန်သည့် ဂုဏ်ပြုချီးမြှင့်ခြင်းများအပြင် တပ်မတော်မိသားစုဝင်များ၏ နောင်ရေးစိတ်အေးချမ်းသာစေရန်လိုအပ်သည်များကို စီမံဆောင်ရွက်ပေးလျက်ရှိပြီး စွန့်လွှတ်စွန့်စားသည့် စစ်သည်တော်ကောင်းများဖြစ်လာစေရေး နိုင်ငံတော်၊ တပ်မတော်အနေဖြင့် ဆောင်ရွက်ပေးသင့်သည်မှန်သမျှကို ဆက်လက်စီမံဆောင်ရွက်ပေးရန်အမြဲအသင့်ရှိသည်ဟုလည်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ သူရဲ ကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိသူ ဗိုလ်မှူးကြီး(၇)ဦး၊ ဒု-ဗိုလ်မှူးကြီး(၆)ဦး၊ ဗိုလ်မှူး(၁၄)ဦး၊ ဗိုလ်ကြီး(၄)ဦး၊ ဗိုလ်(၁)ဦး၊ ဒု-အရာခံဗိုလ်(၄)ဦး၊ အုပ်ခွဲတပ်ကြပ်ကြီး (၁)ဦး၊ တပ်ကြပ်ကြီး(၃)ဦး၊ တပ်ကြပ်(၅)ဦး၊ ဒု-တပ် ကြပ်(၆)ဦးတို့အား ဆုတံဆိပ်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မ တော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခံရသူများကို လက်ဖက်ရည်ဝိုင်းဖြင့်တည်ခင်း ဧည့်ခံပြီးနောက် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

‎Myanmar Women League 2025-2026 အမှတ်ပေး‌ဇယားထိပ်ဆုံးတွင် ရပ်တည်နေသည့် ISPE အသင်း ဒုတိယအဆင့်သို့ ကျဆင်း

ဆီးဂိမ်းပြိုင်ပွဲများအပြီး ပြန်လည်စတင်ခဲ့သည့် ‎Myanmar Women League 2025-2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ Week-12 ပွဲစဉ်များအပြီးတွင် ISPE အသင်းမှာ ရမှတ် (၂၅) မှတ်ဖြင့် ဒုတိယနေရာသို့ ကျဆင်းခဲ့သည်။ ယခင် Week-11 ပွဲစဉ်များအပြီးတွင် ရမှတ် (၂၅) မှတ်ဖြင့် အုပ်စုအဆင့် ထိပ်ဆုံးတွင် ရပ်တည်နေရာမှာ ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။ လက်ရှိ အုပ်စုအဆင့်ထိပ်ဆုံးနေရာသို့ ရမှတ် (၂၇) မှတ်ဖြင့် ဧရာဝတီအသင်းက ရပ်တည်နေပြီး ယခင်က ရမှတ် (၂၄) မှတ်ဖြင့် အုပ်စုဒုတိယနေရာတွင်ရပ် တည်နေသည့် အသင်းလည်းဖြစ်သည်။ ရန်ကုန်ယူနိုက်တက်အသင်းမှာ ရမှတ်...

စားသုံးသူ ကာကွယ်ရေးအတွက် ဈေးကွက်အတွင်း စောင့်ကြည့်မည် စစ်ဆေးရေးအရာရှိ ၅၆၀ ကျော်ခန့်ထား၊၂၀၂၅ ခုနှစ်အတွင်း စားသုံးသူတိုင်ကြားမှု စုစုပေါင်း (၂၈၅) မှု အနက် တိုင်ကြားမှု အများဆုံးမှာ ဆက်သွယ်ရေးဝန်ဆောင်မှု နှင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုများဖြစ်

ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ စစ်ဆေးရေးအရာရှိ ၅၆၆ ဦးကို ခန့်အပ်ထာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ စီးပွားရေးလုပ်ငန်းရှင်များက တင်ပြလာသည့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော ကုန်စည်များ၌ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိမရှိ၊ စားသုံးသူရေးရာဦးစီးဌာနက စိစစ်ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလထိ စားသုံးသူတိုင်ကြားမှု စုစုပေါင်း (၂၈၅) မှု အနက် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ပြီး တိုင်ကြားမှု အများဆုံးမှာ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုများဖြစ်သည်ကို တွေ့ရှိရကြောင်း သိရသည်။ ဈေးကွက်အတွင်းစောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စစ်ဆေးရေးအရာရှိ...

ရေနံစည်ပေါင်း၅၀သန်းအထိရမည့် အစီအစဉ်ကို ထရမ့်ပ်က ကြွားဝါ

ဇန်နဝါရီလ ၇ ဗင်နီဇွဲလားနိုင်ငံရှိ ပိ-တ်ဆို့အရေးယူခံထားရသော ရေနံစည်ပေါင်း ၃၀ သန်းမှ ၅၀ သန်းအကြားကို အမေရိကသို့ လွှဲပြောင်းပေးအပ်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့ပါသည်။ "ဒီရေနံတွေကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းမှာပါ။ အဲဒီငွေတွေကို အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအနေနဲ့ ကျွန်ုပ်က ထိန်းချုပ်သွားမှာပါ။ ဒါကို ဗင်နီဇွဲလားပြည်သူတွေနဲ့ အမေရိကန်ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အသုံးပြုသွားမှာပါ" ဟု ထရမ့်ပ်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။ ၎င်းသည် အဆိုပါ အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ ဗင်နီဇွဲလားတာဝန်ရှိသူများဘက်ကလည်း ချက်ချင်းတုံ့ပြန်ပြောဆိုခြင်း မရှိသေးကြောင်းသိရသည်။ ဗင်နီဇွဲလား၏ ရေနံလုပ်ငန်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071